ရှောင်းကျန့်တို့မသာယာနိုင်တော့ဘူး။ အရှေ့ကသင်သမျှ စာတွေလည်းကုန်းမှတ်ရသလို ဘေးကငိုက်နေတဲ့ရိပေါ်ကိုလည်းနှိုးနေရတယ်။
တက္ကသိုလ်က စာတွေဆိုတာလေ အရှေ့မှာ ဆရာတစ်ယောက်လုံးရှင်းပြနေရဲ့နဲ့ နားမလည်နိုင်တာမျိုး။
ဆရာထွက်သွားတာနဲ့ ရိပေါ်ခေါင်းက စားပွဲပေါ် တန်းခနဲပစ်ကျတယ်။ ရှောင်းကျန့်သနားတာနဲ့မနှိုးတော့ဘူး ဘေးမှာငြိမ်ငြိမ်လေးပဲထိုင်နေလိုက်တယ်။
ဒီကောင်လေး အချိန်ပိုင်းအလုပ်ကို၂ခုဆက်တိုက်ရလာတာ ည၁၂နာရီမှအိမ်ပြန်ရောက်ပါတယ်တဲ့။ မနက်ကျ ကျောင်းချိန်မှီဖို့လည်း busကားကိုအစောကြီးထစီးရတာ။ အိပ်ပါစေ။
ထမင်းစားချိန်ကပ်လာတာနဲ့ ရှောင်းကျန့်ထ်အလိုမလိုက်နိုင်တော့ဘူး။
'ရိပေါ် ရိပေါ် ထ ထ'
'အင်..ဟင်..ခဏလေးပါကွာ'
'ထမင်းလေးတော့ စားပါ ပြီးမှထပ်အိပ်အချိန်ရှိသေးတယ်'
နည်းနည်းထိုင်းမှိုင်းနေတဲ့ရိပေါ်က မျက်သားတွေလည်း နည်းနည်းရဲနေသေးတာ။
'ဒီပုံစံဆို ကြာရင်မင်းအဆင်မပြေလောက်ဘူး'
'ယောကျ်ားလေးပဲ အလုပ်လုပ်တာမဆန်းပါဘူး'
'မနိုင်မနင်းတော့ မလုပ်နဲ့လေ မိဘတွေရော?'
'ငါ...တစ်ယောက်တည်းနေတာ'
ရိပေါ်ရဲ့မျက်နှာရိပ်မျက်နှာကဲကို ရှောင်းကျန့် တကယ်မဖမ်းတတ်တော့တာပါ..။
'Sorry ငါမမေးသင့်တာ မေးမိပြီပဲ'
'မင်းသိထားလို့ရပါတယ် လျို့ဝှက်စရာမှမရှိတာ'
'အင်း ဒီမှာ ပင်မှည့်သီးဖျော်ရည်ပါလာတယ် လန်းသွားအောင်သောက်လိုက်ဦး'
တစ်ငုံယူသောက်ပြီး ရိပေါ်က လန်းလန်းဆန်းဆန်းဖြစ်လာတယ်။
'ငါက မင်းနေ့လည်စာကိုမောင်ပိုင်စီးနေမိတာနော်'
'တူတူစားချင်လို့ပါဆို ဒါနဲ့ရိပေါ် နောက်နေ့တွေမင်းဘာဟင်းနဲ့စားချင်လဲဟင်'
'ဘာလုပ်မလို့လဲ'
'အိမ်မှာပြောပြီးချက်ခိုင်းမလို့လေ အိမ်ကငါစားချင်တယ်ပြောရင်ချက်ချင်းလုပ်ပေးတာ အလုပ်ကပင်ပန်းရတဲ့အထဲ အားရှိတာစားမှဖြစ်မှာ သိရဲ့လား'