ဘုရားကျောင်းဆောင်တွင်းရှိ ဗုဒ္ဓမြတ်စွာဘုရားရှင်တော်မြတ်ရဲ့ရှေ့မှောက်တွင် နန်းစောရှင်ဝတ်ပြုနေသည်။မြတ်စွာဘုရားကို ကပ်လှူပူဇော်ထားသည့်ပန်းထိမ်ငိုပန်းတွေက ဝံ့ဝံ့ကြွားကြွား။ဆွမ်း၊ဆွမ်းဟင်းအစုံအလင်နှင့်ဆွမ်းပွဲတော်အုပ်၊ သောက်တော်ရေချမ်းအေးက နန်းစောရှင်ကိုယ်တိုင် စီမံထားတာပင်။အမွှေးနံ့သာဆီမီးက ပန်းရနံ့ကိုလေထုထဲ ဖြန့်ကျက်စေလျက်ငြိမ်းချမ်းသောဝန်းကျင်ကို ဖန်တီးသည်။မေတ္တာတရားကြီးမားသည့်ဗုဒ္ဓဘုရားရှင်တော်မြတ်ရဲ့အရိပ်အောက်ဝယ် နန်းစောရှင်ရဲ့စိတ်နှလုံးလည်းအေးချမ်းရပါသည်။
"ယနေ့ပြုခဲ့သမျှကုသိုလ်အစုစုကို ဘဝတစ်ပါးသို့ကူးပြောင်းသွားပြီဖြစ်တဲ့ ခမည်းတော်နှင့်တကွနောင်တော်ဆယ့်တစ်ပါးကိုအမျှပေးဝေပါသည် ခမည်းတော်နှင့်တကွ နောင်တော်ဆယ့်တစ်ပါးသည် ရောက်ရာဘုံဘဝမှသာဓုခေါ်နိုင်ကြပါစေ ခမည်းတော်နှင့်တကွ နောင်တော်ဆယ့်တစ်ပါးသည် အမျှရကြသည်ဖြစ်၍ ကောင်းရာဘုံဘဝတွင် ငြိမ်းချမ်းကြပါစေ"
"အားလုံးကြားကြားသမျှ အမျှ အမျှ အမျှယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု
"အားလုံးကြားကြားသမျှ အမျှ အမျှ အမျှယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု"
"အားလုံးကြားကြားသမျှ အမျှ အမျှ အမျှယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု"
ကြေးစည်သံနှင့်အပြိုင် နန်းစောရှင်ရဲ့သာယာကြည်လင်သည့်အသံလေးက နံနက်ခင်းကိုမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေသည်။ဗညားသတိုးဘုရားကျောင်းဆောင်ရှိ ပြတင်းတံခါးရှေ့တွင်ရပ်ကာ နန်းစောရှင်ရဲ့ပုံရိပ်လေးကို ငေးမောကြည့်နေမိသည်။လှပသည့်နန်းစောရှင်ရဲ့မျက်နှာနုနုလေးက အေးချမ်းတည်ကြည်နေပြီးသေသပ်စွာ ထုံးဖွဲ့ထားသောသျှောင်ထုံးက နန်းစောရှင်ကိုကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေသည်။ဖြူဖွေးသည့်မျက်နှာထက်ဝယ် ကြက်သွေးရောင်နှဖူးစည်းပဝါက ပနံသင့်လှသည်။
ဗညားသတိုး ဘုရားကျောင်းဆောင်ထဲမဝင်မိ။ နန်းစောရှင် အမျှပေးဝေသည်ကိုလည်း သာဓုမခေါ်မိ။ကိလေသာတဏှာကုန်ခမ်းသွားပြီဖြစ်သည့်ဗုဒ္ဓဘုရားရှင်တော်မြတ်ရဲ့ငြိမ်းချမ်းသောမေတ္တာရိပ်အောက်ဝယ် ဗညားသတိုး ရင်အစုံကား ပူလောင်လှုပ်ခတ်နေသည်။
YOU ARE READING
ချစ်သောပြည့်ရှင်မင်း(Completed)
Historical Fictionစစ်နတ်ဘုရားဟံသာဝတီအိမ်ရှေ့မင်းက အင်းဝနန်းတွင်းမာသူလျှိုလုပ်ရင်း အင်းဝမင်းသားငယ်လေးကိုကာကွယ်ချင်လာတဲ့အခါ နောင်တော်တစ်ပါးရဲ့သစ္စာဖောက်မှုကြောင့် အင်းဝမင်းသားငယ်လေးကဟံသာဝတီကိုရောက်သွားရရှာပါတယ် သူတို့နှစ်ဦးကံကြမ္မာတွေကိုဘယ်လိုဖြတ်ကျော်ပြီးစစ်မှန်တဲ့ပြ...