မဂ်လာဆောင်ပီးထဲကပင်ပန်းလာတဲ့ကလေးကသူ့ရင်ခွင်ထဲတိုးဝင်ပီးအိမ်ပျော်နေသည်။နှုတ်ခမ်းလေးဆူပီးဟောက်သံပိစိလေးတွေထွက်နေတဲ့ဒီကလေးကသိပ်ချစ်ဖို့ကောင်းတာပါဆို..အရင်ကတည်းကသတိထားခဲ့မိပေမယ့်မမြတ်နိုးတတ်ခဲ့တဲ့ကိုယ်ကသိပ်ရူးရာကျတယ်မလား
မဂ်လာဦးအခန်းထဲကိုချီခေါ်လာပီးကုတင်ပါ်တင်ပေးပီးဆူထွက်နေတဲ့နှုတ်ခမ်းလေးကိုငုံစုပ်လိုက်သည်။ဂျယ်လီတုံးလေး..စတော်ဘယ်ရီနဲ့စီးကရက်တွေလိုပဲကလေးနှုတ်ခမ်းတွေကအမြဲတမ်းအဲ့အရသာတိုင်းပဲ..မျက်ဝန်းတွေထဲကနေရင်ခုန်သံတွေကိုတော့မှန်းဆခွင့်မရတော့ဘူးပေါ့..ကလေးကအိပ်ပျော်နေတာကို
သူအပြင်ထွက်ပီးဆေးလိပ်ကသောက်နေရင်းခနနေတော့သူ့ခါးကိုဖက်တွယ်လာတဲ့လက်လေးတွေ..လက်ကောက်ကောက်ကလေကိုဆွဲယူရင်းနမ်းလိုက်တော့တစ်ခစ်စ်ရယ်သံလေးတွေကသူခစားရာထံပေါ့
" အိပ်မယ်လေကိုကို "
" မအိပ်ပါဘူး "
ဂျောင်ကုနောက်လှည့်လိုက်ပီးဆော့ဂျင်ပါးလေးကိုဖိနမ်းလိုက်သည်..သူ့ကိုမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ပြူးကြည့်နေတာလေးက..အသဲယားစရာလေး
" ဒီနေ့ကမဂ်လာဦးညကို "
" ဟင့်အင်း..ဟင့်အင်း..စေ့စပ်ပွဲပီးတုန်းကလည်းတစ်ခါ..မဂ်လာဝတ်စုံအစမ်းသွားဝတ်ကြည့်ပီးအပြန်တုန်းကလည်းအသဲယားလို့ဆိုပီးတစ်ခါ...အင့်.မ.မနေ့တုန်းကတစ်ခါ..ဟင့် "
ပြောရင်းမျက်ရည်တွေအီခနဲကျလာတဲ့ကလေးကဘယ်တည်းကမကျေနပ်ချက်တွေစုနေလည်းမသိဖူး.ပါးလေးကိုခပ်ဖွဖွပွတ်သပ်ရင်းဂျောင်ကုချော့မြူရတော့သည်..ကလေးရဲ့မဂ်လာဝတ်စုံကိုဒီညတော့ဂျွန်ဂျောင်ကုတို့ချွတ်ရဖို့လမ်းမမြင်တော့..
တစ်အိမ်လုံးဆူညံနေတာမလို့ဂျောင်ကုအပြင်ကပြန်လာလာချင်းခေါင်းနောက်သွားရသည်။ဒီအိမ်မှာသူရယ်ကလေးရယ်.အိမ်ကူဒေါ်ကြီးရယ်ကလွဲရင်ကျန်တဲ့သူမရှိ..ဘာကြောင့်များဒီလောက်ဆူညံနေပါလိမ့်
အိမ်ထဲဝင်ဝင်ချင်းပဲအမောစို့ရတယ်ဆိုတာဒါမျိုး..Kenဆိုတဲ့ကောင်နဲ့တူတူဂိမ်းထိုင်စော့နေတဲ့ကလေးကသိပ်ကိုအတင့်ရဲနေတာ..ရည်းစားဟောင်းတောင်အိမ်ပေါ်ခေါ်ပီးဂီမ်းစော့ရဲတဲ့ထိ
![](https://img.wattpad.com/cover/284639850-288-k217369.jpg)