မေတ္တာလွန်ပွဲ💞💞💞💞
တစ်စုံတစ်ယောက်ကပြောတာကြားဘူးတယ်
""အချစ်ဆိုတာ နှစ်ဦးနှစ်ဖက်သဘောတူ ညီမျှနေမှသာ အချစ်လို့ခေါ်တယ်တဲ့ အဲ့လိုမဟုတ်ဘဲတစ်ဦးတစ်ယောက်ကဘဲ စွဲလမ်းနေရတယ်ဆိုရင် အဲ့ဒါဟာ အချစ်မဟုတ်တော့ဘဲအဆိပ်ဖြစ်သွားတယ်တဲ့""
သေချာတာပေါ့ဗျာ ခုလဲကျွန်တော်ကသာချစ်နေရတာ ကလေးကကျွန်တော့်ကိုပြန်မချစ်ဘူး
တစ်ချိန်တုန်းကတော့ အတွေးတွေနဲ့ပျော်ဘူးခဲ့ရသမျှဟာ
လက်တွေ့မှာအတွေးတွေစိတ်ကူးယဥ်မှုတွေဟူတကယ်ဖြစ်မလာဘူးဆိုတာ သိလိုက်ရတယ်ကလေးဘက်ကပြန်မလာတဲ့အချစ်ကသာကျွန်တော့်အတွက်အဆိပ်ဆိုရင် အဲ့အဆိပ်ကို ခုံမင်နှစ်သက်စွာနဲ့သောက်သုံးနေမယ် ဘာလို့ဆိုကျွန်တော်မှ ကလေးကိုမချစ်ရဘဲမနေနိုင်တာ
တစ်ဖက်သပ်အချစ်ကတကယ်ဘဲ အဆိပ်ဆိုရင် အဲ့အဆိပ်ကို ကျွန်တော်ကိုယ်တိုင်မက်မက်မောမော သုံးဆောင်နေမှာပါ ဘာလို့ဆို ကျွန်တော် ကလေးကိုလက်လွှတ်မခံနိုင်လို့ပေါ့
အချိန်တစ်ချို့ ကုန်လွန်လာပေမယ့် ကျွန်တော်တို့အိမ်ထောင်ရေးကတော့အေးစက်နေဆဲဘဲ
မနက်စာ ထမင်းဝိုင်းမှာလဲ အေးစက်စက် ခြောက်ကပ်ကပ်နဲ့ နေ့လည်ကျ ကျွန်တော်ကအလုပ်မှာ ညနေကျပြန်တော့လဲ
ဟူးးးးးးးးးးးပိုင်ဆိုင်ချင်လွန်းလျု့ အတင်းရယူခဲ့တာ ကျွန်တော်မှားနေပီလား ကျွန်တော့်အချစ်တွေက ကလေးငယ်အတွက် မွန်းကျပ်မှုတွေဖြစ်ပေါ်နေတယ်ထင်ပါတယ်ဗျာ 😔😔😔😔
ဒါပေမယ့် ကျွန်တော်လက်မလွှတ်ချင်ဘူး ဘာလုပ်သင့်လဲ
"ဟားးးးဟားးးးလောကကြီးကမတရားဘူးဗျာ ဘာလို့ကျွန်တော့်လိုလူကိုမှ အထီးကျန်ဆန်စေခဲ့တာလဲ ကိုယ်ချစ်ရတဲ့သူဆီကနေ အမုန်းစကားကိုနေ့တိုင်းကြားစေနေရတာလဲဗျာ 😂😂""
ရှောင်ကျန့် တစ်ယောက် အပေါ်ထပ်က သူ့စာကြည့်ခန်းထဲမှာပေါက်ကွဲနေမိတယ်
အဲ့အချိန်မှာဘဲ တံခါးခေါက်သံဟာ ပီးပြင်စွာထွက်ပေါ်လာခဲ့တယ်