"ဟေ့ကောင် ဆင်းစမ်း မြန် မြန် ဆင်း!! "အချုပ်ကားပေါ်မှ တစ်လှမ်းချင်းဆင်းလိုက်ပြီး ဘေးဘီဝဲယာကို တစ်ချက်ဝေ့ကြည့်လိုက်တော့ ရဲစခန်းတစ်ခုအရှေ့ရောက်နေတာကို တွေ့လိုက်ရသည် ။
ပတ်ဝန်းကျင်ကို အကဲခတ်နေတုန်း အနောက်က ဆောင့်ကန်ခံရတာကြောင့် အရှေ့သိုအနည်းငယ်ယိုင်ကျသွားသည် ။
ဟန်ချက်ပျက်သွားသော ခန္ဓာကိုယ်ကို ထိန်း၍ ကိုယ့်ကို ဆောင့်ကန်သော ခွေးသားကို အကြည့်စူးစူးဖြင့် ကြည့်လိုက်သည် ။"ငါလိုးမသား မင်းကဘာကြည့်တာလဲ စောက်ခွက်ကို ပြင်ထား ''
ဆေး ဟက်ခနဲ တစ်ချက် ရယ်လိုက်သည် ။
ဒီကောင်က ဘာစောက်ဆင့်ရှိလို့ ဆေးကို ကန်ရတာလဲ ။"အဟက် မင်း ပြောတဲ့စကားကို မင်း နောင်တရစေရမယ် ''
"ဘာ! မင်း ခွေးမသား!!! "
နှစ်ချက်ဆင့်၍ ထိုးခံရမှုနှင့်အတူ ဆေး၏ ပါးတစ်ဖက်မှာ ပူထူသွားလေသည် ။
နှုတ်ခမ်းထောင့်စွန်းမှ စီးကျလာသော သွေးများကို လက်ထိပ်ခက်ခံထားရသော လက်မှ လက်မဖြင့် ဆွဲယူပွတ်သုတ်ကာ တစ်ချက်ရယ်ပြီးနောက် ရဲနှစ်ယောက်၏ ဆွဲခေါ်မှုနှင့်အတူ စခန်းအတွင်းသို့ လိုက်ပါလာခဲ့သည် ။
"လေးစားပါတယ် ရဲအုပ် သူတို့ထဲက ခေါင်းဆောင်ကို ဖမ်းခေါ်လာနိုင်ခဲ့ပါတယ် ''
မိမိကိုဖမ်းလာသော ရဲသားနှစ်ယောက်က ရဲအုပ်ဆိုသူအား အလေးပြုပြီး တရိုတသေပြောလိုက်သည် ။
"အဟက် ငါကအခြောက်ဆိုလို့ နွဲ့လျနေမယ်မှတ်တာ မင်းက ရင့်လာချည်လား ''
နှုတ်ခမ်းမွှေးစစနှင့် ရဲအုပ်ဆိုသူက ဆေး တစ်ကိုယ်လုံးကို အစုံအဆန်ကြည့်၍ ပြောလာသည် ။
"ဟေ့ကောင်တွေ လက်ထိပ်ချွတ်ပေးလိုက်စမ်း ခေါင်းကြောမာနေတဲ့ကောင်ကို အကြောလျှော့ပေးရတာပေါ့ ''
ရဲတစ်ယောက်က ရဲအုပ်ဆိုသူ၏ စကားကို နာခံကာ လက်ထိပ်ကိုလာချွတ်ပေးသည် ။
လက်ထိပ်မှ လွတ်သွားသော လက်အား ခါလိုက်ကာ လက်ကောက်ဝတ်နှစ်ဖက်ကိုကြည့်လိုက်တော့ ဆေး၏ ဝါနှစ်နှစ်အသားရောင်က အနီရင့်ရောင်ကို ပြောင်းနေသည်မို့ အသံတိတ်ကျိန်ဆဲလိုက်သည် ။
ESTÁS LEYENDO
Gay Activists Alliance (S1)Completed
Historia CortaThis story contains mature contents, so read at your own risk