Part6

7.2K 704 73
                                    

"အသင် ငါဗိုက်ဆာတယ်"

နန်းစောရှင်မင်းသား သဖန်းပင်အောက်တွင်ထိုင်နေပြီး ဗညားသတိုးကိုပြောသည်။အချိန်အတော်ကြာ ရေဆော့ထား၍နန်းစောရှင် ဝမ်းဟာနေမည်မှာမလွဲ။နန်းစောရှင်နှုတ်ခမ်းလေးက အနည်းငယ်ပြာနေပြီး ဖြူဖျော့နေသည်မှာပုံစံလေးက ရေစိုနေသည့်ကြွက်စုတ်လေးလိုပင်။

ဗညားသတိုး ပြုံးလိုက်ပြီး မြေမြှုပ်ဖို့လုပ်ထားသည့်လက်ထဲကကြက်ဖကို ကြည့်လိုက်သည်။နန်းစောရှင်လည်း ဗညားသတိုးမျက်နှာကိုကြည့်ပြီးနားလည်လိုက်ကာ ခေါင်းယမ်းသည်။

"အသင် စဉ်းတောင်မစဉ်းစားရော့နဲ့"

နန်းစောရှင်ကပြောပေမယ့် ဗညားသတိုးကတော့မြစ်ဘက်ကို သွားကာကြက်ကိုသန့်စင်နေလိုက်သည်။နန်းစောရှင် ထမလို့ပြင်လိုက်ပေမယ့်တောင်ရှည်ပုဆိုးက နေလှမ်းထားတာဖြစ်ပြီး ကိုယ်ဝတ်အင်္ကျီကိုသာ ခြုံထားရတာဖြစ်၍ တုပ်တုပ်မှမလှုပ်ဝံ့ပေ။ဒေါသတကြီးအော်ရုံသာတတ်နိုင်သည်။

"အသင် သတိုး မလုပ်နဲ့လို့"

ဗညားသတိုး ကြက်ကိုဓားနှင့် သေချာစွာပိုင်းဖြတ်သန့်စင်ပြီး သစ်ကိုင်းခြောက်တွေကောက်ကာ မီးမွှေးသည်။မီးအရှိန်ရလာမှ ကြက်ကို တံစို့ထိုးကာကင်လိုက်သည်။ကြက်သားရဲ့အဆီတွေပြန်လာပြီး မွှေးရနံ့က လေထုထဲတွင်သင်းပျံ့နေသည်။အဆီတွေက မီးတောက်ထဲတစ်စက်စက်ကျနေပြီး ဗညားသတိုးကကြက်သားကိုအကျက်ညီ‌စေရန် အလှည့်ကျ‌လှန်နေသည်။

ကြက်ကင်ရနံ့ကသင်းပျံ့လေ နန်းစောရှင်ဆာလောင်မှုကို ထိန်းသိမ်းလို့မရနိုင်လေ။ကြက်ကင်ကျက်တော့ ဗညားသတိုးကတံစို့ကိုကိုင်ပြီးနန်းစောရှင်ကို ပေးသည်။နန်းစောရှင်ကတွန့်ဆုတ်တွန့်ဆုတ် လုပ်နေသည်။

ဗညားသတိုး နန်းစောရှင်ရဲ့မျက်လုံးတောက်တောက်လေးနှင့် ပါးစပ်ကသွားရည်
တစ်စွန်းတစ်စကို မြင်နေရသည်မို့ နှလုံးသားလေးနူးညံ့သွားသည်။

"အရှင့်သား သားစိန်ကိုအရှင့်သား‌နဲ့အမြဲ ရှိစေဖို့အရှင့်သားကိုယ်ထဲ မြှုပ်နှံလိုက်တာက မသင့်တော်ပေဘူးလား"

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now