တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ဆူညံနေတာကြောင့် Xiaozhan ဖတ်လက်စ စာအုပ်ကို ချကာ ဝရံတာကို ထွက်လိုက်တော့..
တွေ့ပါပြီ..တရားခံ က.. ဟို ဝက်ပေါက်စ ဝမ်..ဝမ်အူကြူး
စပီကာနဲ့ သီချင်း အကျယ်ကြီးဖွင့်ပြီး အကလေ့ကျင့်နေတာ..
အံ့မယ်..ဝက်ပေါက်စ က အကတော့ကျွမ်းတယ်ဗျ..
မိုက်နေတာပဲ..
ရင်ဘတ်ကို ကော့တက်ပြီး နှစ်ချက် လောက် ကလိုက်တာ Xiaozhan ရင်ထဲ ဖိုးသိုးဖတ်သတ်တွေကို ဖြစ်ကော..
ဖင်လေး ရမ်းတမ်းရမ်းတမ်းနဲ့ ကနေတဲ့ ဝက်ပေါက်ကို Xiaozhan က ကြည့်ကောင်းကောင်းနဲ့ ကြည့်နေမိသည်..
ဖင်တင်မကဘူး ဝက်ပေါက်က ပါးဖောင်းလေးတွေပါ ရမ်းနေတာ..
ကိုက်ချင်စရာ..အိ..ကြည့်နေရင်း ဝက်ပေါက်စ က ချော်လဲသွားတာကြောင့် Xiaozhan ဆေးသေတ္တာဘူးကို ယူကာ တစ်ဖက်ခြံကို ပြေးရတယ်..
ဝက်ပေါက်စ က ကိုယ့်ကိုကိုယ် ဂရုမစိုက်ဘူး
...
"အား..ပါး.. နာတယ်လို့..ကိုယ့် အသားမဟုတ်တိုင်း မရိုက်နဲ့လို့."
"မင်းအမှတ်တွေကို ကြည့်စမ်း အဝီစိ ရောက်နေပြီ ဒါတိုင်း က ကောင်းနေတုန်း..စာမလုပ်ပဲ"
"ပါး..စာတော်ဖို့ မလိုဘူး..စာမတော်လဲ တခြားဟာတွေ တော်ရင် ထမင်းစားလို့ ရတယ် "
"ခွေးသားလေးကတော့ ငါ့ကို ပြန်ပြောနေတာ"
"ခွေးသားလေး ဆိုတော့ ပါးက ခွေးပေါ့..မားက ခွေးမကြီးပေါ့"
"ဒီကောင်ကတော့."
"အား..နာတယ်လို့..အီး..ဟီး..သူ ဗိုက်နဲ့ လွယ်မမွေးတာတိုင်း မညာမတာ ရိုက်တာ"
အတွင်းထဲက အသံတွေကြောင့် Xiaozhan ပြေးဝင်လာတော့ Yiboပါးက ကြိမ်လုံးကြီးနဲ့..Yiboမားကတော့ ကြားထဲက ဝင်ဆွဲနေသည်..
"Yibo..ဘာဖြစ်နေတာလဲ "
"Zhan Ge Ge..အီး..ဟီး."
Xiaozhan ကို မြင်တော့ Yiboက ခုန်တက်ကာ ခွသည်..အလေးချိန်က မနည်းတာကြောင့် Xiaozhan မှာ အင့်ခနဲ..
"အင့်..ဝက်ပေါက်ရ..ငါ ခါးကျိုးတော့ မယ်"
"Ge Ge..ဒီ လူကြီးနဲ့ ဝေးရာကို ခေါ်သွားပေး..ဒီလူကြီးက သားပါး မဟုတ်ဘူး..သားကို သူက အမှိုက်ပုံ က ကောက်ထားတာ ထင်တယ်"