Part 10

438 28 7
                                    

Xiao Zhanတစ်ယောက် သူလွှတ်ထားတဲ့ Bodyguardပြောတဲ့ သတင်းအရဆို 'Zyneဟာ Wangနောက်ကို လိုက်နေတယ်'ဆိုတာ သိပြီး သူ အရမ်းစဥ်းစားရခက်နေတယ်။

*တစ်ခါတစ်လေမှာ လူအများရှေ့ ထုတ်မပြတတ်ပေမဲ့ ကိုယ်ချစ်တဲ့အချစ်က Dearie ကိုယ့်ကို ချစ်တဲ့အချစ်ထက်မပိုရင်တောင် လုံးဝမလျော့ပါဘူးကွာ...*
______________________________

Wang Yi Boတစ်ယောက် ဒီနေ့ ဝမ်ပါးနဲ့ စကားပြောဖို့ ဝမ်အိမ်တော်ကို ရောက်နေတယ်။ Leoကတော့ ဝမ်သူဌေးကို သိပ်အမြင် မကြည်ပုံပါပဲ။

*ဒါပေမဲ့လည်း ဘယ်သူကမှ စင်းလုံးချော မှန်မနေပါဘူး....။*

"သား... ဖေဖေ တောင်းပန်ပါတယ်... သားမေမေ..."

"သား သိပြီးပါပြီ ဖေဖေ..."

စကားဖြတ်ပြောလိုက်တဲ့ကောင်လေးက သူ့ဖေဖေ ပြောရခက်နေသည်မို့ လမ်းကြောပေးနေသလို...။

"ဒါက သားမေမေရေးထားခဲ့တဲ့ ဒိုင်ယာရီ...  သားမေမေက တကယ်ကို မိခင်ပီ​ကောင်းပီသပါတယ်... ဖေဖေ့အပြစ်တွေကြောင့် သားတို့သားအမိ စိတ်မချမ်းသာခဲ့ရလို့ တောင်းပန်ပါတယ်... ဖေဖေက သားကို အချိန်မပေးနိုင်ခဲ့ပေမဲ့ အခုကစပြီး ဖေဖေရဲ့ အမှားတွေကို ရင်ဆိုင်ရဲဝံ့တော့မှာမို့ သားက ဖေဖေ့ကို နားလည်ပေးပြီး ခွင့်လွှတ်ဖို့ ကြိုးစားပေးနိုင်မလား..."

"သား နားလည်ပါတယ် ပြီးတော့ ခွင့်လွှတ်ဖို့ဆိုတာက သားကိုယ်တိုင်က ဖေဖေ့အပြစ်လို့မတွေးထားပါဘူး အရာအရာဟာ သူ့အကြောင်းတဲ့သူပါပဲ... ခုလိုမျိုး ဖေဖေ့ဆီက ကြားရတာနဲ့တင် အဆင်ပြေနေပါပြီ..."

"ပျော်လိုက်တာ သားရယ်..."

မျက်ရည်တွေ စီးကျရင်း သားဖြစ်သူကို အံ့သြပျော်ရွှင်စွာ ဖက်နေတဲ့ ဝမ်ပါးက Leoနဲ့ Zyneကို မေ့နေပုံပဲ။ Leoရဲ့ 'အဟမ်း'ဆိုတဲ့ ချောင်းဟန့်သံကြောင့် ဝမ်ပါးက တစ်ခုခုကို သတိရသွားဟန်...

"သားကို အရေးကြီးတဲ့သူနဲ့ မိတ်ဆက်ပေးဖို့မေ့နေလိုက်တာ... ဒါက သားငယ်"တုန်းက သားနဲ့အမြဲရှိခဲ့တဲ့ သားရဲ့Zyneလေ... သားမေမေရဲ့ ဒိုင်ယာရီ ကို ဖတ်ပြီးရင် သားလက်ခံနိုင် လက်မခံနိုင် ဆုံးဖြတ်ပါ..."

မုန်းလှစွာသော အကို📝 (Ongoing)Where stories live. Discover now