Part 9

473 35 9
                                    

အိမ်တော်များရဲ့ အရှုပ်တော်ပုံနှင့် နင်းခြေခံခဲ့ရသော ဘဝများ...

Zyneက Xiaoသခင်ကြီးရဲ့ အချစ်ဦး နိုင်ငံခြားသူလေး Zue က မွေးတဲ့သား...။ Zueက Xiaoသခင်ကြီးမျက်နှာ တစ်ကမ်ဘာထင်ပြီး လိုက်လာခဲ့ပေမဲ့... Xiaoသခင်ကြီးက အိမ်က သဘောတူတဲ့သူနဲ့ လက်ထပ်လိုက်ပြီး Xiao Zhan ကိုသာ သူ့သားအဖြစ်သိစေခဲ့တာ...။ Zyneတို့သားအမိကိုတော့ အိမ်အကူသားအမိအဖြစ်နဲ့ ခေါ်ထားခဲ့တယ်...။ Zyne​က Xiao Zhanထက် သုံးနှစ်ကြီးတယ်...။ အချစ်ကိုကိုးကွယ်တဲ့ Zueရဲ့ ရလဒ်က မကောင်းခဲ့ဘူး...။ Xiaoသခင်ကြီးဟာ Zyneရဲ့ အမေZueကို သူ့ရဲ့ဒေါသစိတ်တွေ ​ဖြေစရာတစ်ခုလို ဆက်ဆံတယ်...။ ရှင်း"ပြောရရင် အနိုင်ကျင့်တာပေါ့...။ လွယ်"ရခဲ့လို့ တန်ဖိုးမထားဘူးထင်ပါရဲ့...။ Zue ကိုယ်ဝန်ထပ်ရတော့ လင်ကောင်မပေါ်ပဲ ရတဲ့ကိုယ်ဝန်ဆိုပြီး အရေးတယူမရှိတဲ့ Xiaoအိမ်က လူတွေက Zueကို လမ်းမပေါ်ပစ်ထားခဲ့တယ်...။ Zyneကိုတော့ အစေခံတန်းလျားရဲ့ အခန်းထဲ သော့ခတ်ထားတယ်...။ Zue ဆေးရုံကိုရောက်တဲ့အခါ ရှင်းအိမ်တော်ရဲ့ မွေးစားသမီး ဆရာဝန်မရှင်းရှင်းက ကလေးမွေးပေးပြီး ဂရုစိုက်ပေးပေမဲ့ Zueက သားကြီး Zyneကို စိတ်ပူတာကြောင့် ကလေးတွေကို ခေါ်ပြီး ဆေးရုံအပြင်ထွက်လာတယ်...။ စိတ်ထောင်းကိုယ်ကြေဖြစ်နေတဲ့အပြင် သွေးနုသားနု Zueက Xiaoအိမ်တော်ကိုတောင် မရောက်လိုက်ဘူး....။

ရှင်းအိမ်တော်ရဲ့ သားအကြီးက မိသားစုလုပ်ငန်းကိုထိန်းသိမ်းဖို့ ထိုအချိန်က သိပ်အောင်မြင်နေတဲ့ လုပ်ငန်းပိုင်ရှင်Wangသူဌေးဆီ မှာ အသုံးတော်ခံခဲ့ရတယ်...။ ဝမ်သူဌေးက Bisexualတစ်ယောက်ဖြစ်တဲ့အပြင် သူသဘောကျတဲ့သူဆို အိပ်ရာပေါ်ကို ကိုယ်တိုင် လို"လား"ရောက်လာအောင် လုပ်တတ်တဲ့သူ။ ရှင်းအိမ်​တော်ရဲ့သားကြီး ဟာ ​ယောကျာ်းစင်စစ်တစ်ယောက်ဖြစ်ပါလျက် မိန်းမရှိနေပါလျက် ဒီလို ဖောက်ပြန်မှုမျိုးကို ရွေးချယ်လိုက်ရလို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံလိုက်ခဲ့တယ်...။ နေ့စေ့လစေ့ ​ ကိုယ်ဝန်လွယ်ထားရတဲ့ မိန်းမဖြစ်သူက ဒါကိုမြင်ပြီး ရှော့ခ်ရသွားတယ်...။ အိမ်တော်ကလူတွေမြင်လို့ ဆေးရုံပို့တဲ့အချိန်မှာ သေခြင်းတရားက အရင်လက်ဦးတယ်...။ တိုက်"ဆိုင်" Zueဆိုတဲ့ နိုင်ငံခြားမလေးဟာ အမွှာလေး နှစ်ယောက်ကိုပွေ့လာပြီး ရှင်းအိမ်တော်က လူတွေရှေ့အရောက် မေ့လဲသွားတယ်...။ ဒီလိုနဲ့ပဲ Leo နဲ့ ရိအာကို မွေးစားခဲ့တယ်...။ (ရှင်းလီယိုနဲ့ ရှင်းရိအာ)

မုန်းလှစွာသော အကို📝 (Ongoing)Where stories live. Discover now