" မင်းတို့ ဒီစာပဲ လုပ်နေကြတော့မှာလား!!"
ခုံကို အရှိန်နဲ့ ထုလိုက်သဖြင့် ဆောနူလ်တို့နှစ်ယောက် ပြိုင်တူ ဂျေးကို မော့ကြည့်မိသည်။
"ကျောင်းကို စာလာသင်ပါတယ်ဆိုမှ စာမလုပ်လို့ ဘာလုပ်ရမှာလဲ"
"အွန်းလေ"
ဟီဆွန်း၏ အကျိုးသင့်အကြောင်းသင့် စကားကို ဆောနူလ်ပါ ဝင်ထောက်ခံလိုက်တော့ ဂျေး နည်းနည်း နင်သွားရသည်။
"ဒါ ..ဒါပေမယ့်လဲ"
"ဘာမှ ဒါပေမယ့်လုပ်မနေနဲ့တော့
လာ ဆောနူလ် ဒီအပိုဒ်ကို ပြန်ရှင်းကြမယ်"ဟီဆွန်းဆီမှ ဆူခံလိုက်ရ၍ ဂျေးငြိမ်ကျသွားကာ အရှေ့ခုံသို့ ပြန်လှည့်၍ မှောက်အိပ်သွားသည်။ ဒီလိုကျပြန်တော့လည်း အသဲနုတဲ့ ဆောနူလ်ခင်ဗျာ စိတ်မကောင်းပြန်တော့။ ဟီဆွန်းအား နောက်အားမှသာ ပြန်ရှင်းပြပေးရန်အားနာနာဖြင့်ပြောရသည်။
"ဂျေးအီ.."
မှောက်အိပ်နေသော ဂျေး၏ ကျောအား မထိတထိ ဘောပင်ဖြင့်ထိုးကာ ခေါ်လိုက်တော့ တစ်ခေါက်နှင့်လည်း ထမလာ၊ နှစ်ခေါက်နှင့်လည်း မော်မကြည့်လာပေ။ ဆောနူလ် သက်ပြင်းတစ်ချက်ချကာသာ သူရှေ့တည့်တည့်သို့ သွားလိုက်သည်။
"စိတ်ဆိုးသွားတာလား"
ခါးကို တတ်နိုင်သမျှ ကုန်းချကာ မှောက်အိပ်နေသောဂျေး၏ နား နားသို့တိုးကပ်၍ ဆိုလိုက်တော့ ကိုယ်တစ်ချက်တွန့်သွားသည်။ သို့သော် ထ မလာချေ။
သူပြောတာကိုကြားမည်ဆိုတာ တွန့်သွားခန္ဓာကိုယ်က မလိမ်ပေမယ့် ဒီဂျစ်တူးလေးကတော့ ကျိန်းသေစိတ်ကောက်ပြနေပြန်ပါပြီ။
"ဘာရယ်တာလဲ ငါ့ကို လှောင်နေတာလား"
"အဲ...... မဟုတ်ပါဘူး"
လူက မှောက်လျက်အနေအထားနှင့်ပင်အေးစက်စက်အသံက ထွက်လာသည်မို့ ဆောနူလ်ကိုယ်လေးမတ်သွားကာ အမြန်ဖြေရှင်းချက်ပေးရသည်။ သူ ခိုးရယ်နေတာကို ဘယ်လိုလုပ်သိသွားတာပါလိမ့်။
"ဂျေးအီ~"
"......."
"ဂျေး??"