"အိုးးး ဟိုးးး ရဲအချုပ်မှာ စောက်ရမ်းဇောင်းကြွနေတဲ့ကောင်ဆိုပြီး နာမည်ကြီးနေလို့ ငါက အကောင်ကြီးကြီးလို့ထင်နေတာ အခုတော့ ခွေးချီးဖိနပ်သုတ်ထားသလို ပိန်ပိန်ပါးပါး ပြားကပ်ကပ်နဲ့အကောင်ပဲ ဟားး ဟားးး ''ငရဲခန်းလို့ လူသိများတဲ့ စစ်ကြောရေးကို ဆေး ရောက်နေခြင်းဖြစ်သည် ။
ဆေးကို မှိုချိုးမျှစ်ချိုးပြောပြီး တဟားဟားဖြင့် အော်ရယ်နေသော စစ်သား၃ယောက်က ရုန့်ရင်းကြမ်းတမ်းလွန်းလှသည် ။"ခွေးမသား မင်းစောက်ခွက်ကိုပြင်ထား!!! ဒီနေရာမှာ ဘာစောက်ဥပဒေမှမရှိဘူး ပစ်သတ်ပြီး အလောင်းဖျောက်လိုက်ရင်တောင် ဘာအစအနမှရမှာမဟုတ်ဘူး ငါလိုးမသား မင်းစောက်ချိုးကိုမင်းပြင် အခုပုံစံထိုင်စမ်း ''
ဆေး ရဲ့ ဗိုက်ကို တစ်ချက်ထိုး၍ ခွေးပြောဝက်ပြောပြောနေသော စစ်သား၃ယောက်က အလွန်ပင် ရွံရှာဖို့ကောင်းလှသည် ။
ထိုးတဲ့အရှိန်ကများလွန်း၍ ဗိုက်ပင်အောင့်ကာ ချက်ချင်းတောင် ပြန်မထနိုင်ပေ။"ငါလိုးမသား စောက်မူယာမာယာ ပိုမနေနဲ့ စောက်ခွက်ကို ဖြတ်ကန်လိုက်ဦးမယ် ''
ပြောရင်းဆိုရင်း ဆေးကို ခြေထောက်တွေဖြင့် ကန်ကျောက်လာကြသောကြောင့် ဆေးမှာ ဘာမှပင်မပြောနိုင်ဘဲ အလူးအလဲ ခံနေရသည် ။
ဒါကြောင့်မို့ ငရဲခန်းလို့ပြောကြတာဖြစ်မည်ဟု ဆေး တွေးမိသည် ။"အလေးပြု!!! ''
ကန်ကျောက်တာ ချက်ချင်းရပ်သွားပြီး အလေးပြု ဟူသော အသံကြားသောကြောင့် ဆေး မျက်လုံးများဖွင့်ကြည့်တော့ ဆေး အား စစ်ဆေးမည့် အရာရှိဖြစ်ဟန်တူသော လူတစ်ယောက်ရောက်လာသည် ။
ထိုအရာရှိက မိမိကိုတစ်ချက်သာကြည့်၍ မိမိရှေ့သို့ သတင်းစာတစ်စောင် ပစ်ချပေးသောကြောင့် ဆေး ကောက်ယူကာ ကြည့်လိုက်သည် ။
"ဘယ်လိုလဲ ရဲအချုပ်မှာ ဖအေ အားကိုးနဲ့ ဇောင်းကြွခဲ့သမျှ အခုတော့ ကူရာကယ်ရာမဲ့တဲ့ကောင်ဖြစ်နေပြီမလား ငါဒီမှာ မင်းကိုသတ်ပြီး အလောင်းဖျောက်လိုက်ရင်တောင် မင်းအဖေက ဘာစောက်သံမှ ထွက်ရဲမှာ မဟုတ်ဘူး အဟက် ဇောင်းကြွနေတဲ့ကောင်ကို ကောင်းကောင်းဦးချိုးပြမယ် ''
YOU ARE READING
Gay Activists Alliance (S1)Completed
Short StoryThis story contains mature contents, so read at your own risk