ဝမ်ရိပေါ်လေးဟာ လက်သည်းလေးကို ကိုက်ပြီး ညာဏ်နီ ညာဏ်နက်တွေ ထုတ်နေပါတယ်။
အဲ့ ရှောင်းကျန့်ဆိုတဲ့ ယုန်ဗလ တုံးလွန်းတဲ့ Crushကြီးဟာ ဆည်ဖောက်ထားပေးတာတောင် အခုထိ တုပ်တုပ်မှမလှုပ်သေးပါဘူး။
တုံးလွန်းတဲ့ သူ့ကို Crushရတာ stressတွေလဲ ပိပါတယ်။stressပြေအောင် icecream လေးစားလိုက်ဦးမယ်။ ရေခဲသေတ္တာထဲက Icecreamnဘူးကြီးကို ထုတ်ကာ ဆိုဖာပေါ်မှာ ဇွန်းအကြီးကြီးနဲ့ အားရပါးရ ထိုင်စားနေပြီး ဘယ်လို လုပ်ရမလဲ တွေးနေတယ်။
ဘယ်လို လုပ်မှ ရှောင်းကျန့်က ကွေးမှာလဲ။ ဘယ်လို လုပ်မှ ငါ့ကို ပြန်ကြိုက်လာမှာလဲ။
ငါက ဒီလောက်ချစ်ဖို့ ကောင်းတာ သူမကြိုက်ဘူးဆိုတာတော့ မဖြစ်သင့်ဘူး။
ရတယ်လေ..ခင်ဗျားက မလှုပ်မှတော့ ကျွန်တော်က လှုပ်ပြီပေါ့ ယုန်ဗလရယ်။
ကျွန်တော့်ရဲ့ မွှေမှု့ အဲလေ ချစ်စရာ ကောင်းမှု့တွေမှာ ခင်ဗျား ကျရှုံး ရတော့မှာပါ။"ဟား...ဟား"
အတွေးနဲ့ အူမြူးကာ ရယ်မောနေတဲ့ သူ့ကို မားက မျက်စောင်းထိုးသွားတော့ ဝမ်ရိပေါ် လေးက တိုးတိုးလေး ပြန်ပြောလိုက်တယ်။"မားမား က သွေးဆုံးတဲ့ အချိန်ရောက်နေပြီတော့ အချစ်နဲ့ ပတ်သတ်တဲ့ ခံစားချက်ကို ခံစားတက်တော့မှာ ဟုတ်ပါဘူး"
.....................
ဝမ်ရိပေါ် လေး ဟိုဘက် ခြံထဲကို Confident အပြည့်နဲ့ ရင်ကော့ကာ သွားလိုက်တော့ ခြံထဲမှာ စာဖတ်နေတဲ့ ရှောင်းကျန့်ကို တွေ့လိုက်ရတယ်။"အား...မျက်စိစူးလိုက်တာ"
သူ့အသံကြောင့် ရှောင်းကျန့်က ဖတ်လက်စ စာအုပ်ကို ချကာ ကြည့်လာတော့ ရင်ဘတ်လေးကို ဖိလိုက်ကာ မျက်စိကို ကာပြီး..
"ယုန်ဗလ..အဲလေ..ရှောင်းကိုကို ရဲ့ အရှိန်အဝါတွေက အရမ်းတောက်ပနေတော့ မျက်စိတွေတောင် ကျိမ်းနေပြီ..အား"
"ပေါက်ကရ တွေပြောမနေနဲ့ ..နေပါဦး..ထူးထူးခြားခြားဘာလို့ ရှောင်းကိုကို လို့ ခေါ်နေတာလဲ"
"ရှောင်းကိုကိုမို့ ရှောင်းကိုကိုလို့ ခေါ်တာပေါ့"
"ဝမ်ရိပေါ်..ဝက်လုံးလေး မင်း နေတော့ ကောင်းပါတယ်နော်"