Chapter - 5 (Unicode)

816 127 0
                                    

သေခြင်းခွဲသည့်တိုင် Ch5

"ဆရာ?"

ပြန်တုံ့ပြန်သံမကြားတော့ ထိုကျောင်းသူလေးက နောက်ထပ်တစ်ခေါက်ကြိုးစားကြည့်ပြန်သည်။

"ဆရာချင်း!"

"ဘာလဲ?"

ထိုညကျော်ခဲ့တာ သုံးရက်တိုင်သွားပြီ။ နှစ်ယောက်သား ဘာအဆက်အသွယ်မှမလုပ်ခဲ့ဘူး။ ချင်းချင်းက အိပ်ခြင်း၊စားခြင်းနှင့် စာသင်ခြင်း_ စသော သူ့၏ နစ္စဒူ၀ ကိစ္စများကို ဆက်လုပ်နေသော်လည်း၊ ရံဖန်ရံခါ ထိုအမျိုးသားသည် ချင်းချင်း၏ အတွေးများထဲ ရောက်ရောက်လာတတ်သည်။ ဥပမာ ကျောင်းဆင်းခေါင်းလောင်းတီးလိုက်သည်နှင့် သူ့ပစ္စည်းပစ္စရာများကို ချင်းချင်းသိမ်းဆည်းနေသောအချိန် သူ့စိတ်က,ယောင်လည်လည် လုပ်လာပြန်သည်။ ဤရက်သတ္တပတ်၏ တူညီသောနေ့ရက်တွင် ဤတူညီသောအတန်း၌ ဖြစ်ပျက်ခဲ့သော အတိတ်က နေ့တစ်နေ့ကို ချင်းချင်းပြန်တွေးမိသည်။ ပြတင်းပေါက်အပြင်ဘက်က ထိုအမျိုးသားကို သူမြင်လိုက်စဉ်က "အနီရောင်ချောက်ကမ်းပါး သီချင်းကြီး" ၏ နောက်ဆုံးအပိုဒ်ကို သူ သင်နေတာဖြစ်သည်။

"ဆရာ... ဆရာ့ကို သမီးမေးချင်တာလေးရှိလို့" လက်ထဲတွင် စာရွက်တစ်ရွက်ကိုင်ထားပြီး စာသင်စင်မြင့်ကို မှီတွဲနေသော ထိုကျောင်းသူလေးထံ ချင်းချင်းအာရုံတို့ ပြန်ရောက်လာသည်။ သူမက တွန့်ဆုတ်တွန့်ဆုတ်နှင့် စကားဆက်သည်။ "ဒီထင်မြင်ချက်ကို ဆရာရေးတာ မဟုတ်ဘူးမို့လား?"

"ဘယ်တစ်ခုလဲ?" ချင်းချင်း အိမ်ပြန်သွားပြီး၊ နှောက်ကျိနေသော စိတ်နှင့်အတူ ထိုနေ့ညက သူ,တန်းအိပ်ခဲ့သည်။ နောက်ရက်တွင် သင်ခန်းစာက ပထမအချိန်ဖြစ်၍ ရှန်လံျှရှိန်,အမှတ်ခြစ်ပေးခဲ့သော ထိုအဖြေလွှာများကို နောက်ထပ် ထပ်မစစ်တော့ဘဲ သူ ဝေပေးခဲ့သည်။ ဒီဟာက ဉာဏ်စမ်းစာမေးပွဲလေးသာဖြစ်ပြီး အတန်းတင်အမှတ်စားရင်းတွင် ထည့်တွက်မည်မဟုတ်သော ကြောင့် မှားနေရင်တောင် ပြဿနာမရှိဟု ချင်းချင်းတွေးခဲ့သည်။

"ဒီနေရာက ဟာ"

ထိုကျောင်းသူလေးက ချင်းချင်း၏ မျက်လုံးနှင့်တည့်တည့်အထိ အဖြေလွှာကို မြှောက်ပြသည်။ အဲ့ဒီအရေးအသားကို ဖတ်ပြီးတော့ ချင်းချင်းတစ်ယောက်တော်တော်လေး ရယ်ချင်လာသည်။ ဖြစ်ချင်တော့.. ထိုကျောင်းသူလေးက အတန်းထဲတွင် အာရုံမစိုက်သောကြောင့် မေးခွန်း၏ လေးပုံသုံးပုံလောက်က အဖြေကို သူမ မသိ။ သူမကိုယ်သူမ ရှက်မိပြီး စာမေးပွဲအပြီးတွင် ထင်မြင်ချက်တစ်ခုနှင့် အတူ သူမက အယူခံဝင်ဖို့ ကြိုးစားခဲ့သည်။

Till Death Do Us Apart (သေခြင်းခွဲသည့်တိုင်)Tahanan ng mga kuwento. Tumuklas ngayon