EP 2

720 71 9
                                    

(Unicode)

" ယွန်းဂီ ​ရော ..မင်ယွန်းဂီ ဘယ်​ရောက်​နေတာလဲအချစ်​ရေ"

စားပွဲခုံကိုမျက်နှာအပ်ပြီး မင်ယွန်းဂီ ဆိုတဲ့လူကိုလွမ်း​နေတဲ့
အူလီ ကိုမျက်နှာမဲ့ကြည့်​နေတဲ့ ဟယ်လင်း ကို​တွေ့​တော့
ထယ်​ယောင်း​​ ပျော်သွားကာသူ့သူငယ်ချင်းမနှစ်​ယောက်နားကို​ပြေးမိသွားမိလိုက်သည်။ ဆူလီဆိုတဲ့တစ်​ယောက်က​တော့ဘယ်​ရောက်​နေမှန်းကိုမသိ။

"ဟဲ့ နင်တို့ဘာလုပ်​နေတာလဲ"

"လွမ်း​နေတာ​လေ ငါရဲ့နှလုံးသား​အူကြူကြူး​လေးကိုလွမ်း​နေတာ"

မင်အူလီ ရဲ့စကား​ကို ထယ်​ယောင်းရီမိ​​​တော့ မျက်​စောင်းထိုးကြည့်လာတဲ့ ထိုဟာမကို ထယ်​ယောင်းနှာ​ခေါင်းကိုဆွဲညစ်လိုက်ပြီး

"နင့်အူကြူကြူးကဘယ်သူလဲ​ပြောစမ်းပါဦး"

ထယ်​ယောင်း အ​မေးကိုပြန်မ​ဖြေဘဲ​ကြေကွဲ​နေတဲ့ အူလီအစား ဟယ်လင်း ကပဲ

"အဲ့ဒါ မင်ယွန်းဂီ ဆိုတဲ့တစ်​ယောက်ကို​ပြော​နေတာ ဟိုက​​ချောလွန်းလို့ပါဟယ် ပြီး​တော့​ချေ​နေတာ အူလီ မကရူး​နေတာ​လေ ဟိုကပြန်မကြိုက်နိုင်တာသိရက်နဲ့ "

ဟယ်လင်း​ပြော​တော့ လက်ခလယ်​ထောင်ပြပြီး ပြန်လွမ်း​နေတဲ့ အူလီ ကိုမနိုင်ဘူးဆိုပြီးပစ်ထားလိုက်ပြီး

"​ဒါနဲ့ ဆူလီ​ရောဘယ်​​ရောက်​နေလဲ"

"​အော်သူကဟိုဘက်​ကျောင်းက နှာ​ခေါင်းကြီးကိုသွား​ချောင်းတယ်​လေ "

"နှာ​ခေါင်းကြီးကဘယ်သူလဲ"

"ဟိုဘက်​ကျောင်းတစ်​ယောက်​နောက်​တွေ့ရင်ပြမယ် နာမည်က​တော့ နှာ​ခေါင်းကြီးလို့ပဲမှတ်ထားလိုက်"

ဟယ်လင်း​ပြော​တာ​တွေကို နားမလည်ဘဲ ထယ်​ယောင်း တစ်​ယောက် အူ​ကြောင်​ကြောင်ဖြစ်​နေတုန်း အမြဲတည်​နေကာ တစ်​လောကလုံးသူ့လုပ်စာထိုင်စား​​နေတဲ့ရုပ်နဲ့ ဟယ်လင်း တစ်​ယောက် ချက်ချင်းချိုမြသွားကာ

"မင်္ဂလာပါ စီနီယာ ဂျီမင်း မနက်စာစားပြီးသွားပြီလား"

"ဟုတ်ကဲ့​စားပြီးသွားပြီ ဗျ"

Hugs and KissesWhere stories live. Discover now