(Unicode/Zawgyi)
ကျစ်!
တရားခံက ထပ်လွတ်သွားပြန်ပြီ။
" ဒါ ဘယ်သူ့ လက်ချက်လဲ !!! "
စာအိတ်ပြာပြာလေးကို ထောင်ပြကာ အတန်းထဲ ရောက်နှင့်နေသူများအား အော်ပြောလိုက်ခြင်းဖြစ်သည်။
နဂိုထဲက လူဆိုးလေးဖြစ်နေသည်မို့ သူ့၏ဟိန်းထွက်လာသော အသံကြောင့် အတန်းထဲသူအားလုံး လှုပ်ရှားမှုသာမက အသံပင် တိတ်ကျသွားသည်။ အပ်ကျသံပင် မကြားရနိုင်။"ဟဲ့ရောင် ဂျေး
အပြာရောင် စာပို့သမားလေးကို မမိပြန်ဘူးလား ဟားဟား""ငါ စိတ်မကြည်ဘူး ဟီဆွန်း "
စိတ်မကြည်တာမို့ တစ်ခွန်းသာဆိုရင်း ဂျေး သူထိုင်ခုံ၌ထိုင်ကာ စဥ်းစားခန်းဖွင့်ရသည်။ ဒါနဲ့ဆို ၂ လလောက်ရှိပြီ။
အပတ်တိုင်း သောကြာနေ့တိုင်း ရောက်လာတတ်သော စာအိတ်ပြာ။
လက်သည် မပေါ်သည်မှာ သူပဲ ညံ့၍လား ဒါမှမဟုတ် တစ်ဖက်လူက တော်လွန်းတာလား။ဒီနေ့ဆိုရင်လည်း ဒီစာအရှုပ်ထုပ်ရောက်လာမည်ဆိုတာကို သိ၍ ကျောင်းကို စောစောလာခြင်းဖြစ်သည်။ ဂိတ်စောင့် ဦလေးကြီး၏ အထူးအဆန်းမျက်လုံးတွေနဲ့ ကြည့်တာတောင် ခံလိုက်ရသေးသည်။
" အီဟီဆွန်း "
"အွန်း ပြောလေ "
နောက်ခုံတွင် ထိုင်သော သူငယ်ချင်းဖြစ်သူအား အကူညီရလေမလား လှည့်ကြည့်မိပါတယ် စာအုပ်နှင့် မျက်နှာ မခွာပဲနှင့်ပင် အဖြေပေးလာသူကြောင့် အကူညီရမှာ မဟုတ်မှန်း သိလိုက်သည်။
" ဘာမှ မဟုတ်တော့ဘူး "
အားပြတ်သလို သက်ပြင်းတစ်ချက်ချကာ အဖြေပြန်လိုက်တော့ ပုလင်းဖင်လောက်ရှိသည့် မျက်မှန်ဝိုင်းကြီးကို ပင့်ကာ စိုက်ကြည့်လာသည်။
"တကယ် ဘာမှမဟုတ်ဘူး
စာလုပ် စာလုပ် မုန့်ဝယ်ကျွေးမယ် "စာဂျပိုးတွေနားနေရင်ကို ခေါင်းတွေ ကိုက်လာတတ်လို့ သူ့နားက အမြန်ခွာမှဖြစ်မည်။
ကန်တင်းကို ဒိုးမယ်။
အ!
ကတောက်စ်!"မင်း! ရှေ့ကို ကြည့်မလျှောက်ဘူးလား"