ရိပေါ်ကိုအခန်းထဲပို့ပီးတာနဲ့ အန်တီလေးကပြန်ထွက်သွားတယ်
အန်တီလေး ပြန်ထွက်သွားတော့မှ ရိပေါ် ဖုန်းကိုကောက်ကိုင်ပီး ရွှယ်ယမ်ဆီဆက်လိုက်တယ်
ရိပေါ် ဘယ်နှစ်ကြိမ် ဘဲခေါ်နေပါစေ လူကြီးမင်းနဲ့ဘဲတိုးနေတယ် ဒါဟာလည်း ခုမှမဟုတ် ရွှယ်ယမ်အလုပ်လုပ်မယ်ဆိုပီးသွားကတည်းက
ရိပေါ်ခေါ်တိုင်း လူကြီးမင်းနဲ့ကြီး တိုးနေပေမယ့် ရိပေါ်စိတ်မပျက်ဘဲ ကိုင်သူမဲ့နေတဲ့ဖုန်း နံပါတ်ကို နေ့စဥ်ရက်ဆက်ခေါ်နေဆဲ ခေါ်နေမြဲဘဲ
ခုလည်း ဖုန်းကောလ် များစွာခေါ်ထားပေမယ့်လို့ ကိုင်မယ့်သူလည်းမရှိသလို ပြန်လည်းခေါ်မလာခဲ့ဘူး
**ကို ရယ် ဘာတွေများ လုပ်နေလို့လဲ ဘာအလုပ်မလို့ မအားရတာလည်းဗျာ
ကျွန်တော့် ရင်တွေပူလောင်နေရပီ ခုလိုအဆက်အသွယ်လုံးလုံး ပျက်မယ်ဆိုတာကိုသာ အစောကကြိုသိခဲ့ရင်လေ
ကျွန်တော် ကို့ကို အလုပ်လုပ်သွားဖို့ရာ ခွင့်ပြုခဲ့မှာမဟုတ်ဘူး
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ရွှယ်ယမ် အလုပ်မှာအဆင်ပြေလားဆိုတော့ ပြေတယ်ရယ်လည်းမဟုတ် သလို မပြေဘူးလည်းမဟုတ်ပြန်ဘူး
ဝင်ငွေကောင်းကောင်းရလို့သာ သူဝင်လုပ်နေရတာ တကယ်ဆို သူ့အသက်ကို ဖတ်နဲ့ထုပ်ထားရတယ်လေ
ပြေးရလွှားရတာဆိုတာလည်း မရေတွက်နိုင်ဘူး ကိုယ်ခံ ပညာဆိုတာလည်း အစကတည်းကတတ်ထားလို့သာ မဟုတ်ရင်
သူ့အတွက်အန္တရာယ်က လက်တစ်ကမ်းမှာ သူမှမဟုတ် သူ့လို ဒီအလုပ်ကိုလုပ်သူတိုင်း အားလုံးအတူတူဘဲ
ရဲတွေလိုက်လို့ပြေးရ တာလည်းအကြိမ်ကြိမ်
ဒါပေမယ်လို့ သူတို့အသက်နဲ့ ရင်းရသလောက် ငွေက ရပီဆိုရင်လည်း အင့်ခနဲနင့်ခနဲဘဲ
သေရင်မြေကြီး ရှင်ရင်ရွှေထီးဆိုတာမျိုးပေါ့ အစက ရွှယ်ယမ် ကြောက်နေပေမယ့် နောက်ပိုင်း သူဒီအလုပ်မှာပျော်လာခဲ့တယ်