Chapter 24( unicode)

646 79 5
                                    

သေခြင်းခွဲသည့်တိုင် Ch24


ချင်းချင်းအိပ်ယာနိုးလာတဲ့အခါ တစ်ဖက်အမျိုးသားမှာတော့ အိပ်ပျော်နေဆဲဟန်ပေါ်နေသည်။ ချင်းချင်း ခဏရပ်တန့်ကာ ထိုအမျိုးသား၏မျက်နှာကို အချိန်ပိုင်းလောက် အကဲခတ်လိုက်ပြီးမှ ညီးတွားခဲ့၏။

( ဟန်ဆောင်မနေနဲ့တော့)
ထင်တဲ့အတိုင်းပါပဲ၊ ရှန်လျှံရှိန့်နှုတ်ခမ်းတို့တွန့်သွားသည်။ ထိုအမျိုးသား နိုးနေပါပြီ။ မနေ့ညက ပတြင်းပေါက်တွေကို သူတို့မပိတ်မိလို့၊ မနက်ခင်းလေပေညြှင်းဖငြ့် ခန်းဆီးလိုက်ကာသည် တလွှင့်လွှင့် တလူးလူးဖြစ်နေသည်။ နွေရာသီဖြစ်သောကြောင့်၊ လိုက်ကာများကို ပိုအေးသောအရောင်စပ်ဖငြ့် အစားထိုးထားပြီး၊ နေရောင်စားထားပုံပေါ်သည့် အစိမ်းနုနုကို ကာကီရောင် အောက်ခံအရောင်ဖငြ့် ရောနှောထားသည်။ လေကြောင့် ဖောင်းဖောင်းကားကားဖြစ်နေသည့် ပတြင်းပေါက်နေရာများသည် ၀၀လုံးလုံး ရွှေငါးလေးနှင့်တူလှသည်။ ထိုအရာကို အချိန်အတော်ကြာအောင် ချင်းချင်း စိုက်ကညြ့်နေခဲ့ပြီးသည့်နောက်၊ တုတ်ထိုးအိုးပေါက်ပြောချလိုက်သည်။

( ကျွန်တော်တို့ ဘယ်မှမသွားဘဲ နေကရြင်ရော?)

( ကိုယ်က ဘယ်လိုဖြစ်ဖြစ်ရတယ်။ ညီသာ..နည်းနည်းပြန်စဉ်းစားထား၊ ဟုတ်ပြီလား?)
ထိုနေ့မနက်က ရှန်လျှံရှိန် အစည်းအဝေရှိ၍၊ ချင်းချင်းနှင့်အတူ အိပ်ယာထဲမှာသူ,မနေနိုင်။ ရှန်တစ်ယောက် အ၀တ်လဲရင်း ပုံမှန်လေသံဖငြ့်ပြန်ဖေလြိုက်၏။ ချင်းချင်းရဲ့ဆုံးဖြတ်ချက်က ဘာပဲဖြစ်ဖြစ် သူ့အတွက် နည်းနည်းလေးမှ ကိစ္စမရှိသလိုမျိုး ၀မ်းသာပပြုံလည်း လုံးလုံးမပြ။ ရှန်လျှံရှိန်က ချင်းချင်းအား ပြန်စဉ်းစားဦးလို့ပြောထားပေမယ့်၊ Shanpeiမှာနေရမည့်ဘ၀က အချိန်အကြာကြီး ရုန်းကန်ရမှာဖြစ်၍ ချင်းချင်း၂ခါပြန် စဉ်းစားဖို့မလိုပါ။ ၉၈%လောက်လူတွေဟာ ဒီလိုချည်းပါပဲ--- သူတို့ဖာသာသူတို့တော့ ဘာဖြစ်ဖြစ် အဆင်ပြေပေမယ့်၊ သူတို့မြတ်နိုးရသည့်အရာက သူတို့နှင့်အတူ ဒုက္ခခံရမည်ဆိုလျှင်တော့ ခံနိုင်ရည်မရှိတတ်ကြတော့ပါ။

Till Death Do Us Apart (သေခြင်းခွဲသည့်တိုင်)Where stories live. Discover now