အသက်ပြည့်မှ ဖတ်ပါ
ဖတ်ချင်လည်း ဖတ်ကြပါ..............................
" မပြန်ပါသေးနဲ့အုံးဆို "
" ပြန်မှာဘဲ လွှတ် ခင်ဗျား အဲ့ဒီအပင်တွေနဲ့ပဲ
ချစ်သူတော်လိုက်တော့! ! "နောက်ကနေ သိမ်းကျုံးဖက်ထားတဲ့
လက်တွေကို ရိပေါ်က ဖြုတ်ချနေတယ်
ဒါပေမယ့် ဘယ်လိုမှ ဖြုတ်လို့မရဘူး
ငလည်လေးရှောင်းကျန့်က လက်တွေကို
သော့ခတ်သလို ခတ်ထားတာ" ငါ မင်းကိုပဲ ဂရုစိုက်တော့မယ်လို့ နော် "
မနက်ကတည်းက ရိပေါ် ရောက်နေတာ
ဒါပေမယ့် ရှောင်းကျန့်က အရေးမလုပ်ပဲနဲ့
သူ့အပင်တွေကိုပဲ ဂရုစိုက်နေတာ
သူ့ကို ရှိတယ်လို့တောင် မသတ်မှတ်ဘူး
သူ့မှာသာ ရှောင်းကျန့် အပင်စိုက်တဲ့ နောက်
တကောက်ကောက်လိုက်နေရတာ
ခြေတိုနေပြီ" မျိုးစေ့ အသစ်တွေ ဝယ်ထားလို့ပါ
ဒီနေ့မှ မစိုက်ရင် Date လွန်တော့မှာ
အရင်နေ့တွေကတည်းက နည်းနည်းချင်း
စိုက်မလို့လေ မင်းကမှ ငါ့ကို လုပ်ခွင့်
မှမပေးတာ "အရင်နေ့က နေမကောင်းဖြစ်နေတာလည်း
ထည့်ပြောအုံးလေ။
ရာသီအကူးအပြောင်မို့လို့ စောင်နဲ့
သေချာအိပ်ပါဆိုတာကို ဝန်ရံတာဘက်
ထွက်တဲ့ တံခါးတွေပါ ဖွင့်အိပ်တာ
မနက်သူရောက်လာတော့ အဲ့နေ့က
ဖျားနေတာ
သူဘယ်လောက် စိတ်တိုလိုက်ရသလဲ။" ခင်ဗျား ပန်းပင်တွေက အရေးကြီးလား
ကျွန်တော်က အရေးကြီးလား "" ဟာ "
" ဖြေလေ မဖြေရင် အကုန် တုတ်နဲ့
ရိုက်သတ်ပြစ်မယ် "" မောင်ကလည်း! "
လာပါပြီ လာပါပြီ ချုပ်ဆေးတွေ
သူအမှားလုပ်ထားပြီဆိုရင်
မောင်လို့ ခေါ်ပြီး လိုက်ချွဲတော့တာပဲ
ဒီတိုင်းနေရင်းဆို တစ်စက်မှ
ခေါ်ခိုင်းလို့မရ လှည့်ပက်ဝှေ့နေတာ" လာမချုပ်နဲ့ ရှောင်းကျန့်! "
" မောင်က ငါ့ကို မချစ်တော့ပါဘူး ရွှတ် "
ရိပေါ့်ခါးကို လွှတ်လိုက်ကာ မကျတဲ့
မျက်ရည်တွေကို အတင်းညစ်ထုတ်နေတဲ့
ရှောင်းကျန့်ရယ်ပါ