Chapter 2(Unicode)

1.9K 227 0
                                    

Chapter 2

ဟေ့ကောင်လေး...မင်း အဆင်ပြေရဲ့လား? “

ရှောင်လီဟွား သွေးတွေအပြည့်နှင့် ဖြစ်နေသည့်
ကောင်လေးအရှေ့ကို ဒူးကွေးထိုင်ရင်း
မေးမြန်းလိုက်၏။

ဘယ်ဘက်လက်ကို မျက်လုံးပေါ်တင်ရင်း မြေကြီးပေါ် လှဲနေသည့် ကောင်ငယ်လေးသည်ကား သူ့ထံ အကြည့်တစ်ချက်ဖြင့် လှမ်းကြည့်လာ၏။

ထိုအကြည့်ထဲတွင် မည်သည့်ခံစားချက်မျှ မပါ။
အသက်မဲ့နေသည့် မျက်ဝန်းတွေလို
စိတ်ဝိညာဥ်ကင်းမဲ့နေသယောင် ....။

မင်း မနာဘူးလား?”

“ အင်း...”

စိတ်လျော့ချလိုက်ပုံရသည့် ကောင်ငယ်လေးဟာ
ပုံလဲသွားပုံရ၏။ သူ့ထက် သေးငယ်သည့်
ကောင်လေးကို ကြည့်ရင်း ရှောင်လီဟွား
သနားစိတ် တဖွားဖွားပေါ်လာ၏။ ထိုအချိန်တုန်းက
ရင်ထဲ၌ ပေါ်လာသည့် နတ်ဆိုးတိုက်တွန်းမှုသည်
ထိုကောင်ငယ်လေးကို ခေါ်သွားရန် ဆော်သွေးခဲ့ပုံရ၏။

ရှောင်လီဟွား  ထိုကောင်လေးကို ကုန်းပိုးသယ်ကာ
သူ့အိမ်လုံးချင်းသေးသေးလေးဆီ ဦးတည်သွားလိုက်တော့သည်။

ခင်ဗျား ကျွန်တော့်ကို ဘယ်ခေါ်သွားတာလဲ?”

“ အိမ်ကိုလေ....”

ထိုကောင်ငယ်လေးသည် အိမ်ဆိုသည့်အသံကြောင့် တိတ်ဆိတ်ငြိမ်သွားကာ အသက်ကို ခပ်ညှင်းညှင်း
ရှုရှိုက်လာ၏။

အိမ်ကိုတဲ့လား....”

ရှောင်လီဟွား  သေးသွယ်သည့် ကောင်လေးကို သူ့၏ ကြီးမားကျယ်ပြန့်လှသည့် ကျောပေါ်၌ ပိုးထားရင်း အိမ်တံခါးကို ဖြေးညှင်းစွာ ဖွင့်လိုက်၏။ ပြီးနောက်
မီးခလုတ်ကို လက်ဖြင့် စမ်းဖွင့်ကာ၊
ဆိုဖာသေးသေးလေးထက် ဦးတည်ရင်း အသေးလေးကို ဆိုဖာထက် ဖြေးညှင်းစွာ တင်ပေးလိုက်၏။

ပြီးနောက် မနက်က ကြိုထားသည့်
ရေနွေး ခပ်နွေးနွေးကို တဘက်တစ်ခုနှင့် စိမ်လိုက်ကာ၊ ဆေးသေတ္တာ ယူရင်း အသေးလေးဆီ လျှောက်သွားလိုက်၏။

ထိုကောင်လေးသည် ဒဏ်ရာတွေကို နာကျင်ပုံမရ။ ကြောင်လေးတစ်ကောင်က နေရာသစ်ကို
စပ်စုသလိုမျိုး သူ့အိမ်အနှံ့ မျက်လုံးကို
ဝေ့ဝဲကြည့်နေခဲ့၏။

Scrooge's love! (Complete)Où les histoires vivent. Découvrez maintenant