EP 4

396 56 17
                                    

(Unicode)

အားကိုးရတဲ့သူငယ်ချင်းသုံး​ယောက်က ​မေဂျာခရီးထွက်သွား​တော့ ​ထယ်​ယောင်းမှာတစ်​နေ့တစ်​နေ့ပျင်းရိ​နေသည်။ထိုသုံး​ယောက်ကစိတ်ကြမ်းလူကြမ်းသ​လောက်အနုပညာ​မေဂျာတက်ပင်မယ့် ထယ်​ယောင်း က​တော့နိုင်ငံခြားကပြန်လာသူပီပီ engစာ​​မေဂျာယူလိုက်တာ​ကြောင့် သူ့သူငယ်ချင်းမသုံး​ယောက်နဲ့မတူခြင်းဖြစ်သည်။

"​ပေါင်မုန့်​လုံး​လေး​ ဘာစားပြီးပြီလည်း"

ကျစ်!!

ပါးစပ်ကလည်း​ပြောသူ့အ​ရှေ့မှာဝင်ထိုင်လိုက်တဲ့​
ဂျောင်ဂု ​ကြောင့် ထယ်​ယောင်း စိတ်ညစ်သွားသည်။​ဂျောင်ဂု လို​ကျောင်းကနာမည်ကြီးတစ်​ယောက် ဒီလိုလိုက်စနေတာ​ကြောင့် ​သူ့ကို​ကျောင်းမှာကြည့်မရ​တော့တဲ့သူ​တွေ​ကတ​နေ့ တ​နေ့ပိုပိုတိုးလာ​တော့သည်။ သူ့သူငယ်ချင်းမိန်းမဖိုက်တာ​သုံး​ယောက်အ​ရှေ့မှာမ​ပြောရဲပင်မယ့် သူတို့သုံး​ယောက်မရှိရင်​တော့ ထယ်​ယောင်း ကို ​စောင်း​မြောင်း​​ပြောတဲ့​သူ​တွေ​ကြောင့် ​ဂျောင်ဂုကို​တွေ့တာနဲ့ ​ရှောင်​သော်လည်းမရ ထိုလူကလည်းသူ့မှမစရရင်​သေသွားမလားဟူ၍​ပေါက်​ပေါက်ရှာရှာ​တွေးမိသည်။

"​အတန်းရှိလို့သွားလိုက်ပါဦးမယ် "

အ​မေးတစ်ခြားအ​ဖြေတစ်ခြား​ဖြစ်​နေတဲ့ ထယ်​ယောင်း အ​ဖြေကိုသ​ဘောမကျ​တော့​ ဂျောင်ဂု မျက်ခုံး​တို့စုကျုံ့လိုက်ရင်း
ထယ်ယောင်း လက်ကိုအားကြီးနဲ့ဆွဲကာ

"ငါနဲ့ခဏလိုက်ခဲ့ ကင်မ်ထယ်​ယောင်း"

​သူ​ခေါ်တာကို​ပေရပ်​နေကာတွန့်စုတ်တွန့်စုတ်လုပ်​နေတဲ့ ထယ်ယောင်းကို ​ဂျောင်ဂု တကယ်ကိုစိတ်မရှည်​တော့။

"ခဏလိုက်ခဲ့ထယ်​ယောင်း မင်းကိုဘယ်သူမှကိုက်မစားဘူး"

"ဟွန့် !"

​ဂျောင်ဂု အ​ပြောကိုဟွန့်ကခနဲလုပ်ကာ ထယ်​ယောင်း မျက်နှာ​လေးကဆူပုပ်သွား​တော့သည်။လူကို​ပေါင်မုန့်လုံး​​လေး​လို့ခေါ်တုန်းကခေါ် ပြီး အခုမှ ကင်မ်​ထယ်​ယောင်း​တို့ မင်းတို့​ခေါ်ပြ​နေတဲ့ ​ဂျောင်ဂု ကိုထယ်​ယောင်းအမြင်ပြင်းကပ်မိသည်။​ အမြင်ကပ်​နေရင်းပင် ​ပေါင်မုန့်လုံး​လေးက​​တော့ ​ဂျောင်ဂု ​ခေါ်ရာအ​နောက်ကိုပါသွား​တော့သည်။

Hugs and KissesWhere stories live. Discover now