❤Chapter -1❤

542 21 5
                                    

Unicode

ချွင် ချွင် ချွင်...

ဆိုင်အတွင်းသို့ဧည့်သည်ဝင်လာလျှင်သိရှိစေရန်တံခါးတွင်အလှဆင်ထားသောကျောက်စိမ်းချူများမှအသံထွက်လာသောကြောင့်ကိတ်မုန့်အမျိုးအစားတစ်မျိုးကိုစမ်းလုပ်နေရင်းနှင့်တံခါးဝရှိရာသို့Jinလှမ်းကြည့်လိုက်သည်။

"ဟာ ယောင်းလေး"

နှာတံမြင့်မြင့် ၊နှုတ်ခမ်းပါးပါး ၊မေးရိုးချွန်ချွန်လေးနှင့်အချိုးညီစွာပေါင်းစပ်ထားသောခပ်မိုက်မိုက်Bodyတောင့်တောင့်အပြင်ပန်းချီဆရာများဆောင်းလေ့ရှိသောဦးထုပ်လေးကိုဆောင်းထားသော‌ယောင်းလေးသည်ဒီနေ့တွင်လည်းသူ၏နှလုံးသားကိုရိုက်ခတ်နိုင်စွမ်းရှိနေသေးပါသည်။

"Jin Hyungဆိုင်မပိတ်သေးဘူးလား"

"ပိတ်တော့မလို့လုပ်နေတာ ယောင်းလေးရဲ့ ဘာစားချင်လဲပြောHyungကျွေးမယ် ကြိုက်တဲ့ကိတ်ရွေးလိုက်"

"တော်ပါပြီ မစားတော့ပါဘူး Hyungရဲ့ စားခဲ့ပြီးပြီ"

"အခု Jungkookဆီလာတာလား"

Jin hyung၏အမေးကိုဖြေရန်ထယ်ယောင်းအနည်းငယ်တုံ့ဆိုင်းသွားမိသည်။ သူ့ဘက်ကအဆက်မပြတ်ပေးနေတဲ့ဂရုစိုက်မှုတွေကိုHyungကယခုလိုလျစ်လျူရှုနေကျ။ တစ်ခါလေးတောင်Hyungကသူ့ဂရုစိုက်မှုတွေအားလုံးဟာHyungအတွက်ဖြစ်တည်လာတာတွေဆိုတာမသိခဲ့လေတာလား?ဒါမှမဟုတ် မသိချင်ယောင်ဆောင်ခဲ့တာလား? ဒီKim taehyungကြီးကKim Seokjinကိုရူးသွပ်အောင်ချစ်ရပါတယ်လို့ဘယ်လောက်ပဲလည်ချောင်းကွဲအောင်အော်နေခဲ့ရင်တောင်Hyungကတော့နားမကောင်းချင်ယောင်ဆောင်နေဦးမှာပဲ။

အခုလည်းကြည့် ...သူလာတာကHyungဆီကိုလာခဲ့တာ..။တစ်ရက်လေးမှHyungကိုမတွေ့ရရင်လေဒီလူကရူးမတတ်ဖြစ်ရလွန်းလို့Hyungဆီကိုအပြေးလာခဲ့တာ။

ဘယ်ခုနှစ်ဘယ်နေ့ရက်ဘယ်နာရီကစတင်ခဲ့လေမှန်းမသိတဲ့ကျွန်တော့်ရဲ့ချစ်ခြင်းတွေကHyungနဲ့ပတ်သက်လာခဲ့ရင်အတိုင်းအဆမဲ့ပါပဲ။

"အင်း  Jungkookကိုဂိမ်းဆိုင်မှာမတွေ့လို့"

အဖြေတို့သည်ရင်ထဲမှအဖြေများဟုတ်မနေခဲ့။ မိုးသည်သူလာတုန်းကအဲ့လောက်မသည်းသေးပေမဲ့လမ်းပေါ်ကလူများကအသည်းအသန်ပြေးလွှားမိုးခိုရအောင်အထိသည်းလာခဲ့သည်။ထီးပါသောသူများအတွက်တော့မိုးသည်ကိစ္စကြီးကြီးကျယ်ကျယ်မဟုတ်ပေမဲ့ထီးမပါသူများအတွက်တော့မိုးသည်စိတ်ပျက်စရာအတိ။

Love Under The Rain( Season-1 )Where stories live. Discover now