Chapter - 3

598 119 6
                                    

{Unicode}

"လူကြီး!"

နမ်ဂျွန်းအလုပ်က ပြန်​ရောက်​တိုင်း လူကြီးဆိုတဲ့ ကြိုဆိုသံကို ကြားရမြဲ။ အဲ့ဒါအပြင် လူကြီးလို့​ခေါ်ပြီး ဂျီကျသံ၊ ချွဲသံ​လေး​တွေကို နမ်ဂျွန်း​နေ့တိုင်း မကြားရမ​နေနိုင်သလို​တောင် ဖြစ်​နေပြီ။ တစ်​ယောက်တည်းအဆင်​ပြေ​နေရင်းက နမ်ဂျွန်းဘဝထဲ ဝင်လာတဲ့​​ကောင်​လေးကို လက်လွှတ်​မပေးလိုက်ချင်။

လောဘကြီးတယ်ပဲ​ပြော​ပြော တခြား​နေရာကို ထွက်မသွား​စေချင်ပါ။ သူ့မှာလည်း သူ့​အ​ကြောင်းနဲ့ သူ့အတိတ်​တွေ ရှိ​နေမှာ​ပေမယ့် မေးမယ်လို့စကားစတိုင်း မှိုင်​​ထွေ​ထွေ​​လေး ဖြစ်သွားတတ်လို့ နမ်ဂျွန်းမ​​မေးမိ​တော့။ သိလည်းမသိချင်။ ဒီအတိုင်း အနားမှာရှိ​နေရင်ကို ကျေနပ်တာမို့လို့။

"လူကြီးအတွက် surprise ရှိတယ်"

အလုပ်ကပြန်ရောက်ပြီး အိမ်ထဲဝင်လာလာချင်းမှာပဲ ဂျီမင်က ဆီးကြိုပြီး​ပြောတာ​ကြောင့် ဘာဖြစ်မလဲဆိုတာ နမ်ဂျွန်းသိချင်သွားသည်။ ဒီ​နေ့မှ ထူးထူးဆန်းဆန်း။

"ဘာစပရိုက်စ်လဲ မင်နီး"

"ဟီး..."

ဟီးခနဲ တစ်ချက်ရယ်ကာ "Ta da!" ဟု​​ရေရွတ်ရင်း သူ့ကျောနောက်မှာ ဝှက်ထားတဲ့ သူ့လက်ကို နမ်ဂျွန်းမျက်နှာ​ရှေ့ ဆန့်တန်းပြလာသည်။

"အား!!"

နမ်ဂျွန်းရဲ့ အော်သံ​ကြောင့် ခြံထဲက သစ်ပင်မှာအိပ်တန်းတက်ဖို့ ပြင်​နေတဲ့ ငှက်တစ်သိုက် ဝုန်းခနဲ ပျံပြေးကြ​လေသည်။ ဂျီမင်ဆိုတဲ့ ဟာ​​လေးက မြွေတစ်​ကောင်ကို ခေါင်းက​နေကိုင်ထားရင်း တွဲ​လောင်းကြီးချပြမှ​တော့ ကင်မ်နမ်ဂျွန်း​တို့ အော်မိတာမှားတယ်မထင်။

"ခိခိ၊ အ​သေကြီးပါ လူကြီးရဲ့"

"ဂျီမင်!"

နမ်ဂျွန်း လေသံမာတော့ ဂျီမင်ဟာ ချက်ချင်းမျက်နှာ​လေးငယ်သွား​သေး။ ဆိုးလို့ရမှန်းသိလို့ သပ်သပ်ဆိုး​နေမှန်း နမ်ဂျွန်းသိသည်။ သူဆိုးသမျှ နမ်ဂျွန်းကလည်း အကုန်ခွင့်လွှတ်၊ အလိုလိုက်မိ​နေတာကိုး။ တစ်ခါ​လောက်​တော့ ဆူ​ပေးမှ။

My Beloved CatWhere stories live. Discover now