Chapter 3(Unicode)

1.5K 234 2
                                    

Chapter 3

" ကျူးကျူး...."

" ဟမ်?"

ရှောင်လီဟွား သူ့ ဝယ်လာသည့် မုန့်ကို တည်ငြိမ်စွာ
စားနေသည့် ဟေကျူး၏ ခေါင်းလေးကို ဖွရင်း ခေါ်လိုက်တော့၊ ဟေကျူးက အသံခပ်တိုးတိုး ပြန်ထူးလာ၏။

" ငါ မင်းကို သဘောကျတယ်။ "

" အင်း..."

စားနေလက်စ မုန့်ကို မြိုချပြီးနောက်၊ ဟေကျူးက ပါးစပ်သုတ်လိုက်ရင်း တည်ငြိမ်စွာ အသံပြုလာ၏။

" ငါက ကပ်စေးနည်းပေမဲ့ မင်းအတွက်
အချစ်တွေတော့ ပုံပေါလအော ပေးနိုင်တယ် "

ရှောင်လီဟွား အယူခံဝင်လိုက်ကာ မျှော်လင့်တကြီး
ဟေကျူးကို ကြည့်လိုက်၏။

" အချစ်ကို ကျွန်တော်က ဘာလုပ်လို့ရမှာလဲ...။
စားလို့မှမရတာ။ "

ဟေကျူးက တည်ငြိမ်စွာပင် ဆိုကာ ထိုင်ခုံပေါ် ထိုင်လာရင်း တီဗွီအစီအစဥ်တစ်ခုကို လှမ်းဖွင့်လိုက်၏။
တီဗွီက ပေါ်ထွက်လာသည့် သီချင်းသံသဲ့သဲ့ဟာ
ဧည့်ခန်းလေးထဲ မျောလွင့်လျက်...။

" ငါ မင်းကို တင်ကြွေးထားတာပဲလေ...။"

" ငါက ဒီလောက်တောင် ချစ်ပေးနေတာကို...
မင်းက မခံစားတတ်ဘူးလား။"

ရှောင်လီဟွား လို ကပ်စေးနည်းသည့်လူဟာ ဟေကျူးအတွက် ပိုက်ဆံကို သုံးစွဲသည်လေ။ ဒါ သူ့၏
အစွမ်းကုန် ချစ်နည်းပင်။

" ဟုတ်လား ကျွန်တော်တော့ ခင်ဗျားအချစ်ကို
မခံစားမိဘူးရော်။ ခင်ဗျား ငွေမက်တာပဲ ခံစားမိတာ။ "

ဟေကျူး ဆက်တွေးကာ ပြောလိုက်၏။

" လူတိုင်းက ငွေမက်ကြတာပါပဲ။
ဒါပေမဲ့ ခင်ဗျားကတော့ ဘာလို့
သိသာအောင် ဖော်ပြနေတာလဲ။ ကျွန်တော်
စဥ်းစားလို့မရဘူး။ "

" ဟမ်? ငါတော့ ငွေမက်တာကို အပြစ်လို့ မခံစားမိပါဘူး။ ငါ့လုပ်အားခ ငွေ ငါ မက်မောတာ
အပြစ်မှမဟုတ်တာ..."

" ခင်ဗျား ကျွန်တော့်ကို ချစ်တာလား?"

" ယောကျာ်းတစ်ယောက်မှာ အရူးအသွပ်ဆုံး ကာလအပိုင်းအခြားဆိုတာ ရှိတယ်။ ငါက
ဒီကာလတွေကို ဖြတ်ကျော်ခဲ့ပြီးပြီ။ ဒါကြောင့်
သေချာတယ်။ ငါ မင်းကို သဘောကျတယ်။ "

" ကောင်းပြီလေ...။ ဒါဆို ကျွန်တော့်အောက်မှာနေပေး။ "

သူ့၏ ခန္ဓာကိုယ် တစ်ဝက်ခန့်မျှတောင် မရှိ၊ ပိန်ပါးပြီး
ဖြူသွယ်သည့် ကောက်ငယ်လေးဟာ သူ့ကို အောက်ထပ်သို့
ဆင်းခိုင်းလာသဖြင့် ရှောင်လီဟွား ပြုံးလိုက်၏။

"ဒီလိုမှ ဖြစ်မှာလား?"

" ခင်ဗျားသဘောပဲလေ..."
ဟေကျူးဟာ ဘယ်လိုမှ သဘောမထားဘဲ ဆိုလာ၏။

ဆက်ခနဲ ဆွဲ၍ ရှိုက်နမ်းလာမှုကြောင့် ဟေကျူး
ခဏမျှ ကြောင်အ'သွားပြီးနောက်၊ ပြန်လည် ဦးဆောင်၍ ရှောင်လီဟွား ကို ရှိုက်နမ်းပြီး အိပ်ခန်းထဲသို့
ဦးဆောင်ခေါ်ယူသွားချေသည်။

.

.

.

.

ဟေကျူး အိပ်မောကျနေသည့် ရှောင်လီဟွားကို
ကြည့်ကာ ၊ သူ့ချွတ်ချထားသည့် အင်္ကျီကို
လှမ်းယူပြီး အိပ်ကပ်ထဲသို့ နှိုက်ယူရင်း ချက်လက်မှတ်ထုတ်ကာ လက်မှတ်ထိုးလိုက်၏။ ပြီးနောက် သူ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်
ပြန်ဝတ်လိုက်ချေသည်။

ရှောင်လီဟွား၏
မို့အစ်နေသည့် ခပ်ဖောင်းဖောင်း
မျက်ခွံတစ်စုံအား ဟေကျူး
ခပ်ဖွဖွ နမ်းရှိုက်လိုက်၏။

" ရှောင်လီဟွား...ထတော့လေ...။"

"ရော့ ခင်ဗျားအတွက် တန်ရာတန်ကြေး..."

ရှောင်လီဟွား နာကျင်နေမှုကို မေ့လျော့ကာ၊ ကုတင်ပေါ်က ဝုန်းခနဲ ထရပ်ရင်း ချက်လက်မှတ် ကမ်းပေးလာသည့် ဟေကျူးကို ကုတင်ပေါ်ကနေ ကန်ချလိုက်တော့သည်။

သူ့ကို မျက်နှာသေလေးဖြင့် ငေးကြည့်နေသည့်
ဟေကျူး၏ ဂုတ်ကို တရွတ်တိုက် ဆွဲကာ၊ အိမ်အပြင်သို့ ဆွဲထုတ်လိုက်ချေတော့သည်။

ဒီခွေးသားကို သူ ရိုက်လို့ရမလား။
တစ်ယောက်ယောက် ပြောကြစမ်းပါအုံး။ ရိုက်သတ်ပစ်လို့ရမလားလို့။

"ခင်ဗျားက မပျော်ဘူးလား။ ခင်ဗျား
အရင်ကဆို ပိုက်ဆံရရင် ပျော်နေပြီးတော့။"

သူ သူ့ကို ပျော်စေချင်လို့လေ။ သူ မှားသွားလို့လား။

" မင်း သွားတော့! ငါ့ဆီ ဘယ်တော့မှ ပြန်မလာနဲ့!"

ဟေကျူးဟာ အိမ်အပြင်ဘက်မှာ မျက်နှာသေလေးဖြင့် အိမ်ထဲသို့ ငေးမောနေဆဲသာ....။

အချိန်တစ်ခု ကြာတော့...၊ ရှောင်လီဟွား၏
ရှိုက်အော်ငိုသံကို ဟေကျူး ကြားလိုက်ရ၏။
သူ ဘာမှားသွားလို့ ရှောင်လီဟွားက ငိုနေရတာလဲ။

ထိုသို့တွေးရင်း... ဟေကျူးဟာ အိမ်၏ ဝေးရာဆီ ထွက်သွားခဲ့ချေတော့သည်။

Scrooge's love! (Complete)Donde viven las historias. Descúbrelo ahora