1

431 25 0
                                    

Unicode

ခြေထောက်ဖြင့်ကောင်လေးတစ်ယောက်ကိုအဆက်မပြတ်ကန်နေကြသောကျောင်းသားတသိုက်...

ခံရသောကောင်လေးဖြစ်သည့်Seungmin မှာတော့နာကျင်လွန်းလို့။

လူအသွားလာမရှိသောလမ်းဂျိုလမ်းကြားထဲမှာမို့ဘယ်သူမှသိနိုင်မှာမဟုတ်ချေ။

အကယ်၍များကယ်တင်ရှင်တစ်ယောက်ယောက်ပေါ်လာဖို့သာမျှော်လင့်ရင်းသာ...

ဒီလိုရိုက်နှက်ခြင်းဟာနှစ်ကြိမ်မကရှိနေပြီမို့မိမိအဖို့နေသားကျနေပြီလေ။

မိမိမှာအားနည်းသည်ဆိုသည့်အကြောင်းပြချက်နှင့်အနိုင်ကျင့်ခံရတာဒီနှစ်ကျောင်းစတက်ကတည်းကပင်...

"ဘာလို့အနိုင်ကျင့်နေကြတာလဲ"

အသံလာရာကြည့်မိလိုက်တော့ကောင်လေးတစ်ယောက်။ကျောင်းသားယူနီဖောင်းကိုဝတ်ဆင်ထားလျက်။မိမိတို့ယူနီဖောင်းနှင့်တော့မတူ။တခြားကျောင်းကဖြစ်လိမ့်မည်။လက်တစ်ဖက်ကိုလည်းဘောင်းဘီအိတ်ကပ်ထဲကိုထည့်ထားသေးသည်။
ထိုကောင်လေးသည်ကြည့်ကောင်းသောရုပ်ရည်ကိုပါပိုင်ဆိုင်ထား၏။

"အဲ့တာHwang Hyunjin မဟုတ်ဘူးလား"

"Shit အခြေအနေမကောင်းတော့ဘူးပြေးရအောင်"

Hwang Hyunjinဆိုသည့်ကောင်လေးကိုမြင်တာနှင့်ပင်စောနကမိမိအားအနိုင်ကျင့်နေသောကျောင်းသားအသိုက်ဟာမြင်ကွင်းမှာပျောက်ကွယ်သွားလောက်ထိကိုပြေးလေရော...

Hwang Hyunjinဆိုတာဘယ်လိုလူမျိုးမလို့ပါလိမ့်။အဲ့လောက်တောင်းပါဝါရှိသည်လားသိချင်မိသည်။

ကျွန်တော့်အားကမ်းပေးလာသောလက်တစ်စုံ။
Hwang Hyunjin ဆိုသည့်ကောင်လေးထံကပင်...

"အဆင်ပြေရဲ့လား"

"အင်း"
ကမ်းပေးလာသောလက်အကူညီနှင့်မြေပြင်ပေါ်မှထလိုက်သည်။

"မင်းခြေထောက်ကြည့်ရတာထော့နဲ့ထော့နဲ့ နဲ့ကိုယ်ဆိုင်ကယ်လိုက်ပို့ပေးရမလား"

"မင်းအဆင်ပြေရင်ပေါ့"

သူ့၏စက်နိုးထားသောဆိုင်ကယ်လေးပေါ်တွင်နောယူလိုက်ကာသူ၏နောက်ကျောလေးကိုတင်းကြပ်စွာဖက်လိုက်သည်။

MY PROTECTOR||SeungjinDonde viven las historias. Descúbrelo ahora