Xiaozhan က စတော်ဘယ်ရီရေခဲ မုန့်ကို အားရပါးရ စားနေတာကို Yiboက အရှေ့မှာ ထိုင်ကာ မေးထောက်ကာ ကြည့်နေရင်း လျှာကို သပ်ကာ.
*look so good yeah look so sweet looking
good enough to eat*Xiaozhan က Yiboရဲ့ အကြည့်နဲ့ ရုတ်တရက် သီချင်းထဆိုသော အသံကြောင့် စားလက်စ ရေခဲ မုန့်ပင် သီးသွားကာ
"အဟွတ်..ရေခဲမုန့် စားချင်လို့လား ဝက်ပေါက်"
"မဟုတ်ဘူး.Zhan Ge Geကို စားချင်တာ."
"ဘာ...ဘာ ပြောတယ်"
"ယုန်ဗလ.. ဘာလို့ မျက်နှာကြီးက ရဲလာတာလဲ.ဘာတွေလျှောက်တွေးနေတာလဲ..ခင်ဗျား မျကနှာက ယုန်နဲ့တူတာကို မြင်ပြီးကျွန်တော်က ယုန်သား စားချင်တာ အဲ့ တာ ပြောတာ"
"အမ်..အင်း..ငါ ဘာမှ မတွေးပါဘူး"
Xiaozhan က ရှက်ရှက်နဲ့ ခေါင်းငုံ့ကာ ရေခဲမုန့် ကို စားနေတုန်း ရုတ်တရက် Yiboက တစ်ဖက်ကနေ ရေခဲမုန့်ကို ငုံ့ကာ စားလိုက်တာ ကြောင့် နှုတ်ခမ်းချင်းက အနည်းငယ် ထိသွားသည်..
"ဝက်ပေါက်..မင်း."
"အဟိ..ရေခဲမုန့် လေးက အရသာ ရှိလိုက်တာ..ကျေးဇူး နော်..သွားပြီ Zhan Ge.."
Yiboက လစ်ခနဲ ပြေးထွက်သွားသည်.. Xiaozhan မှာတော့ တစ်ကိုယ်လုံး ပူထူပြီးကျန်နေခဲ့သည်
(Wang Yibo၏သင်ခန်းစာ 2-ရှိသမျှဉာဏ်နီ ဉာဏ်နက်ပေါင်းစုံ ထုတ်ပြီး Crush ကို ရအောင် နမ်းပါ)
....
မနက်စောစော အိပ်ရာ နိုးနိုးချင်း ဟို ဘက်ခြံမှာ Xiaozhan အလေးမနေတာကို Yiboက မြင်ပြီး ခေါင်းထဲ အကြံ တစ်ခု ဝင်လာပြီး..
မိုက်ခရိုဖုန်းကို ယူကာ စပီကာနဲ့ ချိတ်လိုက်ကာ"ဟိုဘက် အိမ်က နေ့တိုင်း အလေး မတက်တဲ့ အစ်ကို ကြီးကို ကျွန်တော် က ချစ်စနိုးနဲ့ ယုန်ဗလ လို့ ပေးထားတယ်..အိုး..ယုန်ဗလရဲ့ ကြိုးစားမမနေနဲ့နော်.. ကြက်ဥ ဗလ ကနေ တက်လာမှာလဲ မဟုတ်ပဲ နဲ့ကွယ်"
Xiaozhan က အလေး တုံးကို ပစ်ချကာ သူ့ ကို မော့ကြည့်ပြီး ပြေးလာတာကြောင့် Yibo အခန်းထဲ ပြေးဝင်ကာ ကုတင်ပေါ် ထိုင်ပြီး တဟားဟား ရယ်မိသည်..
"Wang Yibo..စောက်ကလေး.ဝက်ပေါက် စုတ်.."
Xiaozhan က တံခါးဖွင့်ပြီး သူ့အခန်းထဲ ဝင်လာတာကြောင့် Yibo လန့်သွားပြီး