Chapter - 1

1.2K 135 15
                                    

{Unicode}

ဒါ​လေးက project မှာ မဲ​ပေါက်ထားတဲ့ အစ်မအတွက်​ရေး​ပေးထားတာ​လေးပါ။ wp ကစာဖတ်သူ​တွေပါ ဖတ်လို့ရ​အောင် တင်​ပေးလိုက်ပါတယ်။ completed ဖြစ်ပြီးသား short story လေးမို့ အဆုံးထိ ဖတ်​ပေးကြပါဦးလို့ ♡

~~~~~

တဖွဲဖွဲကျ​နေတဲ့ ငွေနှင်းမှုန်​တွေ​ကြောင့် ပတ်ဝန်းကျင်ဟာ စိုထိုင်းကာ အုံ့အုံ့မှိုင်းမှိုင်း။ ဒီဇင်ဘာလ​ရောက်ပြီမို့ အ​အေးဓါတ်ကလည်း ပုံမှန်ထက်ပို​နေသ​ယောင်။ ညခုနစ်နာရီ​လောက်သာ ရှိ​သေး​ပေမယ့် ပတ်ဝန်းကျင်က တိတ်ဆိတ်​နေနှင့်ပြီ။

နှင်းဖုံး​နေတဲ့လမ်း​ပေါ်မှာ စက်ဘီးနင်းရင် ဘီး​ချော်မှာစိုးတာ​ကြောင့် နမ်ဂျွန်း စက်ဘီး​လေးကို လက်ကတွန်းပြီးသာ လျှောက်လာခဲ့ရသည်။ လမ်းက ဖိနပ်နဲ့ချော​နေလို့ ချော်မကျ​အောင် သတိကြီးကြီးထားရင်း​နဲ့ပေါ့။

"Meow.. meow"

နမ်ဂျွန်း​နေတဲ့လမ်းထဲ ချိုးဝင်လာတုန်း ကြောင်​လေးတစ်​
ကောင်အော်နေသံကို နီးနီးနားနားက​နေ ကျယ်​လောင်စွာကြားရတာ​ကြောင့် နမ်ဂျွန်းဟိုဟိုသည်သည် ကြည့်လိုက်မိသည်။ ကြောင်နဲ့တူတဲ့ သဏ္ဍာန်မျိုးကို အရိပ်​လေး​တောင် မ​မြင်​ပေမယ့် အော်​နေသံက ရပ်မသွား။

ကြောင်​လေး​တွေ ချစ်တတ်တဲ့သူပီပီ နမ်ဂျွန်းဒီအတိုင်း ကျော်မသွားနိုင်ပါ။ ကြောင်​လေးက အေးလို့​အော်​နေတာလားမသိ။ အကယ်၍ ပိုင်ရှင်မရှိတဲ့ ကောင်ငယ်​လေးဆိုရင် သည်လိုရာသီဥတုမျိုးနဲ့ အပြင်မှာတင် အေးခဲပြီး သေသွားနိုင်သည်မဟုတ်ပါလား။

အသံတဆာဆာနဲ့ ဘယ်​ချောင်က​နေ အော်​နေမှန်းမသိတဲ့ ကြောင်​လေးကို ထွက်လာဖို့ နမ်ဂျွန်းကိုယ်တိုင် ကြိုးပမ်းရ​တော့သည်။ ပါးစပ်က တမီမီနဲ့ အော်​နေသလို ကြောင်​လေး​တွေအသံလို တ​မြောင်​မြောင်လည်း လုပ်​နေမိ​သေးသည်။ တခြားလူမြင်ရင် ထိုင်ရယ်​နေမလားပဲ။

ငါးမိနစ်​လောက် စောင့်​နေပြီး​တော့မှ ခပ်ပိန်ပိန်ကြောင်​လေးတစ်​ကောင်က သစ်ပင်အကွယ်နား​လေးက​နေ ထွက်လာ​လေသည်။ နမ်ဂျွန်းကိုမြင်​တော့ အဲ့ခပ်​သေး​သေး အဖြူလုံး​လေးက ချက်ချင်းမလာဘဲ ကြောင်ကြည့်​နေ​သေးတာ။

My Beloved CatWhere stories live. Discover now