Chapter - 4 (Final)

736 129 11
                                    

{Unicode}

"မင်နီး.."

"ဂျီမင်.."

နမ်ဂျွန်း ဂျီမင့်ကို တစ်အိမ်လုံးလိုက်ရှာနေ​ပေမယ့် ဘယ်မှာမှမ​တွေ့ပေ။ တစ်ခြံလုံးလှည့်ပတ်ရှာပြီး​ပေမယ့် သူက​ပေါ်မလာ။ ဘယ်​ရောက်​နေလဲမသိ။ အိမ်ထဲကို နောက်တစ်ခါထပ်ရှာဖို့ပြင်တုန်း အိမ်တံခါးဝမှာ စာရွက်​လေး​တစ်​စောင်​တွေ့လို့ နမ်ဂျွန်း​ကောက်ယူလိုက်သည်။

မညီမညာ​​လက်​ရေး​လေး​တွေနဲ့ ရေးထားတဲ့စာတစ်​ကြောင်းက နမ်ဂျွန်းရင်ကို ခွဲလိုက်သလိုမျိုး။ "လူကြီးထားခဲ့တာ မခံချင်လို့ ကျွန်​တော်ပဲ ထားခဲ့ပါ​တော့မယ်၊ ဒီအ​တောအတွင်း ပျော်ခဲ့ရပါတယ်"တဲ့။

မဟုတ်​သေးဘူး​လေ။ အဲ့လိုထားခဲ့မယ့် သ​ဘောမျိုးနဲ့ ပြောတာမှမဟုတ်တာကို။ ပြန်လာမှာပါလို့ သေချာ​ပြောခဲ့ရဲ့သားနဲ့။ နမ်ဂျွန်းတစ်​ယောက် သက်ပြင်းချမိရုံမှလွဲ...။

ခေါင်းငိုက်စိုက်ကျပြီး အိမ်ထဲဝင်သွားတဲ့ နမ်ဂျွန်းကို သစ်ပင်တစ်ပင်​ပေါ်က​နေရင်း သစ်ကိုင်း​တွေရဲ့ အကွယ်က​နေ ငေးကြည့်​နေတဲ့ ကြောင်​​လေးတစ်​ကောင်ရှိ​နေတာကို​တော့ ဘယ်သူမှ သတိမထားမိလိုက်​ပေ။ ထို့​နောက်​တော့ ကြောင်ဖြူ​လေးလည်း အိမ်ခေါင်မိုး​တွေ​ပေါ် ဖြတ်​ရင်း ဝေးရာဆီကို ထွက်ခွာသွား​​လေ​တော့သည်။

အရင်လို နေရာတကျ ပြန်ဖြစ်သွားတာကလွဲပြီး ဘာမှ​မ​ပြောင်းလဲသွားပါဘူး။ လူကြီးက​တော့ သူ့အလုပ်နဲ့သူ တစ်ကိုယ်တည်း ရှုပ်​နေတဲ့သူဖြစ်ပြီး ကျွန်​တော်က​တော့ စွန့်ပစ်ခံရလို့ လျှောက်သွား​နေရတဲ့ ပိုင်ရှင်မဲ့ ကြောင်တစ်​ကောင်ပါပဲ။

~

နွေ၊ မိုး၊ ဆောင်း​တွေ အလီလီ​ပြောင်း​နေလည်း လူကြီးဟာ ပေါ်မလာ။ လူကြီး​နေခဲ့တဲ့ တစ်ထပ်တိုက်လေး​ရဲ့ ပတ်ဝန်းကျင်မှာ ဂျီမင် အမြဲတမ်းရှိ​နေ​သော်လည်း အိမ်ငယ်​လေးက​တော့ တိတ်ဆိတ်ဆဲ။ ပြေးဝင်စရာ အိမ်မရှိတဲ့ ဆောင်းည​တွေမှာ အချမ်းပိုတာပဲ အဖတ်တင်တယ်။

တစ်ခါမှ မရဖူးတဲ့ ဂရုစိုက်မှု​တွေ​ရော၊ နွေး​​ထွေးမှု​တွေ​ရော၊ ပျော်ရွှင်မှု​တွေ​ရောက လူကြီးနဲ့မှ ရဖူးတာမို့ ဂျီမင်တောင့်တမိတာ​တော့ မဆန်းဘူးမလား။ လူကြီးရဲ့ ရင်ခွင်ထဲမှာ နွေး​နွေး​ထွေး​​ထွေးနေခွင့်ရခဲ့တဲ့ တစ်ခုတည်း​သော​ဆောင်းဟာ အခုထိ အာရုံ​တွေထဲ စီးဆင်း​နေဆဲပဲ။ ခြောက်နှစ်​တောင်ကြာသွားပြီ။ လူကြီးက​တော့ ပြန်မလာ​တော့ဘူးထင်တယ်။

My Beloved CatWhere stories live. Discover now