![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. wanning ++ Jimin Top , Jin bottom
မလို့မကြိုက်ရင်ရှောင်သွားနိုင်ပါတယ်" သားဂျင်မေမေပြန်လာပီ "
ဆော့ဂျင်အမေဖြစ်သူဟာတံခါးသော့ဖွင့်ရင်းအိမ်ထဲသို့၀င်လာကာသူ့သားဖြစ်သူကိုလှမ်းခေါ်နေတော့သည်ပြန်ဖြေသံမကြားလို့အခန်းထဲ၀င်ကြည့်လိုက်ချိန်မှာတော့အိပ်ယာထဲတွင်သူ့သားကိုတွေ့လိုက်ရသည်နှုတ်ခမ်းမှညီးစီစီအသံတွေလည်းထွက်နေတယ်သူမစိတ်ပူကာဂျင့်နဖူးအားလက်ဖြင့်စမ်းကြည့်လိုက်တော့ကိုယ်တွေတော်တော်ပူနေတယ်
" ဂျင်သားလေးခနထပါအုံးကိုယ်တွေပူနေတယ်မေမေဆေးတိုက်မယ်ထ "
" ဟင်းမေမေပြန်လာပီလား "
" အွန်းမေမေဆေးတိုက်မယ်နော်ထအုံး "
ဂျင့်ကိုဆေးတိုက်ပီးနောက်နွေးနွေးထွေးထွေးဖြစ်အောင်ထားကာနိုးလာစားဖို့ဆန်ပြုတ်လုပ်ပေးရန်ထွက်လာခဲ့လိုက်တယ်
ဂျင့်မှာအမေဆိုတာပဲရှိတယ်အဖေဆိုတာဂျင်သိတက်စအရွယ်တည်းကသေလူပဲတစ်ခါတစ်လေဂျင်မေမေ့ကိုအားနာပါတယ်မေမေဟာသူ့ကြောင့်ပင်ပန်းနေတာမလားဂျင်ဟာငယ်ငယ်လေးထဲကချူချာတဲ့ကလေးဖြစ်တယ်ရာသီဥတုအေးတာနဲ့ နှာစီး ချောင်းဆိုးတန်းဖြစ်တော့တာပဲအသက်11နှစ်အရွယ်တွင်အစုတ်ရောဂါဆိုးဆိုးဝါးဝါးဖြစ်တာကြောင့်ဆေးတွေလည်းစွဲသောက်လာရသလိုအဲ့အရွယ်ကစပြီးအိမ်ထဲကအိမ်ပြင်လည်းမထွက်ရတော့ပါအခု16နှစ်အရွယ်ထိပဲ
ဂျင်တို့ကသူ့အမေလုပ်စာတစ်ခုတည်းနဲ့စားဖို့ရောနေဖို့ရော ဂျင့်ဆေးဖိုးတွေအတွက်ပါအနိုင်နိုင်ရှာဖွေနေရတာကြောင့်သူ့တို့အိမ်မှာသူများတွေလိုအိမ်ပရိဘောဂပစ္စည်းTV တို့ရေခဲသေတ္တာတို့တောင်မ၀ယ်နိုင်ပါအဲ့တာကြောင့်ဂျင်ဟာအသက်11နှစ်အရွယ်ကစလို့အပြင်လောကနဲ့လဲအဆက်အသွယ်မရှိတော့ပါအသိစိတ်ဟာကလေးငယ်တစ်ယောက်လိုပဲ
