Part 3

586 39 31
                                    

အကိုက ကျွန်တော့်လက်က ဒဏ်ရာတွေအတွက် စိုးရိမ်နေပုံပဲ။ ဒါပေမဲ့ ကျွန်တော့်ရင်ထဲက ဒဏ်ရာတွေအတွက်တော့ မစိုးရိမ်ဘူး ထင်ပါရဲ့...။

ကျွန်တော့်အတွေးတွေကို သိနေတဲ့အလား အကို့ မျက်လုံးတွေက အသက်မဲ့တဲ့မျက်လုံးတွေ အဖြစ် ပြောင်းသွားပြီး ခြောက်ကပ်ကပ် ရယ်သံနဲ့ ကျွန်တော့် နားမလည်ယောင်ဆောင်ထားတဲ့ စကားကို ပြောတယ်။

"ဝမ်ချာတိတ်လေးက သိပ်စိတ်ကူးယဥ်ဆန်တာပဲ... အဟွန်း..."
ဒီ တစ်ခဏမှာ အကို့မျက်လုံးတွေထဲ ကျွန်တော် ရှာကြည့်မိတယ် အကို့မျက်ဝန်းထဲ အချစ်လေး တစ်စွန်းတစ်စ ရှိနေမလား....

အကိုဟာ ကျွန်တော်သိလာတဲ့ ကာလတစ်လျှောက်လုံး ချစ်တယ်လို့ မပြောဘူး... ဂရုစိုက်မှုတွေပေးတယ်... မချစ်ဘူးလို့လည်းမပြောပြန်ဘူး... မမရိအာအပေါ် သိပ်သဘောကျကြောင်း ပြောပြတယ်... မမရိအာဟာ အကို့ကို ပိုင်ကြောင်း ဆိုင်ကြောင်း မသိမသာရော သိသိသာသာ ပါ ပြောသလို အပြုအမူတွေပါ Bonusပေးသေးတာ...။

"ကျွန်တော် သိပ်ပင်ပန်းလာပြီ အကို... ဒီလို ဆက်သွားမယ်ဆို အကို့အတွက်ရော ကျွန်တော့်အတွက်ပါ အဆိုးတွေပဲ ရှိလာမယ်ဆိုတာ အကို သိမှာပါ။ ကျွန်တော် ချစ်လာတဲ့ ဒီတစ်လျှောက်လုံးမှာ အကို့နား ရှိနေရုံ အကို့ကို ဖြည့်စည်းပေးရုံနဲ့ ကျွန်တော် သိပ်ကိုကျေနပ် ပျော်ရွှင်ခဲ့ရတာ။ ဒါပေမဲ့ ကျွန်တော်ဟာလည်း လူသားတစ်ယောက်ပဲမို့ အကို့ကို အတကြီးစွာ ပိုင်ဆိုင်ချင်ပါတယ်။ အကို ပျော်ရွှင်ဖို့သာ အဓိကပဲမို့ အရာရာကို အကို့သဘောကျ ပြောင်းလဲပေးခဲ့တယ်... ကျွန်တော့်ကိုယ်တိုင်တောင် ပျောက်ကွယ်သွားသည်ထိ ချစ်ပေးခဲ့တာ အကိုရဲ့.... အခုတော့ ကျွန်တော်ပြောတာကို အလေးထားပေးပြီး လွတ်မြောက်ခွင့်ပေးပါအကိုရယ်.... ကျွန်တော် မွန်းကြပ်လို့ ရူးတော့မယ်...."

Wangစိတ်ထဲ ခံစားရသမျှ အကို့ကို ပြောပြတဲ့အခါ ရင်ထဲပေါ့သွားသလို ခံစားရပေမဲ့ ခါတိုင်းလိုပဲ အကို့ရဲ့ ခပ်ပေါ့ပေါ့စကားသံလေး ကြားရမယ်ဆိုတာ တွေးမိရုံနဲ့ အားအင်တွေယုတ်သလိုခံစားရတယ်...

"အကို့ဆီက ချစ်တယ် မချစ်ဘူးဆိုတာ သိရဖို့ ဒီလိုတွေ ရူးမိုက်ခဲ့တာလား ဝမ်ချာတိတ်လေးက..."

မုန်းလှစွာသော အကို📝 (Ongoing)Where stories live. Discover now