~ ၁

42 3 0
                                    

[Unicode]
~~~~~~~~~~

ငါဒီနေ့အသဲကွဲနေတယ်
အာ..မဟုတ်သေးဘူး အသဲကွဲချင်သလိုဖြစ်နေတာ

နေဦး ဒါလဲမဟုတ်သေးပြန်ဘူး
အသဲကွဲချင်သလိုဆိုပေမဲ့ ငါ ဝမ်းနည်းမနေဘူး အဲ့ဒီအစား ရင်တွေပိုခုန်နေသလားပဲ
ထားလိုက်ပါတော့ ဒါကြီးက ဘာခံစားချက်ကြီးမှန်းငါလဲနားမလည်ဘူး
ုငါအခုအဓိက ပြောချင်တာက ဒါမဟုတ်ဘူး

ငါပြောချင်တာက တကယ်ကို သတင်းထူးကြီး
သေချာနားထောင်နော် အဲလေ သေချာဖတ်နော်

ငါ့မှာ ၃လလောက်crushခဲ့ရတဲ့ကောင်လေးတစ်ယောက်ရှိတယ်
ငါသူ့ကို စသိခဲ့တာ ရေဒီယိုအစီအစဉ်တစ်ခုမှာ
ငါအဲ့ဒီနေ့က ဖုန်းထဲကသီချင်းတွေနားထောင်ရတာ ရိုးလာလို့ဆိုပြီး ငါရေဒီယိုဖွင့်လိုက်တာ အဲ့ဒီအချိန်မှာ သူ့အစီအစဉ်လေး လာနေတာ
အဲ့ဒီကစလို့ ငါရေဒီယို စနားထောင်ဖြစ်တာပဲ
သူ့ရဲ့အစီအစဉ်လေးတွေက တကယ်ကိုနှစ်သက်စရာကောင်းတယ်
သူပြောပြတဲ့ ဗဟုသုတတွေ ဘဝဒဿနတွေ အများကြီးအများကြီးကလဲ ငါ့အတွက်တန်ဖိုးရှိတယ်
သူဖွင့်ပေးတဲ့သီချင်းတွေကလဲ တကယ်ကို ငါ့အကြိုက်တွေချည်း
အဲ့ဒါနဲ့ပဲ သူကငါ့crushဖြစ်လာခဲ့တာ

အခုတော့ အဲ့ဒီcrushကြောင့် ငါ့ခံစားချက်တွေ မတည်မငြိမ်ဖြစ်ကုန်ပြီ အဲ့ဒါက သူရည်းစားရသွားလို့လဲမဟုတ်ဘူး သူ့အစီအစဉ်တွေကနှုတ်ထွက်သွားလို့လဲမဟုတ်ဘူး
ဘာလို့လဲဆိုတော့ သူက ကောင်လေးမဟုတ်ပဲနဲ့ ကောင်မလေးတဲ့
မနေ့က ငါ့အမေမိတ်ဆက်ပေးပြီးတော့မှ သူက ငါခွက်ရှ်နေတဲ့ကောင်လေးမှန်းသိခဲ့ရတာ..

ဟေး!!!ငါ့ကို အရမ်းတုံးတယ်ဆိုပြီး ရယ်နေကြတယ်မလား..
တကယ်တော့ ငါတုံးတာမဟုတ်ဘူး
သူ့အသံက တကယ်ကို ယောကျ်ားလေးဆန်ဆန်လေးနဲ့ သြရှရှလေး
ပြီးတော့ စကားပြောရင်သူ့ကိုသူ ကျွန်တော် ကျွန်တော်နဲ့
အဲ့ဒီမှာ ငါစလွဲတာပဲ

ပြီးတော့ မင်းတို့တွေးနေကြတယ်မလား သူ့ပုံကိုသွားမကြည့်ရကောင်းလားဆိုပြီး

တကယ်တော့ ငါ သူ့fb accကို ရအောင်စုံစမ်းပြီး ခဏခဏဝင်ကြည့်ဖြစ်တယ်
ဒါပေမဲ့ သူက သူ့ပုံမတင်ဘူး၊သူ့wallထဲမှာ share postတွေချည်းပဲ...အဲဒီလိုfb accနဲ့ ငါဘယ်လို ကျား၊မ သွားခွဲရမှာလဲ...

ငါကြိုက်နေတဲ့ကောင်လေးက တကယ်တော့ကောင်မလေးတဲ့[U+Z]Where stories live. Discover now