ရိပေါ် ရွှယ်ယမ်ချိန်းတဲ့နေရာရောက်တော့ ရွှယ်ယမ်ကိုရှာနေမိတယ်
ဟင် ကို ကဘယ်ရောက်သွားတာလည်း မရောက်သေးတာလား ငါလာတာများနောက်ကျနေလို့လား
ရိပေါ်ရီကြည့်မိတော့ ၈နာရီ၄၀
ဟုတ်လောက်ပါတယ်လေ ငါတို့ချိန်းထားတာက ၈နာရီခွဲ ခု ၈နာရီ၄၀ဆိုတော့ ကို ပြန်သွားပီထင်ပါရဲ့ ကိုရယ် ၁၀မိနစ်လေးတောင်မစောင့်ပေးနိုင်ဘူးလားဗျာ 😔😔
ရိပေါ်လေးဘေနားက ခုံတန်းလေးပေါ် စိတ်ဓါတ်ကျစွာထိုင်လိုက်တယ်
ရွှယ်ယမ် ရိပေါ်လာကိုသိပါတယ် သူ့ချစ်ရသူလေးကိုစောင့်ရင်ပျင်းလာတာနဲ့ ကွမ်းယာဆိုင်ဆီသွားပီး ဆေးလိပ်ဝယ်သောက်နေတာပါ ခုည်းဆေးလိပ်မကုန်သေးလို့ မလာသေးတာကို သူသည်းညှာလေးကဘာတွေးပီးစိတ်မကောင်းဖြစ်တယ်မသိဘူး ဟိုကြည့်ဒီကြည့်လုပ်ပီး မျက်နှာညှိုးစွာနဲ့ ဘေးနားကထိုင်ခုံလေးပေါ်ထိုင်လိုက်တာတွေ့လို့ သူ လည်းအပြေးလေးသွားမိတယ် ဆေးလိပ်လက်ကျန် ကိုတော့ ရိပေါ်ဆီသွားနေရင်း လမ်းမပေါ်မှာဘဲခြေထောက်မဲ့ဖိချေထားခဲ့တယ်
ဟိတ် ဘာတွေမှိုင်နေတာလဲ တစ်ယောက်တည်း
ရ်ပေါ်အသံလာရာဆီကြည့်လိုက်တော့
ဟင် ကို
ရိပေါ် ရွှယ်ယမ်ဆီအပြေးလေးသွာပီး ဖက်လိုက်တယ်
ကို ကို မပြန်သေးဘူးနော် တိတိကလေ ကိုပြန်သွားပီထင်ပီးစိတ်မကောင်းဖြစ်နေတာ
မပြန်ရပါဘူးကွာ ကိုယ့်ချစ်သူလေးကို မှမတွေ့ရသေးတာ ဟုတ်ဘူးလား
ဟီး ဟုတ်တယ် တိတိလည်း ကို့ကိုလွမ်းနေတာ နေနိုင်တယ်နော် ကို က အဆက်အသွယ်လေးတောင်မလုပ်ဘူးဘယ်လောက်လွမ်းနေလည်းသိလား ဟင် ကို လူဆိုးကြီးရဲ့🥺🥺
ဟုတ်ပါပီကွာ ကိုလည်း သည်းညှာလေးကိုလွမ်းတာပေါ့
မျက်ရည်တွေဝိုင်းမနေနဲ့ နော် ကြည့်ပါအုံးကွာ ကိုယ့်ကောင်လေးကမတွေ့ရတဲ့အတောအတွင်း တော်တော်လေးကြည့်ကောင်းတယ် ကလေးလည်းပိုဆန်လာတယ် ပါးလေးတွေလည်းပို ဖောင်းလာတယ်