#Unicode
ဟီဆွန်း စာကိုအာရုံမစိုက်နိုင်လောက်အောင် စိတ်အနှောင့်အယှက်တစ်ခုရှိနေလေသည်။ မနက်ကတည်းက ထူးဆန်းနေသောနှစ်ယောက်မှာ သူ့၏အကြီးမားဆုံး အနှောင့်အယှက်ပင်။
"မင်းတို့ ရန်ဖြစ်ထားတာလား"
"မဖြစ်ဘူး!!!"
သံပြိုင်ဖြေသံအကြား သူ့၏နားနှစ်ဖက်အား လျင်စွာအုပ်ကိုင်လိုက်မိသည်။
"ဒါဆို ဘာလို့ လေစိမ်းတွေတိုက်နေကြတာလဲ"
"ကျွန်တော် မတိုက်ဘူး"
အသံမာမာနှင့်ပင်မပြောဖူးသော ဆောနူလ်ဆီမှပြောလာခြင်းဖြစ်သည်။ ပြောပြီးပြီးချင်း ဂျေးအား စူးစိုက်ကြည့်ကာ တစ်ဖက်သို့ ပြန်လှည့်သွားပြန်သည်။
"ဒါဆို" ဟီဆွန်း ဂျေးအားကြည့်ကာ စကားဖော်လိုက်တော့
ဂျေးဆီမှ "ငါ မမှားဘူး" ဟူသော အသံနက်နက်က ဟီဆွန်းကျောပင် အေးစိမ့်နိုင်စွမ်းရှိသည်။
"မမေးတော့ဘူးကွာ မဖြစ်လည်း ပြီးကော"
ဟီဆွန်းရဲ့စကားအဆုံး ဆန့်ကျင်ဘက်သို့ကိုယ်စီပြန်လှည့်သွားကြသည်။ ဟီဆွန်းတတ်နိုင်သည်က သက်ပြင်းချနိုင်ရုံသာဖြစ်သည်။
ဖြစ်ပုံက ဒီလိုဖြစ်သည်။
ဆောလ်နူ မနက်ကျောင်းလာတော့ ကားပေါ်မှ ဆင်းဆင်းချင်းရှိသေး အနားသို့ပြေးလာသော နိကီတို့အဖွဲ့မှာ အမောတကော။
"အစ်ကို (ဟျောန်း) နောက်ကျလိုက်တာဗျာ ငါတို့ စောင့်နေတာကြာပြီ"
ဆောလ်နူ ကြောင်သွားရသည်။ နာရီကို ငုံ့ကြည့်လိုက်တော့လည်း သူလာနေကြအချိန်ထက်ပင် အနည်းငယ်စောနေသေးသည်။ အမှန်ဆို နိကီတို့လို ကျောင်းသားလူမိုက်လေးတို့က ဒီအချိန်ဆို အိပ်ကောင်းတုန်းပဲ ရှိသင့်တာမလား။ အထူးအဆန်း။
"မင်းတို့ အရမ်းစောနေတာ ထင်တယ် "
ဆောလ်နူပြောတော့ နိကီဘေးကကောင်လေးက ကော်လံစအားသေချာပြင်ဆင်လိုက်ရင်း ချောင်းတစ်ချက်ဟန့်ကာ "ဘယ်ကစောရမှာလဲ အစ်ကိုရ ငါတို့က မနက် ၆နာရီဆို ကျောင်းမှာလူစုပြီ ဒါငါတို့အဖွဲ့ရဲ့ စည်းကမ်းနံပါတ်တစ် ပဲ"