အပိုင်း ၂၂ [ Unicode Version ]
" မင်းအရင်ပြန်နှင့်လေ Yixing "
ပါမောက္ခ Round လှည့်တဲ့နောက်ကို Note မှတ်ဖို့ လိုက်ပြီးတဲ့အချိန် ကျောင်းကိုအတူပြန်ဖို့ စောင့်နေရှာတဲ့ Yixing ခမျာ Baekhyun စကားကြောင့် အကြောင်သားလေး ဖြစ်သွားရရှာတယ် ။
" မင်းကရော ? "
" သြ - ခြေကျင်းဝတ်က ပြန်နာလာသလိုတွေ့လို့ စီနီယာ့ဆီ ခဏဝင်ပြမလို့ "
သိပ်အသက်မပါလှတဲ့ အပြုံးတစ်ခုကိုပြုံးပြရင်း ပြောတဲ့ Baekhyun က သိသိသာသာကို အားအင်မရှိတဲ့ပုံပေါ်နေတယ် ။ ဒီလိုပုံစံကို Yixing ဘယ်လို တစ်ယောက်တည်း ထားခဲ့ရမလဲ ။
" ဒါဆိုလည်း ဝင်ပြလေ ၊ ငါစောင့်နေမယ် "
" နေ့လည်စာ စားဖို့နောက်ကျနေပါဦးမယ်
ပြန်နှင့်လိုက် "Baekhyun ပုံစံက နည်းနည်း မသင်္ကာစရာကောင်းတယ် ။ တစ်မနက်လုံးလည်း အတွေးများသလို ဖြစ်နေတာကို Yixing သတိထားမိပါရဲ့ ။ ပါမောက္ခမေးတဲ့ မေးခွန်းတွေကိုတောင် အလွဲလွဲအချော်ချော်နဲ့ ။
" Baekhyun မင်းအဆင်ပြေရဲ့လား "
ကိုယ်တွေဘာတွေများ ပူနေသလားလို့ Yixing က နဖူးကို စမ်းလာတော့ Baekhyun သတိလေး ပိုကပ်သွားတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအကြောင်းကိုတော့ Yixing ကို အသိမခံနိုင်ဘူး ။
" တကယ်နေကောင်းပါတယ် ။
ပြီးရင် ငါစီနီယာ့ကို ကျောင်းအထိလိုက်ပို့ခိုင်းလိုက်မယ် ။
မင်းစိုးရိမ်မနေပဲ ပြန်နှင့် "တစ်ယောက်တည်းထားခဲ့ဖို့ စိတ်မချတဲ့ Yixing က စီနီယာ ဟျိုဆော့ ကိုလိုက်ပို့ခိုင်းမယ်ဆိုတော့ နည်းနည်းစိတ်လျှော့လိုက်ပုံပဲ ။ သက်ပြင်းတစ်ချက်ချလာပြီး Baekhyun ကို မှာတယ် ။
" တစ်ယောက်တည်း ပြန်မလာနဲ့နော် ။
သေချာပေါက် လိုက်ပို့ခိုင်း "" အင်းပါ "
" ဒါဆို ငါသွားပြီနော် "
" အင်း အင်း ၊ ဂရုစိုက်သွား "
နောက်ပြန်တစ်ခေါက်ပြန်လှည့်ကြည့်လို့ အထပ်ထပ်အခါခါ စစ်ဆေးပြီးမှ ကျောခိုင်းထွက်သွားတဲ့ Yixing မြင်ကွင်းရှေ့ကနေ ပျောက်သွားတော့မှ Baekhyun ပါးဖောင်းလို့ လေပူတွေ မှုတ်ထုတ်ပစ်လိုက်ရတယ် ။

BẠN ĐANG ĐỌC
This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]
Lãng mạnရုတ်ရင့်ကြမ်းတမ်းတဲ့ Mafia တစ်ယောက် အချစ်မှာ နစ်မြောသွားတဲ့အခါ ...( OC မဟုတ်ပါ OTP fiction ပါ ) Warning - Sexual contect alert ❗