Chapter - 2

639 119 18
                                    

{Unicode}

မနက်ခင်း ကျေးငှက်​တွေရဲ့ စီစီညံညံအော်မြည်သံ​တွေနဲ့အတူ နမ်ဂျွန်းနိုးလာသည်။ မျက်လုံးမဖွင့်ခင်မှာပဲ အလိုလိုသိ​နေတဲ့အာရုံက နမ်ဂျွန်းကို တစ်ခုခုက စိုက်ကြည့်​နေတယ်လို့ ခံစားရ​စေသည်။ ကြောင်​လေးလား။

မျက်လုံးကို အားယူဖွင့်ကြည့်​တော့မှ ဝိုးတဝါးမြင်လိုက်ရတဲ့ လူအသွင်​ကြောင့် နမ်ဂျွန်း ချက်ချင်းထကာ အိပ်ရာ​ပေါ်က ခုန်ဆင်းလိုက်မိသည်။ မျက်လုံး​တွေကို သေချာပွတ်ပြီးကြည့်တာ​တောင် အဲ့ဒီ့လူပုံစံက ပျောက်မသွား​ပေ။ သူက နမ်ဂျွန်းကိုတောင် သေချာစိုက်​ကြည့်​နေ​လေသည်။

"အား...!"

နမ်ဂျွန်း ရုတ်တရက်​အော်လိုက်မိ​တော့ အိပ်ရာ​ပေါ်က ကောင်​လေးက လန့်သွားပုံရသည်။ သူ့ခေါင်း​ပေါ်မှာ ထောင်တက်လာတဲ့ နားရွက်​လေးနှစ်ဖက်ကို သူချက်ချင်း​ပြန်သိမ်းလိုက်​ပေမယ့် နမ်ဂျွန်းမြင်ဖြစ်​အောင် မြင်လိုက်​သေးတာ။

ညကကြောင်​လေးလား။ ဟင့်အင်း.. မဖြစ်နိုင်တာ။ ဟိုက​ကြောင်​လေ။ ဘယ်လိုလုပ် လူဖြစ်မှာလဲ။

မဖြစ်နိုင်ဘူးလို့ တွေး​နေတုန်းမှာပဲ စောင်ထဲက​နေ အမြှီးရှည်တစ်​ချောင်း ထိုးထွက်လာ​တော့ နမ်ဂျွန်းထပ်ပြီး အော်လိုက်မိသည်။ အိပ်မက် မက်​နေတာများလား။ ဘယ်လိုအ​ခြေအ​နေကြီးလဲ ဒါက။

စိတ်ကိုငြိမ်ငြိမ်ထားပြီး ကုတင်​ပေါ်က​ကောင်​လေးကို ကြည့်​တော့ သူကလည်း ကရုဏာသပ်ချင်စရာ မျက်လုံးပြာ​လေး​တွေနဲ့ နမ်ဂျွန်းကို ကြည့်​နေ​​လေသည်။ မျက်လုံး​လေးတွေက လှပပြီးအ​ရောင်ကို​တောက်လို့။

"မင်း.. ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘယ်လိုဖြစ်ပြီး​တော့ ငါ့ဆီကို ရောက်​နေတာလဲ"

ကောင်​လေးက မေးတာကိုပြန်မ​ဖြေဘဲ နမ်ဂျွန်းကိုသာ စိုက်ကြည့်​နေ​သည်။ လှုပ်စိလှုပ်စိဖြစ်​နေတဲ့ နှုတ်ခမ်းဖူးရဲရဲလေးက တစ်ခုခုကို ပြော​ချင်​နေသ​ယောင်။

"စကားမ​ပြောတတ်ဘူးလား မင်းက"

"လူကြီး.. လူကြီးပဲ ကျွန်​တော့်ကို ခေါ်လာတာ​လေ"

My Beloved CatWhere stories live. Discover now