6.(End)

3.5K 197 11
                                    


မိုးရာသီဖြစ်သောကြောင့် သည်းထန်စွာရွာသွန်းသော မိုးနှင့်အတူ တိုက်ခိုက်နေသော လေကြမ်းများက ထောင်၏ သံတိုင်တွေကြားမှ တစ်ဆင့် ထောင်သားတွေဆီသို့ ဝေ့ဝဲတိုက်ခတ်နေသည် ။

ချမ်းစိမ့်စိမ့်ရာသီဥတု၌ ဆေးတစ်ယောက်ကတော့ နေထိုင်ရာ ထောင်ခန်း၏ ထောင့်စွန်းသို့ကပ်ကာ ဆရာချစ်ဦးညို၏ 'လင်္ကာဒီပချစ်သူ ' စာအုပ်အား စိတ်ဝင်တစားဖတ်နေလေသည် ။
စိတ်ဝင်တစားဆိုတာထက် ထောင်ထဲမှာ လုပ်စရာမရှိ၍ စာအုပ်တစ်အုပ်ယူကာ ကောက်ဖတ်နေခြင်းပင် ။
တကယ်ဆို ဒီလိုအချိန်က ကော်ဖီလေးတစ်ခွက်ဖျော်၍ စောင်အထပ်ထပ်ခြုံပြီး ကိုယ့်အခန်းလေးထဲမှာ နွေးနွေးထွေးထွေး စာအုပ်ဖတ်နေရမှာ ။
အခုတော့ စိတ်မကောင်းစွာနဲ့ပဲ ထောင်ထဲရာက်နေတာတော့မတတ်နိုင်ဘူး ။

တကယ်တော့ ဆေးထောင်ထဲရောက်နေတာ တစ်လပင်ရှိနေပြီဖြစ်သည် ။
ဆေး၏ ချစ်လှစွာသော ချစ်သူဖြစ်တဲ့ တရားသူကြီးချုပ် ခွန်လကျ်ာကိုယ်တိုင် ဆေးအား နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅-က နှင့် ထောင်ဒဏ် ၅နှစ် စီရင်ချက်ချခဲ့ခြင်းဖြစ်သည် ။

ဝမ်းနည်းလားမေးရင် သိပ်တော့မခံစားရပါဘူး ။
လူတွေက ကိုယ့်လ​မ်းကိုယ်လျှောက်ရတာချည်းပဲလေ ။
ခွန်လကျ်ာကိုလဲ သူ့အလုပ်သူလုပ်တယ်လို့ပဲ ဆေးက သဘောထားလိုက်တယ် ။
အာဏာနဲ့ အချစ်မှာ အာဏာကိုရွေးချယ်ခဲ့တဲ့ ချစ်ရသူက နောက်ဆုံးအချိန်ထိ ဆေးကို လာမတွေ့ခဲ့ပေ ။
ဆေးကို လျစ်လျူရှုခဲ့တာလား...ဒါမှမဟုတ်လဲ အစထဲကမချစ်ခဲ့တာလဲဖြစ်နိုင်တာပဲ.... ဆေးကသာ တစ်ယောက်ထဲ အချစ်ရူးလေးဖြစ်ခဲ့ရတာ...

မိုးကမစဲဘဲ တစိမ့်စိမ့်ရွာနေသောကြောင့် ဆေးတစ်ယောက် ခပ်ဆွေးဆွေးဖြစ်နေလေသည် ။
မိုးစက်မိုးပေါက်များကိုကြည့်ပြီး အတွေးတွေက လွန်လေပြီးသော ကာလတစ်ခုကို လွင့်ပျံ့သွားခဲ့လေသည် ။

************************

"အကို ထီးမပါလို့ ညီနဲ့ ကပ်ဆောင်းလို့ရလား ''

ဝါဆိုမိုးနဲ့အတူ ဆေးရဲ့ နှလုံးသားထဲ တငြိမ့်ငြိမ့်ဖြင့်ဝင်လာသည်က ခွန်လကျ်ာဆိုတဲ့ မေဂျာတူ စီနီယာအကိုတစ်ယောက် ။
-------------------------
"ညီက lawကလား အကိုလဲ law ကပဲ အကိုက law 3rd yrက ညီကရော ''

Gay Activists Alliance (S1)CompletedTempat cerita menjadi hidup. Temukan sekarang