အလောတကြီးဖြင့် ခပ်မြန်မြန်ချွတ်ချခံထားရဟန်ရှိသော အဝတ်များသည် ကြမ်းပြင်ပေါ်၌ ဟိုတစ်စ ဒီတစ်စဖြင့်ပြန့်ကျဲနေလေသည် ။တကျွီကျွီမြည်နေသော တစ်ယောက်အိပ် သစ်သားကုတင်ထက်တွင်တော့ အားကောင်းမောင်းသန် ယောင်္ကျားနှစ်ဦးသည် ကြမ်းတမ်းသော ခရီးတစ်ခုကို အတူတကွ ရှေ့ဆက်နေကြသည် ။
နှုတ်ခမ်းနှစ်ခု၏ နူးညံ့မှုတစ်လှည့် ပြင်းရှမှုတစ်လှည့်ဖြင့် ပွတ်ဆွဲမှုကြောင့် ထွက်ပေါ်လာသော ငွေမျှင်ရောင်တန်းများသည် တလက်လက်ဖြင့် တောက်ပနေလေသည် ။
နှုတ်ခမ်းထူထူအိအိ၏ ခန္ဓာကိုယ်အနှံ့သို့ နေရာမလပ် ထိတွေ့ပွတ်ဆွဲနေမှုနှင့်အတူ အရှိန်အဟုန်ပြင်းလှသော ခရီးကြောင့် ခံစားချက်များက တိမ်တွေပေါ်လွင့်လိုက် ငရဲကိုသက်ဆင်းလိုက်ဖြင့် နူးညံ့တစ်ခါ ကြမ်းတမ်းတစ်လှည့်ရှိနေသည် ။
အခန်းငယ်အတွင်း၌ မောဟိုက်ခြင်းကြောင့် ထွက်ပေါ်လာသော အသံရှုသံပြင်းပြင်းနှစ်ခုမှလွဲ၍ အိမ်မြောင်တစ်ကောင်တစ်လေကတောင်မှ စုတ်သတ်ခြင်းရှိမနေပေ ။
"ကို.....ကိုကို...ခ...ဏ''
ခွန်လကျ်ာမကြားဟန်ပြုကာ လုပ်စရာရှိသည်ကို အားသွန်ခွန်စိုက် ဆက်လုပ်နေသည် ။
"ကိုကို! ခဏလေးလို့ပြောနေတယ်လေ ''
မိမိနှင့် ခန္ဓာကိုယ်မတိမ်းမယိမ်းရှိသော အောက်ကလူက အားနှင့်တွန်းပစ်သောကြောင့် ခွန်လကျ်ာ အနေအထား အနည်းငယ်ပျက်သွားကာ လုပ်လက်စကိုရပ်၍ အောက်ကလူအား မကျေနပ်ဖြင့် မျက်ခုံးများတွန့်ချိုးကာ ကြည့်လိုက်သည် ။
"ကျစ်! ဘာလဲ ဆေးရာ မင်းက feelပျက်အောင်သိပ်လုပ်တာပဲ ''
အစားစားခါနီးမှ စားခွက်မှောက်ခံလိုက်ရတဲ့သူလိုမျက်နှာထားမျိုးဖြစ်နေသော ခွန်လကျ်ာအားကြည့်ကာ ဆေး ဟက်ဟက်ပက်ပက်ရယ်မိသည် ။
"I wanna taste a cigarette right now ''
အလိုက်သင့်ပေးလာသော mentholအရသာ marlboro smoothလေးအားယူကာ အသင့်ခြစ်ပေးထားသော မီးတောက်၌ ညှိယူ၍ အဆုတ်အတွင်းထဲထိ ဝင်အောင်ရှိုက်သွင်းလိုက်သည် ။
ဒီလိုရမ္မက်အပြည့်ဖြစ်နေတဲ့အချိန်ကို marlboro smooth နူးနူးညံ့ညံ့လေးရောပစ်လိုက်တာက အလှတရား တစ်မျိုးပဲ ။
ČTEŠ
Gay Activists Alliance (S1)Completed
PovídkyThis story contains mature contents, so read at your own risk