~ ၂

27 2 0
                                    

Unicode
~~~~~~~~

ငါလေ သူ့ကို တကယ်ကြီးကြိုက်တာဟ!!!!
ငါ သူ့အသံ သြရှရှလေးကိုလဲ ကြိုက်တယ်
သူတင်ဆက်တဲ့အစီအစဉ်မှန်သမျှကိုလဲ ကြိုက်တယ်
သူဖွင့်ပြတဲ့ engသီချင်းတွေမှန်သမျှကြိုက်တယ်အဓိပ္ပါယ်ကိုတော့ ငါနားမလည်ပေမဲ့လို့ပေါ့လေ...
တကယ် တကယ် သူ့ရဲ့အရာမှန်သမျှကို ငါတကယ်ကြိုက်တာ...
နောက်ဆုံးကွာ သူ့ရဲ့ကတုံးဆံပင်ပေါက်လေးကိုတောင်မှ ကြိုက်တယ်
အခုတော့ သူ့ဆံပင်က ကတုံးဆံပင်ပေါက်မဟုတ်တော့ပဲ နဲနဲရှည်လာပါပြီ
ဒါလဲငါကြိုက်နေတုန်းပဲ
နင်တို့ပြောကြည့် ငါက နှာဘူးကြီးနဲ့များတူနေပြီလား...

ပြီးတော့ ငါတစ်ခု ပြောရဦးမယ်
ပြောမယ်ဆိုတာထက် မေးမှာ
အရင်ကကွာ သူ့ကို ယောက်ျားလေးထင်ပြီး ငါက မောင်လို့ခေါ်တယ်
အင်း...သူမသိဘူးဆိုပေမယ့်ပေါ့...
ထားပါ ဆက်ပြောဦးမယ်...
အခု သူက မိန်းကလေးဆိုတော့ ငါက ဘယ်လိုခေါ်ရမလဲဟင်
ညီမလေးလား...မမ လို့လား...
ဒါပေမယ့် ငါအဲ့လိုတွေ တစ်ခုမှသူ့ကိုမခေါ်ချင်ဘူး
ဒီအတိုင်း 'မောင်'လို့ပဲ ဆက်ခေါ်ချင်တယ်
အဲ့ဒါလေး ငါ့ကို ဖြေပေးသွားကြနော်...

သူက သူ့ရဲ့အစီအစဉ်တစ်ခုမှာပြောတယ်
'ကိုယ့်ရဲ့ပျော်ရွှင်မှုကို ကိုယ့်ဆီမှာပဲ ရှာကြည့်ပါ'တဲ့
သူအဲ့လိုပြောတုန်းက ငါသူ့ကို ဒီလိုပြန်ပြောချင်ခဲ့တာ
'သူများတွေအတွက် ပျော်ရွှင်မှုဆိုတာ ဘယ်မှာမှန်းမသိပေမဲ့ ငါ့အတွက်တော့ ငါ့ရဲ့ပျော်ရွှင်မှုက မောင့်ဆီမှာ' လို့

အယ်လဲ့လဲ့.....နင်တို့ငါ့တော်ကီတွေမှာ ကြွေနေပြီမလား
တကယ်တော့ ငါလဲ စာအုပ်ထဲက ကူးချထားတာ ဟီး.ဟီး!! (သွားဖြဲရယ်ပြနေသော အီမိုဂျီ)

ဒါနဲ့လေ ငါ့မှာ သူ့ဖုန်းနံပါတ်လေးရှိနေပြီသိလား
ဘယ်ကရလဲဆို ငါ့အမေဆီက
နင်တို့ထင်သလို ငါ့အမေက ငါ့ကို 'ရော့ အင့်'ဆိုပြီး လျောလျောရှူရှူပေးတာမဟုတ်ဘူး
ငါ့အမေဖုန်းထဲက ငါသွားခိုးလာတာ
ငါသူ့ကို ဖုန်းဆက်လိုက်ရမလား
ဖုန်းဆက်ပြီး ဘာပြောရမလဲ ရည်းစားစကားပြောလိုက်ရမလား ငါ့ကိုငြင်းလိုက်ရင် ဘယ်လိုလုပ်မလဲ
ဒီကောင်မလေးက အရူးဆိုပြီး ငါ့ကိုထင်သွားရင်ရော ငါလေး ခံစားရမှာဟ!!!
ငါတော့ ဟိုစကားပုံလို ဖြစ်နေပါပြီ
'မုန့်ဆီကြော်က ဘယ်မှာမှန်းမသိ နှုတ်ခမ်းနာနဲ့တည့်ပါ့မလား' ဆိုတာလေ
ငါပြောတဲ့စကားပုံ မှန်ရဲ့လား ဖြေခဲ့ပါဦး
ငါက မြန်မာစာဆို နဲနဲညံ့ပေမဲ့ အင်္ဂလိပ်စာမှာဆိုလဲ မတော်ပါဘူး;-)

ငါကြိုက်နေတဲ့ကောင်လေးက တကယ်တော့ကောင်မလေးတဲ့[U+Z]Where stories live. Discover now