ဗညားသတိုး နန်းစောရှင်ကို ရင်ခွင်ထဲထွေးပွေ့ထားသည်။ပင်ပန်းသွားရှာသည့်နန်းစောရှင်လေးက နေမြင့်သည့်တိုင်အောင် နိုးမလာသေး။ဗညားသတိုး နန်းစောရှင်ကိုရင်ခွင်ထဲတွင် ကြင်နာစွာပွေ့ဖက်ထားပြီး နန်းစောရှင်ရဲ့ကေသာလေးတွေကို နမ်းရှိုက်နေသည်။နန်းစောရှင်က ဗညားသတိုးရင်ခွင်ထဲတွင် လှုပ်ရွလာသည်။ဗညားသတိုး နန်းစောရှင်ရဲ့နှဖူးလေးကို အမြတ်တနိုးနမ်းလိုက်သည်။
"အိပ်ဦးလေ အမောင့်အချစ်ရဲ့"
"ဟင့်အင်း ထတော့မယ်"
"နေသာရဲ့လား"
"အဆင်ပြေပါတယ်"
နန်းစောရှင်က အိပ်ယာထဲမှ ထထိုင်လိုက်သည်။သန်မာသည့်ယောကျာ်းသားဖြစ်ပေမယ့် မဖော်ပြနိုင်သောတစ်နေရာက နာကျင်မှုကြောင့် နန်းစောရှင်မျက်နှာလေးက ရှုံ့မဲ့သွားသည်။ဗညားသတိုး ပြုံးကာနန်းစောရှင်ကို ကျောပြင်မှသိုင်းဖက်လိုက်သည်။
နန်းစောရှင်ရဲ့ပခုံးသားတွေပေါ်က အနီမှတ်ကလေးတွေက ဗညားသတိုးရေးထိုးထားသည့် အချစ်အက္ခရာလေးများ။
"ချစ်လိုက်ရတာ အမောင့်အချစ်ရယ်"
"တော်စမ်းပါ ညကဖြင့်တော်ပါတော့ဆိုတာကို"
"ချစ်လို့ပါ အမောင့်အချစ်ရဲ့"
"အပိုစကားတွေ ဆိုဘိတယ်"
ဗညားသတိုး နန်းစောရှင်ကိုလွှတ်ပေးလိုက်ကာကိုယ့်ပခုံးပေါ်က သွားအကွင်းရာလေးကို လက်ညိုးထိုးပြသည်။
"ကြည့် အမောင့်အချစ်ရဲ့သွားရာလေး"
နန်းစောရှင်က ဗညားသတိုးကိုမျက်စောင်းလေးဝံ့ကာ ကြည့်သည်။
"သည်ဇမ္ဗူတစ်ခွင်ထဲ အမောင့်အချစ်တစ်ယောက်ဘဲ အမောင့်ကိုကိုက်ရမယ်"
"ကိုက်အောင်ဖြင့် သူ့ဘဲလုပ်ရော့ပြီး"
"စိတ်မဆိုးပါနဲ့ အမောင့်အချစ်ရယ် နောက်တစ်ခါမလုပ်တော့ပါဘူး"
"အမှန်တကယ်လား"
"မဟုတ်လေဘူး မုသားဆိုတာပါ"
ဗညားသတိုးက ခပ်ပြုံးပြုံးပြောပြီး နန်းစောရှင်တစ်ကိုယ်လုံးကို သိမ်းကြုံးဖက်လိုက်ပြန်သည်။ဗညားသတိုး နန်းစောရှင်ရဲ့နှုတ်ခမ်းပါးလေးကို သိမ်းပိုက်မလို့ကြံစည်နေတုန်း အိမ်အောက်မှအမယ့်ခေါ်သံကြောင့် တပ်ဆုတ်လိုက်ရသည်။
YOU ARE READING
ချစ်သောပြည့်ရှင်မင်း(Completed)
Historical Fictionစစ်နတ်ဘုရားဟံသာဝတီအိမ်ရှေ့မင်းက အင်းဝနန်းတွင်းမာသူလျှိုလုပ်ရင်း အင်းဝမင်းသားငယ်လေးကိုကာကွယ်ချင်လာတဲ့အခါ နောင်တော်တစ်ပါးရဲ့သစ္စာဖောက်မှုကြောင့် အင်းဝမင်းသားငယ်လေးကဟံသာဝတီကိုရောက်သွားရရှာပါတယ် သူတို့နှစ်ဦးကံကြမ္မာတွေကိုဘယ်လိုဖြတ်ကျော်ပြီးစစ်မှန်တဲ့ပြ...