Unicode
လူသားတွေရဲ့ပြဿနာသည်ရယ်တော့ရယ်ရသည်။ သိပ်ချစ်နေခဲ့တာတောင်...နှလုံးသားကြီးရင်းလုမတတ်သံယောဇဉ်တွေအထပ်ထပ်ချည်နေခဲ့တာတောင်ဝန်ခံဖို့ကိုတောင်ကြောက်ရွံ့နေခဲ့တာ...။ သူTaehyungဆီကိုရည်ရွယ်ချက်နဲ့ချဉ်းကပ်ခဲ့တာဆိုလည်းဘာအရေးလဲ... ပုံသေနည်းအတိုင်းအဆင့်ဆင့်ချစ်ပေးရမယ်လို့များဘယ်သူကသတ်မှတ်ခဲ့လို့လဲ... ချစ်ရသူကိုချစ်သည်ဟုပြောရမည်ကိုတောင်သတ္တိနည်းနေခဲ့တာ...Kim Seokjin မင်းသိပ်ကိုတုံးအတာပဲ။
တကယ်ဆိုသူမြင်အောင်ကြည့်ပေးပြီးသူထည့်စဉ်းစားခဲ့ရမှာတွေကယောင်းကသူ့ကိုဘယ်လောက်ချစ်လဲဆိုတာနဲ့သူကရောဘယ်လောက်ပြိုင်စံရှားအောင်ချစ်နေခဲ့လဲဆိုတာကိုပဲ..။ကျန်တာတွေကိုသူခေါင်းထဲကထုတ်ပစ်ခဲ့သင့်သည်။
သူနောင်တရခဲ့တဲ့အချိန်ဟာနောက်မကျသေးဘူးလို့မျှော်လင့်မိပါသည်။ ယခုနေယောင်းကိုတွေ့လျှင်တော့ဒီထက်ပိုပြီးသူ့ချစ်ခြင်းတွေကိုသိုဝှက်ထားမှာမဟုတ်တော့ဘူး။ ငယ်ငယ်ကတည်းကဆုံးဖြတ်ချက်တစ်ခုချဖို့ကိုအများကြီးထည့်စဉ်းစားတတ်တဲ့သူ့ရဲ့ကာရိုက်တာကယောင်းကိုနာကျင်စေခဲ့မိပြီ။
တကယ်ဆိုသူပင်ပန်းသည်။အဖျားသည်မနေ့ညကမိုးရေထဲမှာနေမိသွားသည်ကြောင့်ရော စိတ်အခြေအနေကြောင့်ပါပို၍ဆိုးလာနေပြီ။ ယခင်ကသူတို့နှစ်ယောက်စတင်တွေခဲ့သည့်နေရာကိုပြန်၍ရှာဖွေသော်လည်းယောင်းကိုမတွေ့ခဲ့။ ထိုနေရာသည်ယခုဆိုShopping mall ပင်ဖြစ်လို့နေပြီမို့အတွင်းထဲကCCTVမှတ်တမ်းများကိုလည်းဝင်ရောက်ကြည့်ရှုခဲ့ပြီးပြီ။ သို့သည့်တိုင်ယောင်း၏ခြေရာလက်စသေးသေးလေးတောင်မမြင်ရ။
စိတ်ပူသလားမေးရင်စိတ်ပူတာထက်ကိုပိုသည်ဟုဖြေရမည်။ ယောင်းတစ်ခုခုဖြစ်ရင်ဒီကမ္ဘာမှာသူလည်းပျောက်ကွယ်သွားနိုင်တယ်။ ယောင်းကသူ့ရဲ့ရှင်သန်ရာပဲ။
မိုးတွေကတော့အရွာမပျက်ပါ။ ကံကြမ္မာသည်သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းအောင်သွယ်တော်တွေကိုမိုးတွေကိုဖြစ်စေခဲ့တာ။ ဒီတစ်ခေါက်ရောမိုးစက်တွေကသူ့ကိုလမ်းပြပေးနိုင်ရင်သိပ်ကောင်းမှာပဲမလား။
YOU ARE READING
Love Under The Rain( Season-1 )
Fanfictionမိုးညတစ်ညမှာ တွေ့ဆုံတယ် မင်းရင်ခွင်မှာအဆုံးသတ်မယ် သိပ်လှပါတဲ့ ကြင်သူထူး။ ထူးလှပါ၍ သူ့မှာအရူး။.......။