🖤Chapter-4🖤

134 15 1
                                    

Unicode

ရိုမန်တစ်ဆန်တဲ့ချစ်ခြင်းတွေတိုင်းမှာဇာတ်ပို့ဇာတ်ကောင်လေးတွေရှိတတ်ကြတယ် တစ်ချို့သူတွေရဲ့ချစ်ခြင်းတွေကိုချယ်ရီတွေကကိုယ်စားပြုတယ် တစ်ချို့ချစ်ခြင်းတွေကိုကျတော့နှင်းမှုန်လေးတွေကကိုယ်စားပြုနေတယ် တစ်ချို့ချစ်ခြင်းတွေကျတော့သိပ်လှတဲ့ကျူလစ်ပန်ခင်းကြီးအလယ်ကကဗျာလေးတစ်ပုဒ်ကကိုယ်စားပြုတယ် ဒါဆိုရင်သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းကိုရော...။

----LOVE UNDER THE RAIN-----

2015 September

ယနေ့Jinသည်Jungkookကိုအလယ်တန်းကျောင်းရှေ့တွင်စောစောလာစောင့်နေမိသည်။ သူတစ်ပတ်လုံးစီစဉ်ထားသောအစီအစဉ်ကိုအကောင်အထည်ဖော်ရန်လည်းသူစိတ်လှုပ်ရှားနေမိသည်။

ဒီနေ့Jungkookသူငယ်ချင်းTaehyungဆိုတဲ့ကောင်လေးနောက်ကိုလိုက်ကာချဉ်းကပ်မည်ဟုစဉ်းစားထားသည်။ သူစုံစမ်းရသလောက်တော့Taehyung၏အဘိုးသည်ချမ်းသာသောလူကုံထံသူဌေးတစ်ဦးဖြစ်ပြီးစိတ်ကျန်းမာရေးအထူးကုဆရာဝန်တွေကိုတစ်ယောက်ပြီးတစ်ယောက်လိုက်ရှာနေသည်ဟုသိရသည်။သို့ထိတိုင်ယခုချိန်ထိတစ်ယောက်မှမမြဲသေး။ အကြောင်းအရင်းကတော့ရှင်းသည်။ Taehyungဆိုသည့်အလယ်တန်းကျောင်းသားလေးကသူ့နားကိုမည်သူမှအကပ်မခံ၍ပင်။

သူကTaehyungအဘိုးဆီကိုတိုက်ရိုက်သွား၍ သူကစိတ်ကျန်းမာရေးဆရာဝန်ပါ။ ခင်များမြေးကိုကျွန်တော်ပျောက်အောင်ကုပေးနိုင်ပါတယ် ဟုသွားပြောလျှင်လည်းဘယ်သူကများသူ့လိုဆရာဝန်ပေါက်စလေးအပြောကိုယုံကြည်ပြီးအလုပ်ခန့်မှာလဲ? များပြားလှသောအစောင့်များ၏အကန်မခံလိုက်ရရင်တောင်ကံကောင်းရယ်။

ဒီတော့သူ့လုပ်စရာကတစ်ခုတည်းသာ။ Taehyungဆိုတဲ့ကောင်လေးကိုသူမှသူဖြစ်လာအောင်အရင်ဆုံးလုပ်ရမည်။ ပြီးမှသာသူ့အဘိုးဆီကိုသွားလိုက်မည်ဆိုရင်အလုပ်ရဖို့ကပိုသေချာသလောက်ရှိမည်။

"Jin hyung"

Jungkookကအလယ်တန်းကျောင်းထဲကနေလွယ်အိတ်ကိုလွယ်ရင်းထွက်လာသည်။ သူ့လိုအချိန်ပိုင်းအလုပ်တွေတစ်ခုပြီးတစ်ခုလုပ်နေသူကယခုလိုမကြိုစဖူးလာကြိုသောကြောင့်အံ့ဩနေသည့်ပုံ။

Love Under The Rain( Season-1 )Where stories live. Discover now