Episode-9

5.2K 517 80
                                    

♡Unicode version♡

အကို့ကိုစတွေ့တုန်းကအချိန်လိုပဲ ပတ်ဝန်းကျင်မှာလေညှင်းသွဲ့သွဲ့ပြေးနေပေမဲ့ရိပေါ်နှလုံးသားထဲမှာတော့နွေးနေတယ်။သူ့ကိုကျောပိုးလျှက်ဖြေးဖြေးချင်းလှမ်းနေသည့်အကို့ခြေလှမ်းတွေအားလိုက်ငေးရင်းအဆောင်ပြန်သည့်လမ်းလေးဆုံးသွားမှာတောင်စိုးရွံ့မိတဲ့အထိပဲ။

တနေကုန်လေ့ကျင့်ရေးကွင်းထဲလှုပ်ရှားထားရတာမို့ချွေးနံလှိုင်ထနေရမည့်အစားအကို့မူပိုင်သစ်ရွက်စိမ်းအမွှေးရနံ့ကအနီးကပ်အနေထားကြောင့်ပဲလားမသိ ရိပေါ်နှာဖျားမှာလှိုင်လှိုင်လေးဝေ့ဝဲနေတယ်။မူမမှန်သည့်နှလုံးခုန်သံအားအကိုကြားသွားမည်စိုးတာကြောင့်အကို့မျက်နှာကိုတောင်မကြည့်ပဲလမ်းထက်ကအကို့ခြေလှမ်းလှုပ်ရှားမှုတွေကိုသာအာရုံစိုက်ထားမိတယ်။

"ရိပေါ်..."

"ဗျာ!..."

ရုတ်တရက်နားထဲတိုးဝင်လာသည့်အသံကြည်ကြည်။တဆက်တည်းရိပေါ်ဘက်မျက်နှာစောင်းငဲ့လိုက်သည့်ရှောင်းကျန့်ကြောင့်နှာဖျားချင်းကထိစက်လုလုနီးကပ်သွားကြတယ်။ခဏလေးအတွင်းရှောင်းကျန့်ကရှေ့ပြန်လှည့်သွားပေမဲ့ရိပေါ်ကမနေတတ်သလိုရှောင်းကျန့်လည်တိုင်စီနှာခေါင်းလုံးလုံးလေးတိုးကပ်မိသွားတယ်။

"ဖန်းဝေကိုကျ ဖန်းဝေကောလို့တရင်းတနှီးခေါ်ပြီး...ကိုယ့်ကိုကျ ဘာလို့စီနီယာဆိုတဲ့အခေါ်ဝေါ်နဲ့သူစိမ်းဆန်ချင်နေရတာလဲရိပေါ်!..."

အကို့အသံကြည်ကြည်ဟာပကတိငြိမ်ငြိမ်လေးဖြစ်ပေမဲ့အမေးခံရသည့်ရိပေါ်အဖို့တော့ရေငြိမ်ပေါ်ခဲပစ်ချလိုက်သလိုလှိုက်ခနဲပါပဲ။အကို့အားစိတ်ကျေနပ်စေရန်ဘယ်လိုဝါကျမျိုးသုံးရမည်ကိုလည်းရိပေါ်အပြေးအလွှားစဥ်းစားနေရတယ်။

"ဟို ဟို...ကျွန်တော်စီနီယာ့ကိုဘယ်လိုခေါ်ရမလဲမသိလို့...ကျွန်တော့်အခေါ်ဝေါ်အတွက် အနှောက်ယှက်ဖြစ်လို့လားဟင်..."

"အင်း...ကိုယ်ကရိပေါ်ထက်အသက်ကြီးတယ်...အဲ့တော့ ကိုကို အကို...တခုခုရွေးခေါ်...တခြားသူကိုမခေါ်တဲ့ဟာမျိုး!..."

LOVE ME,OK![Complete]Where stories live. Discover now