EXtra Z:

1.6K 118 2
                                    

အသက်ပြည့်မှ ဖတ်ပါ
ဖတ်ချင်လည်း ဖတ်ကြပါ

..............................

" မပြန်ပါသေးနဲ့အုံးဆို "

" ပြန်မှာဘဲ လွှတ် ခင်ဗျား အဲ့ဒီအပင်တွေနဲ့ပဲ
ချစ်သူတော်လိုက်တော့! ! "

နောက်ကနေ သိမ်းကျုံးဖက်ထားတဲ့
လက်တွေကို ရိပေါ်က ဖြုတ်ချနေတယ်
ဒါပေမယ့် ဘယ်လိုမှ ဖြုတ်လို့မရဘူး
ငလည်လေးရှောင်းကျန့်က လက်တွေကို
သော့ခတ်သလို ခတ်ထားတာ

" ငါ မင်းကိုပဲ ဂရုစိုက်တော့မယ်လို့ နော် "

မနက်ကတည်းက ရိပေါ် ရောက်နေတာ
ဒါပေမယ့် ရှောင်းကျန့်က အရေးမလုပ်ပဲနဲ့
သူ့အပင်တွေကိုပဲ ဂရုစိုက်နေတာ
သူ့ကို ရှိတယ်လို့တောင် မသတ်မှတ်ဘူး
သူ့မှာသာ ရှောင်းကျန့် အပင်စိုက်တဲ့ နောက်
တကောက်ကောက်လိုက်နေရတာ
ခြေတိုနေပြီ

" မျိုးစေ့ အသစ်တွေ ဝယ်ထားလို့ပါ
ဒီနေ့မှ မစိုက်ရင် Date လွန်တော့မှာ
အရင်နေ့တွေကတည်းက နည်းနည်းချင်း
စိုက်မလို့လေ မင်းကမှ ငါ့ကို လုပ်ခွင့်
မှမပေးတာ "

အရင်နေ့က နေမကောင်းဖြစ်နေတာလည်း
ထည့်ပြောအုံးလေ။
ရာသီအကူးအပြောင်မို့လို့ စောင်နဲ့
သေချာအိပ်ပါဆိုတာကို ဝန်ရံတာဘက်
ထွက်တဲ့ တံခါးတွေပါ ဖွင့်အိပ်တာ
မနက်သူရောက်လာတော့ အဲ့နေ့က
ဖျားနေတာ
သူဘယ်လောက် စိတ်တိုလိုက်ရသလဲ။

" ခင်ဗျား ပန်းပင်တွေက အရေးကြီးလား
ကျွန်တော်က အရေးကြီးလား "

" ဟာ "

" ဖြေလေ မဖြေရင် အကုန် တုတ်နဲ့
ရိုက်သတ်ပြစ်မယ် "

" မောင်ကလည်း! "

လာပါပြီ လာပါပြီ ချုပ်ဆေးတွေ
သူအမှားလုပ်ထားပြီဆိုရင်
မောင်လို့ ခေါ်ပြီး လိုက်ချွဲတော့တာပဲ
ဒီတိုင်းနေရင်းဆို တစ်စက်မှ
ခေါ်ခိုင်းလို့မရ လှည့်ပက်ဝှေ့နေတာ

" လာမချုပ်နဲ့ ရှောင်းကျန့်! "

" မောင်က ငါ့ကို မချစ်တော့ပါဘူး ရွှတ် "

ရိပေါ့်ခါးကို လွှတ်လိုက်ကာ မကျတဲ့
မျက်ရည်တွေကို အတင်းညစ်ထုတ်နေတဲ့
ရှောင်းကျန့်ရယ်ပါ

Spicy! (Completed) Where stories live. Discover now