Chapter- 25

124 21 0
                                    

သေခြင်းခွဲသည့်တိုင် Ch25


ထိုနှစ်က၊ ဂျပန်တို့သည် တရုတ်ပြည်မြောက်ပိုင်းတစ်ခွင် လုံခြုံရေးတိုးမြှင့်ဖို့ရန်အတွက် စီမံကိန်းတစ်ရပ်အား စတင်ပြဌန်းသည်။

*အရှေ့အာရှကို လွတ်လပ်စေ၊ ကိုယ့်ကိုယ်ကို ကာကွယ်နေရသော ကွန်မြူနစ်ဝါဒီကို ပယ်ဖျက်စေ၊ ထုတ်ကုန်တိုးမြှင့်ဖို့ စက်အားကိုးဖြင့် အလုပ်လုပ်ကြပါစို့*ဟူသည့် သံချပ်များအတိုင်းပင်။

အကျိုးရလဒ်အဖြစ်၊ Tientsinမြို့တွင်ဖြစ်ပျက်နေသည့် ပူပန်မှု၊တင်းမာမှုတို့သည်လည်း တိုးမြင့်လာပါတော့သည်။ ရှောင်တခင်စစ်ဆေးမှု အကြိမ်ပေါင်းများစွာအား နွေဦးပေါက်တွင် လုပ်ဆောင်ခဲ့ကြပြီး၊ တဖန် နွေရာသီနှောင်းပိုင်းတွင်ပြန်ပြီး စစ်ဆေးလာကြပြန်သည်။ လောင်ဝူ၏ မျက်နှာဖုံးက မကွာချသေးသည့်တိုင်၊ ၄င်း၏လုံခြုံရေးအတွက် စိုရိမ်တကြီးဖြင့် ၄င်းကို Tientsinမြို့က ခွာရှောင်ဖို့ရန် အဖွဲ့ခေါင်းဆောင်ကစီစဉ်သည်။ ပြီးခဲ့သော၂နှစ်အတွင်း၊ ရှန်လျှံရှိန်သည် တော်လှန်ရေး လုပ်ငန်းများကို ထောက်ပံ့ဖို့အတွက် မြောက်များစွာသော ငွေကြေးပမာဏတို့ကို လောင်ဝူ့ အဆက်အသွယ်များမှတဆင့် လွှဲပြောင်းပေးခဲ့ပြီးပြီဖြစ်သည်။ လောင်ဝူသည် ရှန့်၏ကူညီထောက်ပံ့မှုကို ကျေးဇူးတင်ဝမ်းမြောက်သော်လည်း၊ သူတို့တတွေ ကွဲကွာနေကြသည့် ကာလအတွင်း ပြောင်းပြောင်းတင်းတင်းဆက်ဆံဖို့ဆိုသည်မှာ အလွန့်ကိုစွန့်စားရကျလွန်းမည်။ နောက်မှ လောင်ဝူက ချင်းချင်းအား ဤသတင်းစကားကို ရှန့်ထံပါးပေးရန်တောင်းဆိုခဲ့သည်--( ကျုပ် ဘယ်အချိန် ပြန်လာနိုင်မလဲ ဆိုတာ မသိ။ နောင်မှာတော့ ခင်ဗျား အလွန်သတိရှိရှိဖြင့်နေမှဖြစ်လိမ့်မည်။ အခြားဘယ်သူနဲ့မှ အဆက်အဆံမလုပ်ပါနှင့်။ ပါတီကိုယ်စား ကျွန်တော်ကပဲ ခင်ဗျားကို ကျေးဇူးတင်ရှိပါသှ်။ ပြီးတော့ ဒုဥက္ကဌခြူကလည်း ခင်ဗျားကို ကိုယ်တိုင်ကိုယ်ကျကျေးဇူးတင်ဖို့ ကျွန်တော့်ကိုမှာလိုက်သည်) ဆို၏။

ထိုသတင်းစကားတစ်ခုလုံးကို ချင်းချင်းက တစ်လုံးမကျန်သယ်လာပြီးမှ၊ ထပ်ပိုးပြောလိုက်သည်။

( ခုမှစဉ်းစားကြည့်မိတယ်၊ ဒုဥက္ကဌခြူက သွေးနှောတဲ့ Tientsinသားနော်)

(အို...စီနီယာTientsinသားကြီးပေါ့)

(အဲ့ဒါ ကျွန်တော်ပြောရမှာပါ။ ကိုကို ပြောစရာမဟုတ်ဘူး)

ရှန်ခက်ချန်က Peiyangအစိုးရကျဆုံးပြီးနောက်မှ၊ Tientsinမြို့ကိုပြောင်းရွှေ့လာခဲ့သည်။ ရှန်မိသားစု အစဉ်အဆက်သည် အရှေ့မြောက်ပိုင်းဒေသဇာတိအဆက်များဖြစ်ကြသည်။ ထို့ကြောင့် ရှန်လျှံရှိန်က Tientsinမြို့သားစစ်စစ်တစ်ဦးမဟုတ်ပေ။ သို့ပေမယ့်၊ ချင်းချင်းပြောလိုက်တာကို ရှန်လျှံရှိန်ကြားပြီးတော့၊ သူတစ်ယောက် သတင်းစာစာရွက်ကို တဖက်လှန်နေတုန်း ရှိသေး၏။ ရှန်က နှုတ်လှံပြန်ထိုးသည်။

( နို့ပေမယ့် ကိုယ်ကTientsinက မိသားစုဝင်တစ်ယောက်ကို လက်ထပ်ပြီးပြီဥစ္စာ။ ကိုယ့်ကိုယ်ကို Tientsinသားတစ်ယောက်လို့ ဘာကိစ္စမပြောနိုင်ရမှာလဲ?)

ရှန်လျှံရှိန်တစ်ယောက် အသက်ကြီးလာလေလေ၊ ပေါတောတောဖြစ်,ဖြစ်လာတဲ့ပုံကို ရယ်ချင်လာ၍၊ ချင်းချင်းသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ခါင်းရမ်းလိုက်ပြီး ရှန့်ရဲ့နံဘေးတွင် ဝင်ထိုင်လိုက်သည်။ ရှန်လျှံရှိန် အခုလေးတင်ဖတ်ပြီးစဖြစ်သောစာမျက်နှာကို အမြန်ဖတ်လိုက်သော်လည်း၊ သူဖတ်ချင်သော ဆောင်းပါးကိုတော့ ရှာမတွေ့။ ဒီသတင်းစာက ရှန့်လက်ထဲမှာရှိတာကို သူသိတော့၊ လက်ဝါးဖြန့်ပြီး သတင်းစာကို မရမကတောင်းတော့သည်။

(ကိုယ် ဖတ်နေတုန်းပဲ။ ညီ့အလှည့် ညီစောင့်လေကွာ)

ချင်းချင်းသည် မျက်နှာပေါ်တွင်အပြုံးလေးတစ်ပွင့်ဖြင့် ဒီအတိုင်းရိုးရိုးလေးကြည့်လိုက်၏။ မကြာပါဘူး.... ရှန်လျှံရှိန်တစ်ယောက် အလံဖြူသာထောင်ပြလိုက်နိုင်ပြီး၊ သတင်းစာအား ချင်းချင်းဆီ စေတနာမရှိတရှိဖြင့် ပေးလိုက်ရတော့သည်။ သူမေးခွန်းတစ်ခုမေးလိုက်သည်။ ထိုမေးခွန်းအတွက် အဖြေပြန်ရဖို့တော့ မမျှော်လင့်ပါ။

( ညီက လူကိုစိတ်ညစ်အောင်လုပ်တဲ့နေရာ စက်ဆုပ်စရာအကောင်းဆုံး မဟုတ်ရင် ဘာလဲ?)

ရှန်လျှံရှိန် ယခုဖတ်နေသောသတင်းစာမှာ New Tientsin Gazetteဖြစ်ပြီး၊ ယခင်ကတော့ Tienfungpaoလို့ လူသိများသည်။ သူတို့နှစ်ယောက်သားလုယက်နေသည့် စာမျက်နှာသည်ကား ဇာတ်လမ်းတွဲကဏ္ဍဖြစ်ပြီး၊ ထိုတွင် အခုမှပုံနှိပ်သည့်*သိုင်းသမားတစ်ယောက်၏ဒဏ္ဍာရီ*ဆိုသောဝတ္ထုက အခန်းသစ်ပါသည်။ ချင်းချင်းကHuanChuLouChu၏ အသည်းစွဲပရိသတ်ဖြစ်ပြီး၊ သူသည် အခန်းတစ်ခန်းမှ အလွတ်မခံခဲ့။ အစပိုင်းမှာတော့၊ ရှန်လျှံရှိန်က အပန်းဖြေဖို့ရည်ရွယ်ချက်ဖြင့်စာမဖတ်တတ်ပေမယ့်၊ ချင်းချင်းနှင့်သူ အိမ်ထောင်ကျကတည်းက အိမ်တွင်းပုန်းဘ၀နှင့်နေသားကျလာခဲ့ပြီး၊ သူ့အကြိုက်တို့ ပြောင်းလဲခဲ့လေပြီ။ အချိန်တွေဖြုန်းရန်၊ နှစ်ယောက်သား ဟိုးနားဒီနားတွင် အပင်နည်းနည်းစိုက်တတ်လာသည်။ ထို့နောက်၊ အလုပ်မရှိသောရက်များတွင်၊ နှစ်ယောက်သား လက်ဖက်ရည်ကြမ်းတစ်အိုးဖျော်ကာ၊ တစ်ခါတစ်ခါဆို နာရီပေါင်းများစွာ မျက်နှာချင်းဆိုင်ထိုင်ပြီး လက်ထဲတွင် စာအုပ်တစ်အုပ်စီ ကိုယ်စီဖြင့်ရှိနေတတ်ကြသည်။

ယောက်ျားအားလုံးတွင် ၀ူတန်အပေါ်အုန်ပုံးချစ်စိတ်က သူ့တို့အသွေးထဲအသားထဲတွင်ရှိနေတာဖြစ်တန်၏။ ချင်းချင်းတစ်ယောက် *သိုင်းသမားတစ်ယောက်၏ဒဏ္ဍာရီ* ထွက်သမျှ တစ်ခန်းမကျန်ဖတ်ပြီး၊ ထိုဇာတ်လမ်းကို ချီးကျူးတာမြင်တော့၊ လီလီပုံနှိပ်တိုက်မှထုတ်သော စာအုပ်တွေကို သူလည်း ၀ယ်ဖတ်ရမယ်လို့ ရှန်လျှံရှိန်တွေးသည်။ ထို့နောက် ထိုဇာတ်လမ်းကို အစကနေ သူစဖတ်တော့သည်။ သူ မှီသွားပြီးသည့်နောက်၊ ချင်းချင်းနှင့်အတူ အသစ်ထွက်လာသောအခန်းများကို လိုက်ဖတ်ပြီး၊ နောင်များတွင် ချင်းချင်းနှင့် ဆွေးနွေးခန်းထဲတောင် ၀င်ပါနေသေးသည်။ ထိုဒဏ္ဍာရီသည် သိုင်းလောကနှင့် အထူးတလှယ် ပတ်သတ်နေသော သိုင်းဝတ္ထုတစ်ခုဖြစ်သည်။ ဇာတ်ကောင်များသည် လူဆိုးရော လူကောင်းရောရှိကြပြီး၊ တစ်ယောက်ချင်းစီသည် ကျန်တစ်ယောက်ထက်ပိုပြီး ကွန်ဖူးအစွမ်းထက်လှသည်။ သူတို့တတွေမှာ မြေကိုလျှိုးပြီး၊ မိုးပျံနိုင်ကြသည်။ သူတို့၏ဓားရှည်များပေါ် ခရီးနှင်နိုင်ကြသည်။ သူတို့တန်ခိုးသတ္တိတွေသည် ထူးဆန်းပြီး၊ အံသြသင့်ဖွယ်ကောင်းသည့်အလျှောက်၊ စာဖတ်ပရိသတ်အား ဘယ်သောအခါမျှ စိတ်မပျက်စေခဲ့ပါ။

သူ့အကြိုက်များ ဘယ်လောက်ကြီးပြောင်းလဲသွားပါစေ...ရှန်လျှံရှိန်မှာ၊ သေသပ်ခြင်းနှင့် စနစ်တကျ လုပ်ကိုင်တတ်သည့် ဗီဇကောင်းလေးကတော့ ရှိနေဆဲပင်။ ဒါသည်ဝတ္ထုတစ်ပုဒ်ဖြစ်တာတောင်၊ အမြဲတစေ များများလာသော ဇာတ်လမ်းဇာတ်ကွက်များကြား ပတ်သတ်ဆက်နွယ်မှုတို့အား ဘယ်သူက ကွန်ဖူးပိုတော်တယ်၊ ဘယ်သူက မှော်လက်နက်တွေပိုရှိတယ်၊ ပြီးတော့ အကောင်းကအဆိုးကိုနိုင်မလား၊ ဒါမှမဟုတ် ဆန့်ကျင်ဘက်လား စသည်ဖြင့် သူသည် ချင်းချင်းအား အဖော်လုပ်ပြီးစဉ်းစားဖြေရှင်းပေးသည်။

ချင်းချင်းသည် တစ်ပါးသောအမျိုးသားကဲ့သို့ စာဖတ်အားမရှိသော်ငြား၊ စိတ်ကူးယဉ်ဝတ္ထုကို လေးလေးနက်နက်သဘောထားပြီးဖတ်ရတာက ပိုလို့စိတ်ဝင်စားစရာကောင်းတယ် ထင်နေ၏။ သူသည် ဆွေးနွေးခန်းများတွင်ပျော်ပျော်ကြီးပါဝင်သည်။ သူမသိလိုက်ခင်၊ သူကိုယ်တိုင်သည်လည်း အတော့်ကို လေးနက်မှုရှိလာသည်။ ရံဖန်ရံခါ၊ အမျိုးသားနှစ်ဦးမှာ ဆန့်ကျင်သောအယူအဆများရှိနေပြီး၊ ဘယ်သူကမှ ဘယ်သူ့ကိုမှ သိမ်းသွင်းလို့မရပေ။ ထိုကဲ့သို့သောအချိန်များတွင်၊ ချင်းချင်းက ရန်ပြုတော့မည့်အတိုင်း ခြိမ်းခြောက်သည်။

( ကိုကို နောက်ထပ်တစ်ခါ ကျွန်တော် ပြောတာကိုသဘောမတူဘူးဆိုတာနဲ့၊ ဒီတပတ် ပန်းကန်တွေကို ကိုကိုဆေးရမယ်၊ ဒါပဲ!)

ထိုသို့ပြောရင်းဖြင့်၊ စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်အတွက်ကြောင့် အရွယ်ရောက်ပြီးသားအမျိုးသားနှစ်ဦး ရန်ဖြစ်ပြီး မေတ္တာပျက်ကြရတယ်လို့ သူ တွေးမိပုံမပေါ်ပါ။ ထိုသည်က စိတ်ကူးယဉ်ဖြစ်သော်လည်း၊ စာရေးဆရာ၏ ဖမ်းစားနိုင်စွမ်းသောအရေးအသားတို့က ထိုသိုင်းလောကကိုအသက်ဝင်စေတာများ၊ သိုင်းကောင်းကင်နှင့်မြေကြီးက သပ်သပ်ကြီး တကယ်ရှိနေသည့်အတိုင်းပင်။ လှပပြီး အံမခန်းသောသိုင်းလောကကြီးတွင်၊ လေပေါ်၌ ပျံလွှားနေသောဓားသမားများနှင့်ပြည့်နေပြီး၊ ဇာတ်ကောင်များက သွားချည် လာချည်လုပ်နေကြသည်။ သို့ပေမယ့်၊ ထိုဇာတ်ကောင်များကား မသေနိုင်သော နတ်ဘုရားများဖြစ်ဖြစ်၊ ကျဆုံးသွားသည့်နတ်ဆိုးများဖြစ်ဖြစ်၊ ထိုအချက်ကတော့ မပြောင်းလဲပါ ;ပညာမတတ်သော လူရိုင်းကောင်များကတော့ ကျူးကျော်ဝင်ရောက် မလာရဲဘူးပေါ့။

(ချင်းချင်း၊ လောင်ဝူကထွက်သွားတော့ အခုညီ ဘာလုပ်မယ်စိတ်ကူးထားသလဲ?)

ရှန်လျှံရှိန်က ရုတ်တရက်ကြီးမေးလိုက်ချိန်၊ ချင်းချင်းကတော့ အခန်းဆက်အသစ်ကို သဲကြီးမဲကြီး ဖတ်နေတုန်းရှိသေး၏။ သူက ပေါ့ပေါ့ပါးပါးပြန်ဖြေသည်။

( ဘာစိတ်ကူးထားလဲဆိုတာ ကိုကိုက ဘာသဘောလဲ? ကျွန်တော်က စာဆက်သင်မှာပဲပေါ့)

ရှန်လျှံရှိန်သည် ဤအကြောင်းအရာနောက် ဆက်မလိုက်တော့ဘဲ၊ အရင်းမရှိအဖျားမရှိသော မေးခွန်းအဖြစ်သာ ချန်ထားခဲ့လိုက်သည်။ သူတို့ညအိပ်ခါနီးအချိန် မတိုင်မချင်း၊ ဒီအကြောင်းကို ရှန်လျှံရှိန် တဖန်ပြန်ပြီး အစမဖော်တော့။ မီးများပိတ်ထားပြီး၊ ရှန်လျှံရှိန်တစ်ယောက် မပြောစဖူး တွန့်ဆုတ်ဆုတ်သော လေသံဖြင့် စကားချီသည်။

( အခုလက်တလောအခြေအနေကို ကိုယ်စဉ်းစားကြည့်နေတာ ချင်းချင်း...ကိုယ်က ညီ့ကို ကျောင်းပြောင်းစေချင်တယ်လို့ ပြောရင် ညီဘယ်လိုလုပ်မလဲ...မူလတန်းကျောင်းကိုပြောင်းမယ်ဆိုရင်ရော၊ ဘယ်နှယ့်သဘောရလဲ ညီ?)

ရှန်လျှံရှိန်စိတ်ပူတာလည်းမလွန်ပါဘူး---ရှဲကောင်းကျောင်းသည် ပို၍ကြီးကျယ်လာသည်နှင့်အလျှောက်၊ နောက်ဆက်တွဲပြဿနာလည်းတွဲပါလာသည်။ အချိန်ကြာမြင့်စွာဖြင့်၊ ရှဲကောင်းကျောင်းသည် ဂျပန်တို့၏ စောင့်ကြည့်ရေဒါထဲတွင် ရှိနေခဲ့သည်။ အတိတ်ကိုပြန်သွားကြည့်သော်၊ Nankaiကျောင်းသည် ၄င်း၏ ဂျပန်ဆန့်ကျင်ရေးတရားဟောသည့်အတွက် အကြီးအကျယ်ထိခိုက်နစ်နာခဲ့ရသည်။ နောက်တွင်၊ Yaohuaကျောင်းအုပ်ကြီးသည် နေ့ခင်းကြောင်တောင်ကြီးတွင် ဂျပန်စစ်သားတစ်ယောက်၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ရှန်လျှံရှိန် စိတ်ဂဏှာမငြိမ်ဖြစ်ရခြင်းအကြောင်းရင်းမှာ ပထမအချက်--သူသည် မီးသေနေတာကြာပြီဖြစ်သောကြောင့် နိုင်ငံရေးလောကနှင့်အဆက်အသွယ်ပြတ်နေခဲ့သည်။ ပြီး၊ ဒုတိယအချက်မှာ ချင်းချင်းသည် လောင်ဝူ့လက်အောက်တွင် အလုပ်လုပ်နေ၍ဖြစ်သည်။ သူတို့အခေါ် *လုံခြုံရေးတိုးမြင့်ခြင်းစီမံကိန်း*ဆိုတာ ဘယ်တော့အဆုံးသတ်မည်ကို ဘယ်သူသိမည်နည်း?

ဒုက္ခရောက်နိုင်ချေနည်းသည်ကို ရှန်လျှံရှိန်သိသည့်တိုင်၊ ဒီအချက်တို့က သူ့အားခြောက်လန့်နေသေး၏။ တခုခုများဖြစ်ပျက်သွားလျှင်၊ ချင်းချင်းကို သူ..မကာကွယ်လိုက်နိုင်မှာရှန် ကြောက်သည်။ ထို့ကြောင့် ချင်းချင်းက လူသိနည်းပါးသောမူလတန်ကျောင်းကိုပြောင်းခဲ့ပါက အကောင်းဆုံးသာဟု ရှန်လျှံရှိန်တွေးမိသည်။ သို့ပေမယ့် ရှိသေးသည်...သူတို့အတူတူပြောင်းနေပြီးကတည်းက ချင်းချင်းတစ်ယောက် လုံခြုံရေးကိုငဲ့ပြီးစိတ်အေးလက်အေးဖြင့် စာသင်သည့်အလုပ်မှအပ အခြားလှုပ်ရှားမှုတွေကို ရပ်တန့်ထားခဲ့ပြီးသား။ အခု ဤတောင်းဆိုချက်ကိုပြောလိုက်ခြင်းဖြင့်၊ သူသည် ကျောင်းဆရာလေး၏ တက်ကြွသောရည်မှန်းချက်တို့ကို ပို၍ပို၍၀ါးမျိုနေသကဲ့သို့ ရှန်လျှံရှိန်ခံစားရသည်။ ရိုးရိုးသားသားပြောရမည်ဆိုလျှင် တကယ်ကြီး ရှန်လုပ်ချင်သလိုဖြစ်မည်ဆိုပါက၊ ရှန်သည် နည်းမျိုးစုံဖြင့် ထိုအမျိုးသားအား ကြိုးတစ်ချောင်းဖြင့်ချည်နှောင်ကာ ဘယ်မှလည်းမသွားစေဘဲ၊ ဘာမှလည်းမလုပ်စေဘဲ ချင်းချင်းကို သူ့အနားမှာသာ ထားထားလိုက်မည်ပဲ။ ထိုအမျိုးသားကို နေ့စဉ်နေ့တိုင်း အိမ်တွင် သိမ်းထားနိုင်မှသာ၊ သူလည်းစိတ်အေးလက်အေးနေနိုင်တော့မှပါ။

ရှန်လျှံရှိန် သူကိုယ်တိုင်တွေးမိသည်က သူ့တောင်းဆိုချက်မှာ လွန်အားကြီးသောကြောင့် ချင်းချင်းအား ရှဲကောင်းကျောင်းက အလုပ်ထွက်ဖို့ ဇွတ်အတင်းဖိအားပေးရန် အစီအစဉ်တော့မရှိချေ။ သူသည် အကြံပြုရုံလောက်သာလုပ်ချင်ပြီး ချင်းချင်းကသာသဘောမတူလျှင်၊ ဒီကိစ္စကို ဒီအတိုင်းပြီးသွားစေမှာပဲ။ ဒါပေမယ့်၊ မျှော်လင့်မထားပါဘဲ၊ စက္ကန့်ပေါင်းများစွာ နှုတ်ဆိတ်နေခဲ့ပြီးမှ ချင်းချင်းသည် စောင်အောက်ကရှန့်လက်ကိုပုတ်ပြီး ( ကောင်းပါပြီခင်ဗျ) လို့ တိုးတိုးလေးပြောလိုက်သည်။

ချင်းချင်းသည် တစ်ဖက်အမျိုးသား၏ရည်ရွယ်ချက်များကို နားလည်တယ်ဆိုတာထက် ပိုနားလည်ကောင်း ပါရဲ့။ လွန်ခဲ့သော၂နှစ်အတွင်း ရှန်လျှံရှိန်သည် နိုင်ငံခြားရောက်တရုတ်လူမျိုးတစ်ဦး၏နာမည်ကိုသုံပြီး သူ့စာရင်းပျောက် ငွေအကောင့်များထဲမှ စုငွေအားလုံးကို လှူခဲ့ပြီးပါပြီ။ ဒါဟာ ဘာရည်ရွယ်ချက်ပါလိမ့်? အသေအချာပါပဲ...ဤနိုင်ငံအပေါ်ထားသည့် ရှန့်၏ပိုမိုပြည့်ဝလာသည့် ဂရုဏာနှင့် ဂျပန်တို့ကိုတိုက်ထုတ်ရန် ထောက်ပံ့ပေးချင်စိတ်များကြောင့် တပိုင်းတစပါ ပါသည်။ သို့သော် ထိုအထဲတွင် ချင်းချင်းကို ပြုပြင်ပြောင်းလဲရေး လုပ်ပေးစေချင်စိတ်လေးလည်းပါသေးသည်။ သူတို့နှစ်ဦးသားမှာ ထိုအရာကို နှုတ်ကထုတ်မပြောခဲ့ကြ။ အရှက်မရှိတဲ့လူယုတ်မာကသာ ဒီစည်းမျဉ်းတွေကြားက အဓိပ္ပာယ်ကို မဖတ်တတ်မှာလေ။

(ဟုတ်ကဲ့ပါလို့..ကောင်းပါပြီလို့) ရှန်လျှံရှိန်ထံမှ ဘာစကားပြန်မှပြန်မရသောအခါ၊ ချင်းချင်းက ရှန့်လက်ကို နောက်ထပ်တစ်ကြိမ်ပုတ်လိုက်ပြီး၊ နှစ်သိမ့်လိုသောသဘောဖြင့် ထပ်ပိုးပြောသည်။
( ကျွန်တော် ဘယ်ရောက်ရောက် အလုပ်ကအတူတူပဲဥစ္စာ၊ ဒီအတွက် စိတ်မပူပါနဲ့)

ထိုအမျိုးသားကိုတော့ ချင်းချင်းကအတွေးမလွန်ဖို့ရန်ပြောခဲ့ပေမယ့်၊ သူကိုယ်တိုင်ကတော့ ထူးဆန်းတဲ့ အိမ်မက်တစ်ခုမက်ခဲ့သည်။ အိမ်မက်အစပိုင်းကတော့ အရမ်းကိုပုံမှန်ဖြစ်ပြီး၊ ချစ်ရိပ်လေး တငွေ့ငွေ့တောင် ပါသေးသည်။ ရှန်လျှံရှိန်နဲ့သူ အိပ်ယာထဲတွင်ချစ်တင်းနှောနေကြသည်ဟု ချင်းချင်းမြင်မက်ပြီး၊ သူတို့လက်များသည် တစ်ယောက်ခန္ဓာကိုယ်ပေါ်တစ်ယောက်တင်ထားပြီး၊ ချစ်ခြင်းအစပျိုးရန် အရိပ်ပြနေကြသည်။ ထို့နောက်၊ ရှန်လျှံရှိန်က သူ့အား အခန်းထောင့်ကကိုယ်လုံးပေါ်မှန်နှင့် ဖိကပ်တွန်းလိုက်သည်။ သူ့နောက်ကျောက ရေခဲတမျှအေးစက်နေသောဖန်သားနှင့် ထိတွေ့နေသော်ငြား၊ သူ့ပေါင်းရင်းကတော့ မီးတမျှတောက်လောင်နေသည်။ သူ့အောက်ပိုင်းတွင်ပါးစပ်ဖြင့်ပြုစုပေးခံရသော သက်တောင့်သက်သာရှိမှုကြောင့် မျက်လုံးများကို ချင်းချင်းမှိတ်ထားရင်း၊ ငြီးငြူသံအချို့ သူ့နှုတ်ဖျားက လွတ်ထွက်လာကြသည်။

သို့သော် များမကြာမှီ လက်မောင်းတစ်စုံသည် သူ့နောက်ကျောဖက်မှ အသက်ရှူကြပ်လုနီးနီး သိုင်းဖက်လိုက်သည်။ ဒီလက်မောင်းတွေက ဘယ်ကရောက်လာတာလဲ? ကြေမုံပြင်ထဲက တစ္ဆေတစ်ကောင်၏ လက်မောင်းများထွက်လာကာ သူ့ကိုကြေမုံထဲဆွဲခေါ်သွားတော့မလိုမျိုး ဆုတ်ကိုင်ထားသည့် အထင်ကြောင့် ချင်းချင်းထိတ်လန့်သွားခဲ့သည်။

( ရှန်...)

ချင်းချင်းသည် အကူအညီအော်ခေါ်ချင်သော်လည်း၊ သူ့ရှေ့တွင် ဒူးထောက်ထိုင်ထားသော အမျိုးသားကတော့ မရှိတော့ပေ။ ထိုအချုပ်ကရှုန်းကြာ သူလဲကျသွားပြီး၊ တဖက်ကိုလှည့်ကြည့်လိုက်သည်။ လူတစ်ယောက်..ဒါမှမဟုတ် တစ္ဆေတစ်ကောင်သည် မှန်ထဲကနေ အလုံးအလျားအတိုင်း ထွက်လာပြီး၊ သူနဲ့မျက်နှာချင်းဆိုင်ရပ်လိုက်သည်။ အမှောင်ထုက သူတို့ကိုလွှမ်းမိုးထားပြီး၊ ချင်းချင်း ရင်းနှီးပြီးသား တိုက်ခန်းကိုပင် ကောင်းကောင်းမမြင်ရတော့။ သို့သော် သူ့မျက်စိရှေ့ကမျက်နှာပြင်ကိုတော့ သူ...ကောင်းကောင်းကြီးသိပါ၏။ ထိုသူသည် အခြားသူတော့မဟုတ်၊ သူအော်ဟစ်၍ အကူအညီတောင်းချင်ခဲ့သည့် အမျိုးသားပင်တည်း။

( ရှန်လျှံရှိန်...)

ချင်းချင်းသည် ကြောက်အားလန့်အားဖြင့် ဟစ်အော်ခေါ်မိသည်။ သိုင်းဝတ္ထုတွေအများကြီး ချင်းချင်း ဖတ်လွန်းအားကြီးသွားလို့ဖြစ်မည်။ သူ ကောင်းကောင်းကြီးသိသောအမျိုးသားသည် ဘယ်ကြောင့်မှန်းမသိ ရှေးခေတ်က ၀တ်စားပုံအတိုင်း ၀တ်ဆင်ထားသည်။ ထိုသူ၏ဆံနွယ်ရှည်များမှာ မဲနက်နေပြီး၊ သူ့ဝတ်ရုံက ပိုလို့တောင်မှောင်သေးသည်။ ထိုအမျိုးသား၏ ဖြူလျော်လျော်မျက်နှာသည်သာ အမှောင်ထုထဲတွင် ထင်သာမြင်သာရှိနေသည်။ ထိုသည်ကား မျက်နှာတစ်ခု၊ ဘာခံစားချက်ကိုမျှ သိုဝှက်မထားသော မျက်နှာတစ်ခုပါ။ သို့သော် သူတို့နှစ်ဦးသား တစ်ယောက်မျက်ဝန်းထဲတစ်ယောက်ကကြည့်လိုက်ချိန်တွင် ထိုလူသား၏မျက်နှာပြင်ပေါ်မှ မျက်ရည်တစက တိုးတိတ်စွာကျဆင်းလာသည်။

( ဟင့်အင်..မငို...)

ချင်းချင်းတစ်ယောက် ကြောက်ကြောက်ဖြင့် လက်လှမ်းလိုက်သည်။ ထိုလူသားကိုမငိုပါနဲ့လို့ သူပြောချင်ပေမယ့် ပြောနိုင်ခြင်းငှာမစွမ်း။ ထိုသူ့အတွက် မျက်ရည်တွေကိုသုတ်ပေးဖို့တောင် မစွမ်းနိုင်----အလွန်အမင်းဆိုးဝါးလှသော ၀မ်းနည်းမှုကြောင့်ဖြစ်တည်လာသောမျက်ရည်တွေပါ။ ထိုလူသားကို သူသည် အရမ်းဝမ်းနည်းအောင် လုပ်ခဲ့မိတာပဲဖြစ်မည်။ ထို့ကြောင့် ခံနိုင်ရည်အားကိုကျော်လွန်နေသည့် စိတ်ဒဏ်ရာရယ်၊ အချစ်နှင့်အမုန်းကြား တစစီစုတ်ပြတ်သတ်ခြင်းများက ထိုအမျိုးသား၏မျက်ဝန်းများထဲတွင် အထင်းသား။ ချင်းချင်းသည် အရမ်းကြောက်လန့်နေသည့်အတွက် ဘာလုပ်ရမှန်းမသိ၊ ထိုအမျိုးသား နာကျင်နေတာကြည့်ပြီး သူလည်းရင်နာရပါ၏။ ဖြေသိမ့်စရာစကားတစ်လုံးတောင်မှ ချင်းချင်းတစ်ယောက် ဖျစ်ညှစ်မထုတ်နိုင်ခဲ့။ သူ့မျက်စိရှေ့ကအမျိုးသားကိုငေးစိုက်ကြည့်ကာ ကျောက်ရုပ်ကြီးလိုဖြစ်နေပြီး၊ သူ...မျက်တောင်လေးတစ်ချက်ခတ်လိုက်မိလျှင် ထိုလူသားပျောက်ကွယ်သွားမှာ ချင်းချင်းစိုးထိတ်နေခဲ့သည်။

(ချင်းချင်း..ချင်းချင်း??)

ချင်းချင်းခင်မျာ အိပ်မက်ထဲတွင် လှုပ်မနိုင်ရှားမရဖြစ်နေသော်လည်း၊ အပြင်မှာတော့ ဆက်တိုက်တုန်ရီကာ အိပ်လျက်ဖြင့် အနားမရနိုင်ဖြစ်နေသည်။ ရှန်လျှံရှိန်တစ်ယောက် အာရုံရနေသကဲ့သို့၊ သူနိုးလာပြီး ချင်းချင်းအိပ်မက်ဆိုးများ မက်နေမှန်းသိသွားတော့၊ ချင်းချင်းအား သူလှုပ်နိုးသည်။ ဆေးကြောင်ကြောင်နေသလို အခြေအနေတွင်ရှိနေပြီး၊ ချင်းချင်းသည် စက္ကန့်အနည်းငယ်ခန့် အိပ်လျက်သားရှိနေပြီးမှ ရုတ်တရက်ကြီး သူ..တဖက်လှိမ့်ကာ ရှန်လျှံရှိန့်ရင်အုပ်ပေါ် မျက်နှာအပ်လျက် သူ့လူကြီးအား လက်မောင်းနှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ်ဖက်ထားခဲ့သည်။ တခဏအကြာတွင်၊ သူ့ခြေရောလက်ရောဖြင့် ထိုအမျိုးသားအပေါ်ဖက်တွယ်ကပ်ထားပြီး၊ အသက်ရှူနေသည့်ကြားက အသံတိုးညင်းစွာ တစ်ခုခုကိုဗလုံးဗထွေးပြောနေသည်မို့ ရှန်လျှံရှိန် ရိပ်ဖမ်းသံဖမ်းခြင်းငှာမစွမ်း။

( တော်ပြီ။ တော်ပြီ။ အခုအားလုံး အေးဆေးဖြစ်သွားပြီလေ....)

ချင်းချင်း ဘာအိပ်မက်မက်မှန်း ရှန်လျှံရှိန်မသိ။ ချင်းချင်း၏လက်ရှိအပြုအမူများကို နည်းနည်းလေး ရယ်စရာကောင်းနေတယ် ထင်နေပေမယ့် သူ့နှုတ်ကတော့မပြောခဲ့။ ချင်းချင်းကို သူပြန်ဖက်ကာ၊ နှစ်သိမ့်ရင်း ချင်းချင်း၏နောက်ကျောကို ညင်ညင်သာသာလေးပွတ်သတ်ပေးနေသည်။

( မကောင်းတဲ့အိပ်မက်မက်ခဲ့သလား ညီ? အခုညီ နိုးပြီဆိုတော့ ညီ့ကို ထိခိုက်အောင် မလုပ်နိုင်တော့ပါ ဘူးကွယ်။ မကြောက်နဲ့တော့နော်)

( ကိုကိုပြောတာကြီးကလည်း ကျွန်တော့်အမေနဲ့ ဘာလို့တူနေတာလဲ?)

ချင်းချင်းတစ်ယောက် အသိစိတ်ပြန်ဝင်လာ၍ အနည်းငယ်ရှက်သလိုလိုခံစားရကာ အရှက်ကိုဖုံးရန်အတွက် မကျေမနပ်ပြောပြီးမှ၊ ရှန့်ကိုယ်ပေါ်ကနေ သူဆင်းသွားလိုက်တော့သည်။

( ညီက ကိုယ့်ကိုဖဲ့နေတယ်ပေါ့လေ ဟုတ်လား? ဒီလိုအိပ်မက်ဆိုးမက်တာ နည်းတောင်နည်းသေးတယ်) ချင်းချင်းအား ချစ်လို့ကိုမ၀သေးသလို သဘောမျိုးဖြင့်၊ ရှန်လျှံရှိန်သည် ချင်းချင်းကို သူ့ရင်ခွင်ထဲ ပြန်ဆွဲသွင်းလိုက်သည်။ ( ဘာအိပ်မက်မက်ခဲ့သလဲ ညီ?)

( ကိုကိုကတစ္ဆေတစ်ကောင်ဖြစ်နေပြီး၊ ကျွန်တော့်ကိုစားပစ်တယ်လို့ အိပ်မက်မက်တယ်)

ချင်းချင်းသည် အခွီမှတ်ချက်များကို ဆက်ပြောနေခဲ့သော်လည်း၊ တခဏအကြာမှာတော့ ချင်းချင်းတစ်ယောက် မြိုသိပ်မထားနိုင်တော့ဘဲ၊ ရှန်လျှံရှိန့်အား အလုံးစုံကိုပြောပြခဲ့တော့သည်။ နောက်ဆုံးတွင်၊ ချင်းချင်းက လေသံလေးဖြင့်မေးလိုက်သည်။

( ကျွန်တော် ကိုကို့အပေါ်ဘယ်တုန်းက ဆိုးခဲ့ဖူးလို့လဲဟင်?)

( ဟုတ်သားပဲ၊ ဘယ်တုန်းကပါလိမ့်?) ရှန်လျှံရှိန်က ချင်းချင်းနဖူးလေးပေါ်အနမ်းပေးကာ၊ လက်တစ်ဖက်ကို ချင်းချင်းည၀တ်ဘောင်းဘီထဲလျှောသွင်းလိုက်သည်။ ( ဒုတိယအပိုင်းကသာ အိပ်မက်ဆိုးလေ။ ဒါပေမယ့် ပထမအပိုင်းကတော့ မဆိုးဘူးမဟုတ်လား? ကိုယ်ပြောတာ...ညီ ဒီအိပ်မက်မက်တာက ဒီတပတ် ကိုယ်တို့ လုပ်သင့်သလောက်မလုပ်ခဲ့လို့ဖြစ်မယ်လို့)

( တော်တန်တိတ်။ ညသန်းခေါင်ကြီးကို...)

ချင်းချင်းက အသံတိုးတိုးလေးငြင်းဆန်နေပေမယ့်၊ သူ့ခန္ဓာကိုယ်သည် ရှန့်အထိအတွေ့တို့ဖြင့် အကျင့်ရနေပြီးဖြစ်၍၊ မကြာလိုက်ပါ..ချင်းချင်း စိတ်ကြွလာတော့သည်။ အိပ်မက်လက်ကျန်ရမ္မက်သည် ပြန်လည်ထွန်းငြီးလာသဖြင့်၊ ရှန်လျှံရှိန့်အား ဟန့်တားခြင်းမျိုးကို သူလက်လျှော့လိုက်တော့သည်။

(ညီက ဒီလိုပြောမှတော့၊ ကောင်းပြီလေ) ရှန်လျှံရှိန်သည် တစ်ဖက်အမျိုးသားက အပြည့်အ၀ ထောင်မတ်လာပြီကို သိပြီးနောက်ပိုင်းတွင် တမင်တကာရပ်တန့်ပစ်လိုက်ပြီး၊ ချင်းချင်း၏တင်ပါးလေးကို ပုတ်ကာ ( ကဲ အိပ်တော့)

(ဟာ..ကိုကိုကလည်း လုပ်ပါ။ အဲ့လိုကြီးမလုပ်စမ်းပါနဲ့)

ချင်းချင်းသည် သူ့ကိုယ်သူအောက်လျှောသွားပြီး၊ ကိုလောရှည်၏ရင်အုပ်ကို ကိုက်နမ်းကာ၊ အဖုလေးများကို ကလိသည်။ နောက် စောင်အောက်ဝင်သွားကာ သူ့အောက်ပိုင်းအ၀တ်များကိုချွတ်ပြီးသွားမှ ရှန့်လျှံရှိန့်လက်ကိုယူပြီး သူ့ဖင်ပြောင်လေးပေါ်တင်လိုက်သည်။ ရှန့်လက်ချောင်းများအား သူ့အ၀င်ပေါက်ဆီလမ်းပြကာ၊ တမင်သက်သက်ကြီး သူ့အတွင်းသားကြွက်သားများကို ရှုံ့ချည်နှဲ့ချည်လုပ်သည်။ တချိန်တည်းမှာပဲ သူ့ကိုယ်ပိုင်ထောင်မတ်မှုကိုလည်း ရှန်လျှံရှိန့်ပေါင်ပေါ် ကြိတ်ချေနေသေးသည်။

( ညီက တော်တော်ဆိုးတဲ့ ဂျစ်တူးလေးပဲ )

ရှန်လျှံရှိန်သည် အပေါ်ယံသာကြိမ်းမောင်းပြီး၊ တဖက်ကိုလှိမ့်ကာ စက္ကန့်ပိုင်းအတွင်းမှာပဲ ချင်းချင်းအ၀တ်များကို ချွတ်လိုက်တော့သည်။ သူသည် ချင်းချင်းအား ခေါင်းစ ခြေဆုံး ထန်နိုင်သမျှ ထန်အောင် ရှုံ့နမ်းနေသည်က ချင်းချင်းအမည်ရအမျိုးသား ခံနိုင်ရည်အားကုန်သည်အထိပင်။ ချင်းချင်းက သူ့ခြေထောက်သူ ကျယ်ကျယ်ကားပြီး တင်းပါးလုံးလေးများကိုဆွဲဟကာ ရှန့်အား သွင်းပေးပါတော့လို့ တောင်းပန်သည့်အချိန်ကျမှ၊ ရှန်လျှံရှိန်သည် ဒီထက်ပိုပြီးရင်းနှီးစရာမကျန်တော့သော ခန္ဓာကိုယ်ထဲသို့ သူကိုယ်သူ ပစ်သွင်းလိုက်တော့၏။ ဒါတောင်၊ ကာမဆက်ဆံခြင်းဆိုသည်မှာ မပျော်ရမှာမပူရပါဘူး။ ပြီးတော့ သူတို့သည်လည်း ဒါကိုရိုးအီသွားခြင်းမရှိပါလေ။

( ဒါ မထူးဆန်းလား? ကျွန်တော် အဲ့လိုအိပ်မက်မက်မှန်း ကိုကိုက ဘာကြောင့်တွက်ဆမိတာလဲ?) ချစ်ပြီးသွားသည့်နောက်၊ ချင်းချင်းလည်း ကြောက်စိတ်ပြယ်သွားခဲ့ပေမယ့်၊ ထိုအိပ်မက်ကိုတော့ မမေ့နိုင်သေးပေ။ ရှန်လျှံရှန့်အား စိတ်ရှုပ်ထွေးသောအမူအရာဖြင့်သူမေးသည်။ ( ကျွန်တော် အရင်ဘ၀က ကိုကို့အပေါ် အကြွေးတင်နေခဲ့ရင် ဘယ်နှယ့်လုပ်မလဲ?)

( ညီက အရင်ဘဝရှိတာကို တကယ်ကြီး ယုံကြည်သလား?)

ရှန်လျှံရှိန်သည် ချင်းချင်းကို ရင်ခွင်ထဲထည့်ကာ လဲလျောင်းလျက် ချွေးအိနေသောကျောပြင်လေးကို ပွတ်ပေးနေသည်။ သူထင်သည်က မအိပ်ခင် သူပြုလိုက်သောတောင်းဆိုချက်ကြောင့် ဒီလိုအိပ်မက်ကို ဒီအမျိုးသားက မက်ခဲ့ရသည်ပေါ့။ ချင်းချင်းမက်ခဲ့သည့် အိမ်မက်ထဲကအတိုင်း ချင်းချင်းဆိုသောလူသားအား ရှန်သည် နှစ်ဦးသားပိုင်နေရာလေးထဲသို့ ဆွဲခေါ်ပြီး၊ စစ်ပွဲတွေ၊ စိတ်ရှုပ်စရာအခြေအနေများကို တကိုယ်ကောင်းဆန်ဆန် မေ့ထားကာ ချင်းချင်းအား သူ...အမှန်တကယ့်ကို အချုပ်ချထားတော့၏။ ဒါကို ကဗျာက ဒီလိုပြောထားပါသည်။

အဆီအငေါ်မတည့် ဆန့်ကျင်တတ်တဲ့ လူသားတွေရဲ့စိတ်ခံစားချက်များနှင့်အဝေးဆီ
ကြောက်ကန်ကန်၍ ပြေးလို့ရမယ့်နေရာ...
မွန်မြတ်တဲ့စိတ်ဝိညာဉ်ကို သန့်သန့်လေးခွဲထုတ်ထားတဲ့နေရာ...
အမှောင်ထုရယ် ထိုအမှောင်ထုကိုဝန်းရံထားတဲ့ အတိတ်ဆိတ်ဆုံးနာရီပိုင်းမှာ
တစ်ရက်ကြာအောင် ချစ်ခြင်းဖွဲ့တေးသီနိုင်မယ့်နေရာ.....
ထိုကဲ့သို့သော ကမ္ဘာမြေ၀ယ် လွန်စွာချစ်မြတ်နိုးခံရင်း ကိုယ်တို့နေပါရစေကွယ်။

(ရိုးရိုးသားသားပြောရရင်၊ ကျွန်တော်...)

ချင်းချင်းဆက်ပြောချင်တာကို တန့်နေခဲ့ပေမယ့်၊ ညကြီးမင်းကြီး ဒီလိုအချိန်မှာ သူ့စိတ်တို့က တွေးချင်ရာတွေးနေမိမှန်း ချင်းချင်းသိသည်။ အဆုံးတော့၊ ရှန့်လျှံရှိန့်ရင်ခွင်ထဲ သက်တောင့်သက်သာဖြစ်သည့်နေရာလေးကို သူရှာတွေ့သွားချိန်၊ တိုးတိတ်စွာ မကြားတကြား ပြောလိုက်၏။ ( ကောင်းပြီ၊ good nightနော်)

( ချင်းချင်းရေ၊ ကိုယ့်မိသားစုထဲမှာ ဘယ်သူမှမကျန်တော့သလို ညီလည်း အတူတူပဲ) ချင်းချင်းကို ပွေ့ဖက်ထားလျက်၊ ရှန်လျှံရှိန်သည်သူ့ခေါင်းထဲတွင် ရှိနေခဲ့သမျှကို တိုက်ရိုက်ပြောသည်။ ( ဒီကစလို့ ကိုယ်တို့နှစ်ယောက်တည်းပဲ။ ကိုယ်က ညီ့ကိုကောင်းကောင်း ဂရုစိုက်စောင့်ရှောက်မယ်။ ပြီးတော့ နောက်ဆုံးအချိန်အထိ ကိုယ်တို့ဒီအတိုင်းလေးပဲ နေသွားကြမယ်နော်၊ ဟုတ်ပြီလား?)

( ဟုတ်) ချင်းချင်းက ခပ်မြန်မြန်ပြန်ဖြေသည်။ သူ မျက်လွှာကိုလှန်ကြည့်လိုက်ပြီး၊ သူ့ခေါင်းနှင့် နီးနီးလေးရှိနေသည့် အမျိုးသားအား ငေးစိုက်ကြည့်နေသည်။ ကလေးဆန်ပေမယ့်လို့ လေးနက်တည်ကြည်စွာဖြင့် ချင်းချင်းထပ်ပိုးပြောလိုက်သည်။ ( နောက်ပြီး ကျွန်တော်ကလည်း ကိုကို့ကို ဂရုတစိုက်နဲ့စောင့်ရှောက်မယ်နော် )

( လိမ္မာလိုက်တဲ့ကလေး။ အခုတော့ အိပ်တော့)

ရှန်လျှံရှိန်က သဘောတကျရယ်မောကာ၊ ချင်းချင်း၏မျက်လုံးပေါ် အနမ်းတစ်ပွင့်ချလိုက်ပြီး၊ တစ်ယောက်ရင်ခွင်တွင် တစ်ယောက်ကမှေးစက်လျက် နှစ်ဦးသားအိပ်စက်ခြင်းဆီမျှောလွင့်သွားတော့သည်။ သူတို့သည် စစ်ပွဲများအကြောင်း၊ လက်ရှိစိတ်ရှုပ်စရာအခြေအနေများကိုမမေ့ထားတာတောင်မှ၊ အမြဲတမ်းတော့ ကိုယ်ကျိုးစွန့်ဖို့စဉ်းစားနေနိုင်မည်မဟုတ်။ ရှန်လျှံရှိန်လှူဒါန်းခဲ့သောငွေပမာဏမှာ သာမာန်ပြည်သူတစ်ဦး အိပ်မက်တောင်မက်ဖူးမှာ မဟုတ်သည့်ပမာဏဖြစ်သည်။ သို့သော် သက်တမ်းရှည်သောစစ်ပွဲဖြစ်သောကြောင့် ထိုငွေများမှာ သမုဒ္ဒရာထဲက မိုးရေတစ်ပေါက်လို၊ ထောက်ပံ့ပေးခြင်း၏သင်္ကတတစ်ခုသာသာပဲ ဖြစ်တော့သည်။ စစ်မြေပြင်တွင် သွေးများစတေးခဲ့သော ကိုယ်ကျိုးစွန့်သူများနှင့်နှိုင်းယှဉ်ကြည့်လျှင်၊ သူတို့နှစ်ဦး၏အလှူငွေဆိုသည်မှာ မပြောပလောက်အောင် အသေးအမြွား သာသာ။ သို့ပေမယ့်၊ ရှန်လျှံရှိန်သည် အဆုံးသတ်တွင် သူ့ကျန်တဘ၀လုံးကို ချင်းချင်းနှင့်အတူ ကုန်ဆုံးလိုသောဆန္ဒသာရှိသည်။ ထိုအချက်ကြောင့် သူ့ကိုယ်သူလည်း မသေအောင်နေရမည်ဖြစ်သကဲ့သို့ ချင်းချင်းကိုလည်း ဘယ်နည်းနဲ့ဖြစ်ဖြစ် ကယ်တင်ရမည်လေ။

နှစ်ယောက်သားမှာ တဦးရဲ့အဖော် တဦးကဖြစ်ပေးရုံမျှမက၊ တစ်ယောက်ကိုယ်တစ်ယောက်လည်း မိဘလို၊ ညီအစ်ကိုလို၊ သားသမီးလို နေပေးသဖြင့်၊ တစ်ဦးကိုယ်တစ်ဦး ရင်းနှီးသောပတ်သတ်မှုအားလုံးအဖြစ် တည်ရှိနေကြမည်သာ။ နောက်ပြီး၊ သူတို့နှစ်ဦးအတူတူရှိနေမည်က သေခြင်းခွဲသည်အထိပါ။

( ညီလား? ခေါက်ဆွဲဝယ်ခဲ့လား?)

( ကျွန်တော် သွားကိုမသွားဘူး)

( ဘာလို့လဲ)

( ကုန်ခြောက်ဈေးကို ကျွန်တော်ဖြတ်သွားတော့၊ တန်းစီနေကြတဲ့လူတန်းကြီးက အရှည်ကြီးမို့၊ ကျွန်တော်စဉ်းစားတယ်လေ..ကျွန်တော့်အလှည့်ရောက်ရင် သူတို့ပစ္စည်းရောင်းလို့ကုန်သွားမှာပဲလို့။ ကျွန်တော်တို့ဖာသာ ခေါက်ဆွဲလုပ်စားကြပါစို့ဗျာ)

ဤနှစ်သည် ပြည်ထောင်စုထူထောင်သည့် ၃၄နှစ်ပြည့် သြဂုတ်လဖြစ်ပြီး၊ ခရစ်သက္ကရာဇ် ၁၉၄၅။ ဂျပန်တို့၏ကန့်သတ်ချက်မဲ့သော လက်နက်ချသတင်းက Tientsinမြို့တ၀ှမ်းပြန့်နှံ့သွားပြီးသည့်နောက်၊ တမြို့လုံး အုံးအုံးကြွပ်ကြွပ်အပျော်များထဲ ကျရောက်သွားတော့သည်။ မီးရှူးမီးပန်းများနှင့် ဗောက်အိုး ၀ယ်လိုအားမှာ နှစ်သစ်ကူးရာသီထက်တောင်များပြားနေသည့်အတွက် ဆိုင်ရှိကုန်ပစ္စည်းတို့ မလုံလောက်သောအခါ ကုန်သည်တို့မှာ အံသြဘနန်းဖြစ်ရသည်။ ဗောက်အိုးကိုအသာထား၊ ပုံမှန်အိမ်သုံးပစ္စည်းများဖြစ်သည့် ခေါက်ဆွဲတွေတောင် ပစ္စည်းပြတ်သည်။ အိမ်တိုင်းအိမ်တိုင်းက ကံဆိုးခြင်းတို့ ပပျောက်အောင် ခေါက်ဆွဲစားသည့်ဓလေ့ကိုလုပ်ခြင်းအားဖြင့် ဂျပန်တို့တွေ ဒင်းတို့၏သောက်ကျိုးနည်း နိုင်ငံဆီတပ်ဆုတ်သွားသည်ကို အောင်ပွဲခံကြလေသည်။

ပထမတော့၊ ဤလက်နက်ချသောသတင်းကိုကြားပြီး၊ အနည်းနဲ့အများဆိုသလို လူတိုင်းမယုံကြည်နိုင်ကြ။ ခေါက်ဆွဲစားလိုက်ပြီးသည့်နောက်မှ၊ သူတို့ဗိုက်ထဲရောက်သွားသောခေါက်ဆွဲနှင့်အတူ သူတို့အပူလုံးကြီးလည်း ကျသွားတော့သည်။ ချင်းချင်းက ပန်းကန်လုံးတစ်ခုထဲ ဂျုံမှုန့်အချို့ထည့်ပြီး၊ ရှန်လျှံရှိန်ကတော့ သူ့ဘေးမှာမတ်တပ်ရပ်လျက် ရေထည့်ပေးနေသည်။ ချင်းချင်းက ဂျုံနယ်နေတုန်း၊ ရှန်လျှံရှိန်က ဟင်းသီးဟင်းရွက်များနှင့် ဟင်းအနှစ်တွေကိုပြင်ဆင်နေသည်။ အမျိုးသားနှစ်ယောက်သည် မီးဖိုဘေးတွင် ခေါက်ဆွဲကျက်သွားမှာကိုစောင့်နေခဲ့ကြသည်။ ခေါက်ဆွဲရတော့၊ နှစ်ယောက်သား ရိုးရာအရ အသက်ရှည်စေသောခေါက်ဆွဲများကို ပန်ကန်လုံး၂လုံးထဲသို့ ဘေးဖက်တွင်ကျနေသောအမျှင်များကို ပြတ်ထွက်မသွားအောင် ဂရုတစိုက်ပြောင်းထည့်ကြသည်။ နောက်ပြီး၊ ခေါက်ဆွဲအမျှင်အရှည်ကြီးက ကြိုမြင်နိုင်သောအနာဂတ်တွင် အချိန်အကြာကြီးပျော်စရာကောင်းသောနှစ်များကို ရယူသကဲ့သို့ဖြစ်၏။ ထိုအမျိုးသားနှစ်ဦးသည် ထိုနေ့တွင်သူတို့ဖာသာခေါက်ဆွဲစားပြီး၊ နောက်ရက်၌ လျှိုအိမ်သို့သွားကာ နောက်ထပ်အောင်ပွဲတစ်ပွဲ ထပ်ခံကြသည်။ လမ်းတွင်၊ ဓာတ်ပုံဆိုင်ဘေးမှ သူတို့ဖြတ်လျှောက်တော့၊ ချင်းချင်းခြေလှမ်းတို့ တုန့်ခနဲရပ်သွားသည်။ ပြုံးစိစိဖြင့် သူက ရှန်လျှံရှိန့်အားမော့်ကြည့်ပြီး၊ ( ကိုကို ကျွန်တော်တို့ လုပ်ကြမလား?)

တကယ်တမ်းဖြင့်၊ နှစ်ဦးစလုံးက ဓာတ်ပုံရိုက်ရသည်ကိုမကြိုက်။ ဒါ့အပြင်၊ သူတို့နှစ်ယောက်မှာ နေထွက် နေ၀င်အတူတူရှိနေကြသည့်အတွက်၊ ဘယ်သောအခါကမှ ကင်မရာဝယ်ပြီးဓာတ်ပုံရိုက်ဖို့ သူတို့ စိတ်ကူးမရှိခဲ့ကြ။ သူတို့ စတူဒီယိုကို အတူတူရောက်ဖူးသည်က အခုတကြိမ်က ပထမဆုံးဖြစ်၏။ ဓာတ်ပုံဆိုင်ရှေ့ပိုင်းက သိပ်ခမ်းနားလှသည်မဟုတ်။ သို့သော် *ကြင်စဦး*ဆိုသည့်ဆိုင်းဘုတ်လေးက စိတ်အာရုံကိုအတော်လေးဖမ်းစားလျက်ရှိသည်။ ဆိုင်ပိုင်ရှင်လေးကငယ်ငယ်လေးဆိုတာသိသွားသောအခါ၊ ထိုသူသည် လက်တလောအိမ်ထောင်ပြုထားသည်ဟု ချင်းချင်းယူဆ၍ စိတ်ရင်းစေတနာဖြင့် နှုတ်ဆက်စကားပြောလိုက်သည်။

( လက်ထပ်ပွဲကို ဂုဏ်ပြုပါတယ်ဗျာ!)

( အမယ်လေးလေး။ လူတွေက ဒါပဲပြောနေကြတာပဲ) ထိုဆိုင်ရှင်က တက်ကြွခြင်းဖြင့်ပြန်ဖြေသည်။ (လွန်ခဲ့တဲ့၂နှစ်က ကျွန်တော်လက်ထပ်ထားတာပါဗျ၊ နောက်ပြီး အဲ့ကတည်းက ဒီဆိုင်းဘုတ်တွေ ကျန်နေတာ။ အခုအချိန်အခါက ပွဲတော်ကြီးတစ်ခုဖြစ်လို့ ဒါလေးတွေချိတ်ထားရမလား ကျွန်တော်စဉ်းစားမိလို့)

ချင်းချင်းသည် ကနဦးတွင်စိတ်ကောင်းဝင်နေရုံသာမက၊ ဆိုင်ရှင်ကလည်း သဘောကောင်းသူ ဖြစ်သောကြောင့်၊ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောကြတော့သည်။ ထိုသူက ချင်းချင်းအား ရှန်လျှံရှိန်နဲ့က သူငယ်ချင်းတွေလားလို့မေးတော့၊ ကိုလောရှည်ကို သူလှမ်းကြည့်ရင်း ပြုံးတုံ့တုံ့ပြန်ဖြေသည်။ (ကျွန်တော်တို့က တ၀မ်းကွဲ ညီအစ်ကိုတွေပါ)

( တ၀မ်းကွဲ ညီအစ်ကိုလား..အင်း အင်း...ကောင်းပါလိမ့်..ကောင်းပါလိမ့်) ဆိုင်ရှင်သည် ကင်မရာနောက်တွင် မတ်တပ်ရပ်ပြီး ချိန်ခွက်မှတဆင့်ချောင်းကြည့်ကာ သူတို့ကို ညွှန်ကြားချက်များပေးနေသည်။
( နည်းနည်းလေး ကပ်ထားပါ၊ ကျွန်တော့်ဆရာတို့ရေ...လာပြီနော်။ အစ်ကိုတို့နှစ်ယောက်က ဘာကိစ္စ အဝေးကြီးရပ်နေကြတာလဲ? ပိုကပ်ထားပေးပါ၊ အစ်ကို့လေး သူ့ကိုဖက်ထားလေ...ဟုတ်ပြီ....အခု ၀မ်းကွဲညီအစ်ကိုတွေနဲ့ တူသွားပြီဗျာ! အခု ဒီကိုကြည့်ထားမယ်...ပြုံထားနော်...ပြည့်စုံသွားပါပြီ မောင်တို့ရာ!)

ဓာတ်ပုံရိုက်ပြီး၊ ပြေစာယူကြသည်။ ချင်းချင်းက ပိုက်ဆံအိတ်ကိုလက်လှမ်းလိုက်သော်၊ ဆိုင်ရှင်လေးက လက်ခါပြပြီး ( ပိုက်ဆံမယူပါဘူး စေတနာသက်သက်! ဒီနေ့လို ပျော်စရာကောင်းတဲ့နေ့မှာ ကျွန်တော်က ဘယ်လိုလုပ်ပြီး ပိုက်ဆံတောင်းရမှာတုန်း? ဒီတပတ် နေ့တိုင်းပဲ ကျွန်တော်က အခမဲ့ဝန်ဆောင်မှု ပေးနေတာပါ)

( ဟာမဟုတ်တာ၊ ကျွန်တော်တို့ ပိုက်ဆံမပေးဘဲမနေတတ်ဘူး) ချင်းချင်းသည် ကောင်တာပေါ်သို့ ငွေကိုတင်လိုက်သည်။ ( ခင်ဗျားပျော်တယ်ဆိုတာနဲ့ဘဲ၊ အမြတ်တွေဆုံးကုန်မှာပေါ့။ အဆုံးခံနိုင်လို့လား?)

( ကျွန်တော်ပြောပါတယ်..အခမဲ့ပါဆို) ဆိုင်ရှင်လေးက ရွှင်မြူးစွာတခစ်ခစ်ရယ်ပြီး၊ ပိုက်ဆံတို့ကို ချင်းချင်းရဲ့ အိတ်ထောင်ထဲထိုးထည့်ကာ ထိုဝမ်းကွဲညီအစ်ကိုနှစ်ယောက်ကို စတူဒီယိုအပြင်ဘက်ကြွဖို့ ခေါ်သွားတော့သည်။ တံခါးပေါက်ကစက္ကူအပိုင်းစလေးကို လက်ညှိုးထိုးလျက်၊ ဆိုင်ပိုင်ရှင်ကပြောသည်။

( တွေ့လား၊ ဒီမှာရေးထားပြီးသား။ ပျော်စရာကောင်းတဲ့ အချိန်တွေက အရောက်လာဖို့ဒီလောက်ခက်တာ၊ ကျွန်တော်ကျေကျေနပ်နပ်ကြီး အမြတ်ကို အဆုံးခံတာပေါ့)

တကယ်ရယ်ပါ..ချင်းချင်းရော ရှန်လျှံရှိန်ရော ကြင်စဦးဆိုတဲ့ဆိုင်းဘုတ်အောက်က ထိုစက္ကူကို သတိမပြုမိခဲ့ကြပါ။ ထိုစာရွက်ပေါ်တွင် အောက်ပါစကားလုံးများသော သေသပ်စွာရေးသားထား၏။ *အမိမြေ၏အောင်ပွဲခံဖွယ်ရာ ခုခံအားကို ဂုဏ်ပြုခြင်းအားဖြင့် အခမဲ့ဝန်ဆောင်မှုပေးနေပါပြီ*ဟူ၏။ ရိုက်ခဲ့သောဓာတ်ပုံများကိုပြန်သွားရွေးသည့်နေ့က၊ ချင်းချင်းတစ်ယောက် နေ့ခင်းတုန်းကလည်းကြည့်ပြီးသား ဖြစ်ပေမယ့်လို့၊ ညမအိပ်ခင်တခါ ထိုဓာတ်ပုံကိုထုတ်ကြည့်သေးသည်။

( ဘာတွေပြုံးနေတာတုန်း ညီရ?) ရှန်လျှံရှိန်ရေချိုးပြီးထွက်လာခါစဖြစ်သည်။ မျက်နှာပေါ်တွင် ရူးကြောင်ကြောင်အပြုံလေးနှင့် ဓာတ်ပုံကိုကြည့်နေသော အမျိုးသားကိုမြင်တော့၊ ထိုအမျိုးသားဘေး ရှန်ဝင်ထိုင်ကာ၊ လက်တစ်ဖက်ဖြင့်ဖက်ထားလိုက်သည်။

( ကျွန်တော်ကြားဖူးတယ်..အပြင်မှာချောတဲ့သူတွေက ဓာတ်ပုံထဲမှာမချောဘူးတဲ့။ ဒါပေမယ့် ကိုကိုကတော့ အပြင်မှာကြည့်ကောင်းသလောက်ကို ဓာတ်ပုံထဲမှာလည်းကြည့်ကောင်းသားပဲ။) ရှန်လျှံရှိန့်ကို ချီးကျူးပြီးသည့်နောက်၊ ချင်းချင်းသည် အရှက်မဲ့စွာဖြင့် သူကိုယ်တိုင်အတွက်ဖြည့်စွက်ပြော၏။ ( ဒါပေမယ့် ကျွန်တော်ကလည်း သိပ်ကြည့်ရမဆိုးဘူး ပြောရမှာပဲ)

ချင်းချင်းတစ်ယောက် ကိုယ့်ကိုယ်ကိုချောတယ်လှတယ်လုပ်နေခြင်းက အခြားနေ့တွေမှာသာဆိုလျှင်၊ ရှန်လျှံရှိန်သည် ခနဲ့တည့်တည့် မှတ်ချက်နဲနဲလောက် ချလိုက်မိမှာအသေအချာပါပဲ။ သို့ပေမယ့်၊ ချင်းချင်းကို သူဖက်ထားပြီး၊ ဓာတ်ပုံထဲမှာလည်း ထိုနည်းတူစွာ ချင်းချင်းအားဖက်ထားကာ အတွင်းထဲကအမျိုးသားနှစ်ဦးသည် အပြင်ကအမျိုးသားနှစ်ဦးကို ပြုံးပြနေတာမြင်တော့ ရှန့်ရင်ထဲ လှုပ်ရှားသွားသည်။

(ဒိထက်ကြီးတဲ့ပုံတစ်ပုံကူးပြီး၊ ဒီအပေါ်မှာချိတ်ထားရအောင်ကွာ) ရှန်လျှံရှိန်က ချင်းချင်းလက်ကိုလှမ်းဆွဲပြီး၊ တင်းတင်းလေးဆုတ်ကိုင်ထားကာ ထပ်ပိုးပြောလေသည်။ ( လစ်ဟာနေတဲ့ မင်္ဂလာဆောင်ဓာတ်ပုံအစား အလျှော်သဘောပေါ့)

ထိုနေ့ညက သူတို့နှစ်ဦးသား ပျော်ရွှင်ကျေနပ်စရာ ညစ်ညမ်းမှုကင်းသောအချစ်တို့ကို ဖန်တီးကြ၏။ ထိုအချစ်သည် ကာမအလွန်အားပြင်းသောအရာမဟုတ်ဘဲ၊ ရှင်းရှင်းမမြင်နိုင်သည့် ဟိုးအဝေးကအရပ်ဆီသို့ ရေနွေးမြစ်တစ်စင်းမှစုန်ဆင်းကာ ရေပေါ်တွင်လှိုင်းစီးနေရသကဲ့သို့ သာသာယာယာဖြင့် တာရှည်ခံလှသည်။

ဂျပန်တို့ကိုအောင်နိုင်သောနှစ်တွင်၊ ရှန်လျှံရှိန်က ၃၅နှစ်ရှိပြီဖြစ်ပြီး၊ ချင်းချင်းကတော့ ၃၃နှစ်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက်နေ့စဉ်မြင်တွေ့နေရ၍ အသက်များကိုသတိမထားမိ။ ဓာတ်ပုံထဲက အမျိုးသားတို့သည်လည်း ငယ်ရွယ်ပြီး တက်ကြွနေဟန်ရှိသည်။ သို့သော် အဓိကအချက်ကတော့ ကြာရှည်သောကာလတစ်ခု ကုန်လွန်သွားခြင်းပါ။ ထိုချစ်ခြင်းကိစ္စပြီးသွားပြီးနောက်၊ သူတို့နှစ်ဦး လက်ချင်းဆုတ်ကာ ဘေးချင်းယှဉ်လျက် လှဲနေကြ၏။ ချင်းချင်းတစ်ယောက် ကုတင်ခြေရင်းကိုငေးမိတော့၊ ထိုနေရာရှိ ပိတ်ထားလုလု ကန့်လန့်ကာကြားမှ ချောင်းကြည့်နေသည့် ငွေလရောင်တစ်တန်းသည် အချိန်မည်မျှ ကုန်ဆုံးသွားကြောင်းကို သူ့အား နားလည်သွားစေသည်။ ဟိုးရှေးရှေးတုန်းက ကြမ်းပြင်ပေါ် ဖြာကျနေသည့်ငွေမှုန်ခြယ်လရောင်---၀မ်းနည်းခြင်းတွေပတ်လည်ဝိုင်းနေတဲ့ ကုတင်ခြေရင်းကိုဖြတ်ပြီး တရွေ့ရွေ့တက်လာတဲ့ လရောင်ပေါ့----ထိုလရောင်ကိုကြည့်နေခဲ့သည့် အမျိုးသားဘေးတွင် လှဲလှောင်နေခဲ့ချိန်ကို ချင်းချင်းသတိရသွားဟန်တူသည်။ ထိုလရောင်က သူတို့၏၁၀နှစ်နီးနီးသက်တမ်းကို ရက်လုပ်ထားသည့် ငွေရောင်ဖောက်အဖြူရောင်ချည်မျှင်နှင့်တူလှ၏။

ချင်းချင်းက ရှန့်လျှံရှိန့်အပေါ် လှိမ့်တက်လိုက်ပြီး၊ သူ့မျက်ဝန်းတွေထဲ ငေးစိုက်ကြည့်လိုက်သည်။ ရှန့်ဆံစပ်ကို လက်ဖြင့် သူပွတ်သတ်ပြီး အသံတိုးတိုးလေးမှတ်ချက်ပြုသည်။ ( ကိုကို့ခေါင်းပေါ် ဆံပင်ဖြူတစ်ပင်မှ မမြင်ရသေးဘူးနော် )

( မကြာဘူး လာတော့မယ်။ ညီ့ကို ကိုယ်ကဆံပင်ဖြူနှုတ်ပေးခိုင်းရဦးမှာ) ရှန်လျှံရှိန်တစ်ယောက် ချင်းချင်းစိတ်ထဲ ဘာတွေတွေးနေလဲဆိုသည်ကိုခန့်မှန်းရင်း တူညီသောလေသံဖျော့ဖျော့ဖြင့် ပြန်ဖြေသည်။ သူလည်း လက်လှမ်းကာ ချင်းချင်းမျက်လုံးဘေးက မှဲ့လေးကိုထိတွေ့ရင်း၊ ဟာသနှောသည်။ (ဒါပေမယ့် ဒီအရေးအကြောင်းလေး၂ခုကိုတော့ ကိုယ်လည်းဘာမှမလုပ်ပေးတတ်ဘူးကွယ်)

ချင်းချင်းက ဟာသပြောရသည်ကိုကြိုက်နှစ်သက်ပြီး ပြုံးရတာလည်း နှစ်ခြိုက်သည်။ ဒါကြောင့်မို့ဖြစ်မည်... သူ ပြုံးအားကြီးလွန်းလို့ သူ့မျက်လုံးထောင့်နားတွင် အရေးအကြောင်းလေးနှစ်ခု မသိမသာ ရှိသည်။

( သြော ကိုကိုက ကျွန်တော့်ကိုအိုပြီလို့ထင်နေပြီပေါ့၊ ဟုတ်လား ကိုကို?) ချင်းချင်းက သနားစဖွယ် မျက်နှာလေးကို ဟန်ဆောင်လုပ်ထားသော်လည်း၊ နောက်ခဏလေးအတွင်း အခြားတခုခုကို သူတွေးမိသွားဟန်ဖြင့် တ၀ါးဝါးတဟားဟား ထရယ်လေသည်။ ( ဟိုဝတ္ထုမှာပြောထားတာကို သတိရစမ်းပါ..)

ချင်းချင်းဖတ်သောစာအုပ်အများစုကို ရှန်လျှံရှိန်သည် သူနှင့်အတူလိုက်ဖတ်သည်။ ထို့ကြောင့် ကျောင်းဆရာလေး ဘာကိုရည်ညွှန်းသလဲဆိုတာအား ရှန်လျှံရှိန် အတိအကျသိပါသည်။ မှန်းထားသည့်အတိုင်း၊ ဒီနှစ်ပိုင်းအတွင်း အနည်းငယ် ရေပန်းစားလာသည့် ရှန်ဟိုင်းက အမျိုးသမီးစာရေး ဆရာမတစ်ဦးဖြစ်သည့် Chang၏ စာရေးဟန်ကို ချင်းချင်းစပြောပါတော့သည်။ ထိုသည်က ပျော်ဖို့လည်းကောင်းသလို ရပ်တန့်မရအောင် အားကောင်းသည့် အချစ်နှင့်အိမ်ထောင်ရေးတို့အား တင်စားချက်တစ်ခုသာ။

*ယောက်ျားတိုင်းယောက်ျားတိုင်း သူတို့ဘ၀တွင် ဤကဲ့သို့သော မိန်းမစားနှစ်မျိုးရှိကောင်းရှိလိမ့်မည်၊ အနည်းဆုံး နှစ်မျိုးပေါ့။ သူက အနီရောင်နှင်းဆီကို လက်ထပ်ခဲ့လျှင်၊ အနှေးနဲ့အမြန်၊ ထိုအနီသည် နံရံပေါ်က ခြင်တစ်ကောင်ရဲ့သွေးစွန်းကွက်သာဖြစ်လာမည်ဖြစ်ပြီး အဖြူသည်ကား ခန်းဆီးလိုက်ကာနံဘေးက လရောင်အဖြစ်ရှိနေလိမ့်မည်ပေါ့။ သို့သော် ထိုယောက်ျားသာ အဖြူရောင်နှင်းဆီပွင့်ကို လက်ထပ်မိလျှင်တော့၊ ထိုအဖြူသည် အမျိုးသား၏အင်္ကျီပေါ်တွင်ကပ်တွယ်နေသည့် ဆန့်တစ်စေ့ ဖြစ်လာကာ၊ အနီသည်ကား အမျိုးသားရင်ဘတ်ပေါ်က မှဲ့နီတစ်စက်ဖြစ်လာလိမ့်မည်သာ*

( အခု လာစမ်း၊ ကိုယ်က ညီ့အပေါ် မကောင်းမြင်နေတဲ့အတိုင်းပဲကွာ)

ချင်းချင်းက ဒီဇာတ်လမ်းကို အစဖော်တာကြားတော့၊ ရှန်လျှံရှိန်တစ်ယောက် အလွန်အမင်းပျော်ရွှင်မိသည်။ သူသည် သူတို့နှစ်ဦးသားဓာတ်ပုံကို အခါလွန်နေသော မင်္ဂလာဆောင်ကားချပ်အဖြစ်သဘောထားသဖြင့်၊ ချင်းချင်းကလည်း သူ့ကိုယ်သူ ဇနီးမယားတစ်ယောက်ကဲ့သို့ ပြုမူလုပ်ကိုင်နေသည်လေ။ ဒါဟာ ပြက်လုံးတစ်ပုဒ်ဖြစ်ရင်တောင်၊ ရှန်လျှံရှိန်အား ၀မ်းသာစိတ်များဖြင့် ပြည့်ဝစေပါ၏။ ဒါကို သူက မကောင်း ဘယ်မြင်မလဲ? သူဆန္ဒရှိသမျှက ပျော်ရွှင်မှုကိုပြသဖို့ရန်သာ။ သူတို့ဆံပင်တွေဖြူလာသည်အထိ၊ သေခြင်းခွဲသည်အထိ ချင်းချင်းနှင့်အတူရှိနေခွင့်ရခြင်းက ယခင်ဘ၀က ရှန်...ပြုကျင့်လာသည့် ကုသိုလ်တရားတို့ကြောင့် ဖြစ်မည်ဆိုတာ မှန်ကောင်းပါ၏။ အမြဲအတူရှိနေရသဖြင့် ချင်းချင်း၏ မျက်နှာပေါ်တွင် ပေါ်လာလတ္တံသော ရယ်ခြင်း ပြုံးခြင်းကောက်ကြောင်းတို့ကို ရှန်တစ်ယောက် ပွတ်သတ်နိုင်မည်လေ။

အခုလို ပျော်ရွှင်မှုကြောင့်၊ ချင်းချင်းအနား ပို၍နီးအောင် သူတိုးကပ်သွားလိုက်သည်။ ရောနှောမြဲ ရောနျှောနေသော လရောင်တို့၊ အချိန်တို့အကြား၊ ချင်းချင်း၏မျက်လုံးဘေးက အစက်ကလေးကို ရှန်နမ်းလိုက်ပြီး၊ ချိုမြိန်သော၊ ရင်ခုန်စေသော လေသံလေးဖြင့်ပြောသည်။

( မင်းလေးက ကိုယ့်ရဲ့မှဲ့နီလေးလည်းဖြစ်သလို ကိုယ့်ရဲ့လရောင်လေးဟာလည်း မင်းပါပဲ၊ ရှန်ကတော်လေးရယ်)

အိမ်ထောင်ရေးအကြောင်းရေးထားသည့် ထိုဝတ္ထုခေါင်းစီးက*နှင်းဆီနီ၊ နှင်းဆီဖြူ* ဆိုတာ ရှန်လျှံရှိန် မှတ်မိ၏။ သူမ၏အခန်းဆက်ဝတ္ထုကို သတင်းစာတစ်စောင်တွင် ဖော်ပြခဲ့ရာမှ ထိုစာရေးဆရာမသည် အကြီးအကျယ်ကျော်ကြားမှုဂုဏ်ကိုရရှိခဲ့သည်။ ထိုသို့သတင်းစာတွင် အခန်းဆက်ပါသော်လည်း ရှန်တို့နှစ်ယောက်မှာ များလှစွာသောအပိုင်းများကို စုဆောင်းပြီး ပေါင်းချုပ်ပြီးမှ သူမ.. စာများကို ဖတ်ဖူးခဲ့ခြင်းဖြစ်သည်။ စာပေါင်းချုပ်တွင် ပျော်ရွှင်စရာနှင့် ပြန်လည်ပေါင်းစည်းရေး နောက်ခံဇာတ်လမ်း နည်းနည်းသာပါပေမယ့်၊ ၀တ္ထုခေါင်းစီးနာမည်မှာ အထင်ကြီးလေးစားဖွယ်ကောင်းလှ၏။

ထိုအရာကို ဒဏ္ဍာရီဟုခေါ်လေသည်။

End of Chapter 25(Till Death Do Us Apart)

Till Death Do Us Apart (သေခြင်းခွဲသည့်တိုင်)حيث تعيش القصص. اكتشف الآن