Episode-36

3.8K 363 54
                                    

♡Unicode version♡





"အကို ရက်စက်တယ်...အကို့ကိုကျွန်တော်ပိုင်တယ်ပြောပြီး...ကျွန်တော်မဟုတ်တဲ့တခြားတယောက်နဲ့အတူရှိဖို့ အကိုရွေးခဲ့တယ်...အကိုရက်စက်တယ်...အကိုမို့ကျွန်တော့်ကိုမေ့ထားရက်တယ်...အင့်!...ဟင့်!...အကို့ကိုကျွန်တော်လွှမ်းနေတာ...အကို့ကိုလွှမ်းနေခဲ့တာလို့!..."

"ဟာ့!..."

ချွေးတွေရွှဲနစ်နေအောင်ခြောက်ခြားဖွယ်နိုးထခဲ့ရတဲ့ရှောင်းကျန့်ရဲ့နံနက်ခင်း။ကုတင်နဘေးစားပွဲပေါ်ကနာရီကိုကြည့်မိတော့5:35AM။အိပ်ရာပေါ်ကထကာ မှန်ပြတင်းပေါ်ကခန်းစီးလိုက်ကာစကိုတွန်းဖယ်လိုက်တော့ မနက်ခင်းဝေလီဝေလင်းသာရှိသေးသည့်ဝန်းကျင်မှာ ပင်လယ်ပြင်ကျယ်ကျယ်ကလွဲရင် အရာအားလုံးက ငြိမ်ငြိမ်သက်သက်ပဲ။

"မင်းဘယ်သူလဲ..."

မျက်လုံးတွေမှိတ် လက်ပိုက်ရက်နေရင်းခေါင်းမော့ကာ ပင့်သပ်ရှိုက်လိုက်မိတယ်။ခပ်စိပ်စိပ်မက်လေ့ရှိသည့် မပီဝိုးတဝါးသူ့အိမ်မက်တွေထဲ အမြဲရှိနေတတ်သည့်ကောင်လေးတစ်ယောက်။ခံစားသိရှိနိုင်တာကလွဲလို့ ထိတွေ့လို့လည်းမရ မြင်လဲမမြင်နိုင်ပါပဲ သူ့ရင်ခွင်ထဲအမြဲလာငိုနေတတ်တယ်။ဒီတခေါက်အိမ်မက်ထဲမှာ ကောင်လေးကခါတိုင်းထက်ထူးပြီး သည်းကြီးမဲကြီးငိုနေခဲ့တာ သူတခြားတယောက်ကိုရွေးခဲ့လို့ပါတဲ့။

"ကျစ်!...မင်းဘာတွေခံစားနေရတာလဲကွာ..."

စုပ်တချက်သပ် ငြီးတွားရင်း ဆက်တွေးလေခေါင်းကိုက်လေမို့ ရှောင်းကျန့်ရေချိုးရန်သာရေချိုးခန်းထဲဝင်ခဲ့လိုက်တော့တယ်။နာကျင်နေသည့်သူ့နှလုံးသားက ဘာအမှားတွေများလုပ်ခဲ့မိပါလိမ့်။

_____

"ကိုကို...ကိုကိုကတော်လိုက်တာ..."

"သားကလေ...ဒီလိုရဲတိုက်လေးဆောက်ချင်တာ...ခုထိတခုတောင်မရသေးဘူး..."

"အဟင်း!...နောက်ဆိုသားသားတို့လည်းဆောက်တက်သွားမှာ..."

"ကိုကို့လို အရပ်ရှည်ပြီးချောလာရင်လားဟင်..."

"ဒါပေါ့ကွ!..."

ရှောင်းကျန့်hotelစကြ်ံလမ်းအတိုင်းလျှောက်လာတုန်းကြားလိုက်ရသည့်စကားသံတချို့။အသံလာရာကြည့်လိုက်တော့ အုန်းပင်အရိပ်အောက်မှာ သဲမြေတွေနဲ့ရဲတိုက်ဆောက်နေကြသည့် ကလေးသုံးယောက်နဲ့အလုပ်သင်ကောင်လေးဝမ်ရိပေါ်ကိုတွေ့တယ်။

LOVE ME,OK![Complete]Where stories live. Discover now