Episode-12

4.8K 513 54
                                    

♡Unicode version♡


"ဖေရှီး!...ရပ် မင်းအဲ့မှာရပ်စမ်း!!!..."

နောက်ပါးကလှမ်းခေါ်နေသည်ကအထက်စီးဆန်ပေမဲ့အသံပိုင်ရှင်ကမိမိနှလုံးသားဝပ်တွားမည်တဲ့သူမို့ဖေရှီးရောက်နေသည့်ကျောင်းကော်ရစ်တာမှာပဲခြေစုံရပ်လိုက်တယ်။ကျောပိုးအိပ်ကိုဘေးတစောင်းလွှဲတင်ထားရင်းအနားရောက်လာမည့်သူဘာပြောမလဲတွေးဆကြည့်မိသေး။

"ဖေရှီး!...ငါမင်းနဲ့ပြောစရာရှိတယ်..."

"စီနီယာဖန်းဝေနဲ့ကျွန်တော့်ကြားဘာကိစ္စများထူးပြောစရာရှိနေတာလဲ!..."

အစကတည်းကမျက်မှုန်းမကျိုးသည်မို့ဖေရှီး၏ဂျစ်တစ်တစ်ပုံစံကဖန်းဝေမျက်လုံးထဲကိုးလို့ကန့်လန့်။ကျောင်းသားတချို့ကသူနဲ့ဖေရှီးအားကွက်ကြည့်ကွက်လုပ်နေကြတာမို့ဖေရှီးကိုလက်ကောက်ဝတ်ကဆွဲခေါ်လာလိုက်တယ်။ကျောင်းကော်ရစ်တာတလျှောက်လုံးဆွဲခေါ်သည့်အတိုင်းငြိမ်ပြီးလိုက်လာသည့်ကောင်လေးကလှေကားထောင့်အကွယ်ရောက်မှစောင့်ရုန်းလာတယ်။

"စီနီယာ ပြောစရှိတာပြောပါ...ကျွန်တော်အတန်းပြန်ဝင်ရဦးမှာ..."

"မင်းဘာအချိုးချိုးနေတာလဲ...မင်းလုပ်ရပ်တွေဘာသဘောလဲဖေရှီး!..."

ဘာကိုပြောနေမှန်းမသိ၍ဖေရှီးကစဥ်းစားနေသလိုရှေ့ကဖန်းဝေမှာတော့အကြောင်းတခုခုကိုအခဲမကျေဟန်ဖြင့်အံကြိတ်ထားလျှက်။

"စီနီယာ ဘာပြောတာလဲ...ကျွန်တော်နားမလည်..."

"အဟက်!...မင်းကတကယ်တော့ ကြောင်သူတော်ကြွက်သူခိုးပဲဖေရှီး...ရိပေါ်နဲ့ငါ့ကြားမင်းလိုက်ရှုပ်နေတာတွေ...ရိပေါ်နဲ့နီးစပ်မှာကိုမလိုလားလို့ငါဂရုစိုက်သမျှမမြင်နိုင်အောင်မင်းအမျိုးမျိုးဖျက်စီးနေတာတွေ...ဘာသဘော...ဟမ်!...မင်းဖြေလေဖေရှီး..."

ဒေါသသံစွတ်နေသည့်ဖန်းဝေစကားကြောင့်ဖေရှီးဝမ်းနည်းစိတ်ရောရှက်စိတ်ပါဝင်လာမိတယ်။မလုံမလဲဖြစ်နေမည့်မျက်နှာအမူအရာကြောင့်ခေါင်းငုပ်လက်သီးစုတ်ထားပေမဲ့ရှေ့ကလူသားကိုလည်းသူခံစားချက်တွေကိုမြင်စေချင်သေးသည်။

LOVE ME,OK![Complete]Where stories live. Discover now