မေတ္တာလွန်ပွဲ
Part.....11
After 3 year later.............
ရှောင်ကျန့် တစ်ယောက် ဒီကနေ့တော့ အူမြူးနေတော့တယ် ဘာလို့ဆို သူချစ်ရတဲ့သူကိုပိုင်ဆိုင်ခဲ့ရပီမလို့လေ ချစ်ရတဲ့သူကိုပိုင်ဆိုင်ရတာဟာ ဘယ်လိုနည်းနဲ့မှပြောမပြ နိုင်လောက်အောင်ကို ဝမ်းသားပျော်ရွှင်ရတယ်လေ
သို့ပေမယ့် သူ ချစ်ရသူကို အခုလိုပိုင်ဆိုင်နိုင်ဖို့ သူ့ဘက်က တစ်စုံတစ်ခုကိုလည်းရင်းနှီးပေးဆပ်ခဲ့ရတယ်
အဲ့ရင်းနှီးပေးဆပ်ရမှုကို သူကတော့မှုခဲ့ဘူး သူ့ပေးဆပ်ခဲ့ရတဲ့အရာက သူ့အတွက်ဘယ်လောက် ဘဲအရေးကြီးနေပါစေ သူချစ်ရသူကိုသာပိုင်ဆိုင် နိုင်ရင် သူပေးဆပ်ခဲ့ရတာက အရေးမကြီးတော့သလိုကိုဖြစ်သွားတယ်
မှန်ပါတယ် ကမ္ဘာမှာ ဘယ်သူမဆို ကိုယ်ချစ်ရသူကို ကိုယ့်လက်မှာ ပိုင်ဆိုင်ခွင့်ရဖို့ နေ့ရက်တိုင်းမှာ သူနဲ့အတူတူ ဖြတိသန်းနိုင်ဖို့ ကိုယ့်အနားမှာ နေ့ညမရွေး ကိုယ်ချစ်ရသူကို ရှိနေစေဖို့ မည်သူမဆို တစ်စုံတစ်ခုသောအရာကို အမြဲစွန့်လွှတ်ကြတယ်
နှစ်ဦးနှစိဖက်သဘောတူကြည့်ဖြူလို့ မိဘတွေကလည်းသဘောတူလို့ လက်ထပ်ကြတဲ့သူတွေဆိုရင်တော့ ထိုအရာက ရယ်စရာ ဖြစ်နေပါလိမ့်မယ်
သို့သော်ငြား တစ်ဖက်သပ် ချစ်ရတဲ့သူ ဒါမှမဟုတ် လူကြီးချင်းသဘောမတူကြဘဲချစ်ကြတဲ့ချစ်သူတွေအတွက်ဆိုရင်တော့ ထိုအကြောင်းအရာက သွေးထွက်အောင်ကိုမှန်ကန်တာပေါ့
ဘာလို့ဆို နှစ်ဦးနှစ်ဖက်ချစ်ကြပေမယ့် မိဘကသဘောမတူတဲ့အခါ နှလုံးသားကိုဦးစားပေးသူအဖို့ ကိုယ့်မိဘတွေကိုခွဲခွါပီး မိဘရင်ခွင်ကနေစုန်ကန်လို့ ချစ်ရသူနဲ့လက်တွဲနိုင်ဖို့ မိဘတွေကို ကျောခိုင်းခဲ့ရတယ် နောက်ထပ် တစ်ဖက်သပ်ချစ်ရသူ တစ်ဦးတစ်ယောက်ကိုပိုင်ဆိုင်နိုင်ဖို့ ကိုယ့်မာန ကိုယ့်သိက္ခာ ကိုယ့်အချိန်တွေအကုန် ကိုယ်ချစ်ရတဲ့သူရှေ့မှာ အားလုံးခဝါချခဲ့ရတယ် ကိုယ့်သူ့ကိုပိုင်ဆိုင်နိုင်ဖို့ ကိုယ်ပိုင်ဆိုင်တဲ့အရာကိုစွန့်လွှတ်ခဲ့ရတယ်