Part- 4

1K 160 15
                                    

Xiaozhan တစ်ယောက်ဟိုနေ့က ကိစ္စကို ပြန်တွေးမိတိုင်း ဒေါသက ထိပ်ရောက်နေပြီ။ ဘယ်ထိပ်လဲ လာမမေးနဲ့။ ငယ်ထိပ်ကို ပြောတာ။

ဝက်ပေါက်..ဝက်ပေါက်..ဝက်လုံး ငါ့ကို မွှေသွားတာ ဒင်းကို ပြန်ကလဲ့စားချေ ဦးမယ်။

ဒေါသထွက်ထွက်နဲ့ အလေးတုံးတွေကို အားရပါးရဘမနေတုန်း ဟိုဘက်ခြံက ဆူဆူညံ့ညံ့ အသံများကြောင့် အသာ ချောင်းကြည့်မိတော့..

အံ့မယ်..ဝက်ပေါက် ကောင်လေး တစ်ယောက် ကောင်မလေးတစ်ယောက်နဲ့ ဟ။ ကောင်မလေး က ဝက်ပေါက်ဘေး ကပ်နေတာ မြင်လို့တောင်မကောင်းဘူး။ ဝက်ပေါက်ကလဲ သွားကြီး ဖြဲ ပြီး ရယ်လို့..။

ဟင်း..ဟင်း..မင်းနဲ့ငါ တွေ့ကြပြီပေါ့ ဝက်ပေါက်ရယ်..။

.....
Yiboက ဟောက်ရွှမ်းရယ် သူငယ်ချင်းကောင်မလေးကျင်းကျင်းရယ်နဲ့ အိမ်မှာ စာလုပ်ဖို့ ပြင်ဆင်နေသည်။ စာလုပ်တာက အကြောင်းပြချက်ပါ..။ တကယ်က လေပွားပြီးမုန့်စားချင်တာက များများ။

"Bo Bo ဒီမှာ နင့်အတွက် စုပ်လုံးချိုချဉ်တွေ ဝယ်လာတယ်။

စုပ်လုံးချိုချဉ်ဆိုတော့ Yiboမျက်နှာက ဝင်းပသွားကာ..

"အာ..ကျေးဇူး ပဲ..ကျင်းကျင်း"

စုပ်လုံးကို အခွံနွှာပြီး ပါးစပ်ထဲ ထည့်ဖို့ ပြင်တုန်း..

"ကို့ကို့ ကလေးလေးရေ..ကိုကို့ ဝက်ပေါက်လေးရေ..ဝက်လုံး လေးရေ"

"အွန့်"

သကြားရည် အထပ်တစ်သိန်း လောင်းထားသလို ချိုမြနေသော အပြုံးကြီးနဲ့ ဝင်လာသည့် ယုန်ဗလကို မြင်ကာ စားလက်စ ချိုချဉ်တောင် နင်မလိုဖြစ်သွားသည်။

"ယုန်ဗလ..ဘာလာလုပ်တာလဲ"

"ကလေးလေး..ဝက်လုံး လေး..ကိုကို့ကို ဘာလို့ ယုန်ဗလ လို့ ခေါ်နေတာလဲ..ကိုကိုလို့ ခေါ်လေ"

"ဟမ်..ကိုကို"

ကျင်းကျင်းက သူနဲ့ ယုန်ဗလကို တစ်လှည့်စီ ကြည့်ကာ..

"Bo Bo. .သူက.."

"တွေ့ရတာ ဝမ်းသာပါတယ် ညီမ..အစ်ကိုက ဟောဒီက ဝက်လုံး ဝက်ပေါက် အဲ..Yiboရဲ့ ချစ်သူ Xiaozhan ပါ"

Zhan Ge!! Please love meWhere stories live. Discover now