🖤Chapter-2🖤

193 20 7
                                    

Unicode

ဝင်ပါလို့မဖိတ်ခေါ်ခဲ့ပေမဲ့သူဟာပိုးဖလံတစ်ကောင်လို့အတင်းတိုးဝင်ခဲ့တယ်

ပေးပါလို့မတောင်းဆိုခဲ့ပေမဲ့အဆုံးမရှိတဲ့ချစ်ခြင်းတွေကိုပေးအပ်ခဲ့တယ်

Hyungဘဝမှာတော့သူဟာတစ်သက်လုံးနေချင်ခဲ့ပေမဲ့တကယ်တမ်းကျတော့သူဟာဧည့်သည်တစ်ယောက်သာသာပဲဖြစ်နေခဲ့တာ သူ့မှာရှိတဲ့ချစ်ပေးနိုင်တဲ့အတိုင်းအတာထိကိုပိုပြီးရူးရူးမူးမူးချစ်ခဲ့ပြီးခါမှသူကတစ်ညတာလေးနဲ့ကိုအစွန့်ပစ်ခံဖြစ်သွားခဲံ့ပြီ။

 ဒီလိုများဆိုရင်သူနဲ့hyungနဲ့ရဲ့မိတ်ဆွေဖြစ်ခဲ့တဲ့သက်တမ်းကလည်းတော်ရုံမှမဟုတ်ပါဘဲ။ Jungkookနဲ့ပတ်သက်ပြီးHyungကိုစသိခဲ့တာဆိုရင်အခုဆိုငါးနှစ်လောက်တောင်ရှိရောပေါ့။ ဒါကိုHyungကအခုမှဘာကြောင့်တစ်ညထဲနဲ့ငြင်းဆန်ခဲ့ရတာလဲ? သေချာပေါက်Hyungကလည်းအနမ်းတွေကိုသဘောကျခဲ့တယ်လို့သူထင်နေခဲ့တာ...သူတွက်ထားခဲ့တာတွေကအကုန်မှားယွင်းနေခဲ့တာလား။

သူမသိတော့ပါ။သူတကယ်ကိုမတွေးတတ်တော့ပါချေ။Hyungသည်အမြဲတစေသူနားမလည်နိုင်သည့်ပုစ္ဆာတစ်ပုဒ်ဖြစ်ခဲ့သည်။ မနေ့တုန်းကတောင်သူတို့အဆင်ပြေနေကြသေးတာကိုခါးခါးသီးသီးဖြစ်သွားရတာကိုသူတကယ်နားမလည်နိုင်တော့ပါ။ ဒီနေ့မနက်သူတွေ့လိုက်ရတဲ့ခပ်ချောချောယောကကျ်ားကရောဘယ်သူလဲ? Hyungကသူ့ကိုဒီလိုမျိုးဆက်ဆံတာအဲ့တစ်ယောက်နဲ့များပါဝင်ပတ်သက်နေမလား

အဖြေမရှာနိုင်သောမေးခွန်းပေါင်းများစွာကိုမြိုသိပ်ပျောက်ကွယ်နိုင်စေရန်ခပ်ပြင်းပြင်းvodkaတစ်ခွက်ကိုသာသောက်ချလိုက်သည်။ Barသည်romanticဆန်လှသောသီချင်းလေးတစ်ပုဒ်ကိုဖွင့်ထားပြီးစင်စစ်ကိုစိတ်အေးချမ်းစရာဖြစ်အောင်ပြုလုပ်ထားသော်လည်းသူ့အတွက်တော့ရင်အေးစရာတွေဟုတ်မနေခဲ့ပါ။

"နောက်တစ်ခွက် ခပ်ပြင်းပြင်းယူလာခဲ့"

"သခင်လေး တော်သင့်ပြီနော် သခင်လေးသောက်တာများနေပြီ"

အားနာပါးနာရုပ်နဲ့ပြန်ပြောလာသောသကောင်သားသည်သခင်လေးကိုသာပဲ့တင်ထပ်နေပြီးသူလိုချင်သောvodkaခပ်ပြင်းပြင်းတစ်ခွက်ကိုမယူလာပေး။ သူသည်Hyungကလွှဲလို့တစ်ခြားသူတွေအပေါ်တွင်စိတ်သိပ်မရှည်လှပါချေ။

Love Under The Rain( Season-1 )Where stories live. Discover now