EP 5

610 54 20
                                    

(Unicode)

မ​နေ့ကသူ့ကိုတင်းနစ်​ရိုက်တဲ့​နေရာ​ခေါ်သွားတဲ့​ဂျောင်ဂု​ကြောင့်သာ ထယ်​ယောင်း သူ့ကိုယ်သူတင်းနစ်ရိုက်တာ​တော်မှန်းသိ​တော့သည်။ ​အခုလည်းစာသင်ခန်းထဲမှာစိတ်မပါပျင်းရိ​နေတဲ့ ထယ်​ယောင်း သူ့ကိုအကျင့်ဖျက်တဲ့ ​ဂျောင်ဂု ကိုစိတ်ထဲက​နေမ​ကောင်း​ပြောမိသည်။ လူကပျင်းပါတယ်ဆို​မ​နေ့က​တော့လျှောက်​ခေါ်သွားပြီးဒီ​နေ့​တော့ ​ဂျောင်ဂု ဆိုတဲ့လူကအရိပ်​တောင်မမြင်ရ။

"ဒီ​နေ့​​တော့ဒီ​လောက်ပါပဲ"

ဆရာမထွက်သွား​​တော့ ထယ်​ယောင်းလည်း​နောက်တစ်ချိန်အတန်းမတက်ချင်​​​တော့တာ​ကြောင့် ကန်တင်းကိုသာထွက်လာလိုက်သည်။ ကန်တင်း​မှာမုန့်စားမလို့လုပ်​နေတုန်း မိန်းက​လေး​အများစုစီက​နေထွက်လာတဲ့​အော်သံ​တွေ ။ ထယ်​ယောင်း လည်းဘာကိစ္စနဲ့​အော်မှန်းမသိ​တော့​​ခေါင်း​မော့ကာကြည့်မိသည်။ ​အော်သံ​တွေရဲ့ဖြစ်တည်မှုလားရာက​တော့တစ်ခြားမဟုတ် သူ့အကို ကင်မ်​ဆော့ဂျင်းရယ် ယွန်းဂီ ​ဟျောင်း ရယ်
ဂျွန်​ဂျောင်ဂု ရယ် သုံး​ယောက်တူတူလမ်း​​လျှောက်လာခြင်းပင်။

ရုပ်အ​ချောဆုံးဖြစ်သလိုဇက်ဇက်ကြဲ ကင်မ်​ဆော့ဂျင်း နဲ့ မာနမင်းသား ယွန်းဂီ က​တော့ မျက်နှာတည်တည်​နေကာမင်းသား​တွေအလားလမ်း​လျှောက်လာပင်မယ့် လူ​ကောင်ထွားထွားဗလ​တွေနဲ့မျက်နှာပိုးမသက်သူ ဂျွန်​ဂျောင်ဂု က​တော့ ဂျူဆယ်နာ နဲ့ဆိုတဲ့​​ကျောင်းကနာမည်ကြီး ​​ကောင်မ​​လေးကို မျက်စိတစ်ဖက်မှိတ်ပြလိုက်​သေးသည်။ ဆယ်နာ့ ​​​ဘေးက​ကောင်မ​​​လေး​တွေက​တော့ အားကျသလို အသံ​တွေထွက်​နေပင်မယ့် ဆယ်နာ က​တော့ မနိုင်ဘူးဆိုတဲ့ပုံနဲ့​ခေါင်းတခါခါ။

ထိုမြင်ကွင်းကို​တွေ့လိုက်ရတဲ့ ထယ်​ယောင်း က​တော့​ ​ဂျောင်ဂု မျက်နှာကြီးကိုလက်သီးနဲ့သာပိတ်ထိုးလိုက်ချင်သည်။ မ​နေ့က သူ့ကို တင်းနစ်ရိုက်နည်းသင်​ပေးမယ်ဆိုတာ အတင်းရင်ခွင်ထဲသွင်းကာ လက်​တွေကိုအသားယူကာကိုင်ထားတဲ့ ​ဂျွန်​ဂျောင်ဂု ရဲ့အူမြူး​နေတဲ့မျက်နှာကြီးကို​​တွေးမြင်မိ​တော့အ​တွေး​တွေလွင့်ထွက်သွား​​အောင်​ခေါင်းကိုခါချလိုက်သည်။

Hugs and KissesWhere stories live. Discover now