~ ၃

31 2 0
                                    

[Unicode]
.....................

ဟေး!!!!ငါအခုမှ တကယ်အသဲကွဲသွားတာ သိလား သိလား!!!
ဒီနေ့ ငါ့အမေလေ ငါ့ကို သူနဲ့ထပ်ပြီးမိတ်ဆက်ပေးတယ်

"ဒါနင့်အကိုနဲ့စေ့စပ်မယ့် ကောင်မလေး"တဲ့

အဲ့ဒီမှာတင် ငါမျက်ရည်ဝဲလာပြီး တကယ်ကြီး အော်ငိုချပစ်လိုက်တာ
သူ့အဖေအမေရော သူရော ငါ့အမေရော ငါ့ကို ထူးထူးဆန်းဆန်းကြီး ကြည့်နေကြလဲ ငါဂရုမစိုက်အားဘူး ငါငိုချင်တာပဲ သိတော့တယ်

ငါငိုတာ ငါ့အမေမြင်တော့ ငါ့ကို အားပေးရှာပါတယ် ဘာတဲ့

"ငါ့သမီးအတွက်လဲ မေမေရှာပေးမှာပါ အားမငယ်နဲ့"တဲ့

ငါငိုနေတဲ့ရုပ်က ယောက်ျားမရမှာစိုးလို့ ငိုနေတဲ့ရုပ်နဲ့ ဘယ်နားက တူနေလို့လဲလို့!!!!

သူ့အဖေနဲ့အမေကလဲ ငါ့ကိုပြုံးစိစိနဲ့ပြောလာပါရဲ့

"သမီးက သမီးအစ်ကိုကို အရမ်းချစ်တာပဲနော်"တဲ့

"သမီးငိုတာ အန်တီတို့သမီးကို လိုချင်လို့ပါ "လို့ပြောလိုက်ရင် လူကြီးတွေ သွေးဆောင့်တက်သွားမှာ စိုးရိမ်လို့ ငါမပြောဖြစ်လိုက်ဘူး

သူကတော့ ငါ့ကို အရယ်အပြုံးမရှိတဲ့ မျက်နှာကြီးနဲ့စိုက်ကြည့်နေရောပဲ

ငါတကယ်ငိုချင်နေတာ တကယ်ငိုနေတာလို့!!!!

ငါကတော့ သူလက်ထပ်တော့မှာကြောင့် ငိုလိုက်ရတာ
သူကတော့ ငါ့ကိုအဲ့လိုချည်းစိုက်ကြည့်နေတော့ ငါ့ရဲ့ စိတ်တိုနံှ့နှံ့လေးက ထကြွလာပြီး ငါ့ရဲ့ လက်နက်ကို ထုတ်ပြီး တိုက်ခိုက်ရတော့တာပဲ

ဒါပေါ့ ငါသူ့ကို မျက်စောင်းတွေချည်း လှိမ့်ထိုးပစ်လိုက်တယ်လေ

သူကတော့ ဒီတစ်ခါ အံ့အားသင့်နေတဲ့ မျက်နှာဖြစ်သွားလေရဲ့
ငါသူ့ကို အသဲယားလိုက်တာ ဆိုတာလေ ဖက်ဖက်ပြီးကို နမ်းချင်လိုက်တာ

ကဲပါ နမ်းချင်တာကို ခဏထားပြီး တကယ်အရေးကြီးတဲ့ ကိစ္စကိုပြောမယ်
ငါသူ့ကို ကြိုက်ရုံတင်မဟုတ်တော့ဘူး ချစ်ပါချစ်သွားတာ
ငါသူ့ကို အဆုံးရှုံးမခံနိုင်ဘူး ဒါကြောင့်
ဒီစေ့စပ်ပွဲကြီး မဖြစ်အောင်ဘယ်လိုလုပ်ရမလဲ ငါစဉ်းစားရင်းနဲ့ နောက်ဆုံးတော့ အကြံတစ်ခုထွက်လာတယ်

ငါကြိုက်နေတဲ့ကောင်လေးက တကယ်တော့ကောင်မလေးတဲ့[U+Z]Where stories live. Discover now